ဗီရာယာရဲ့ ပေါ်တူဂီအတွေ့အကြုံ၊ ဘယ်လာရင်နဲ့ ပြန်လည်တွေ့ဆုံရတဲ့ ခံစားချက် အပါအဝင် စပို့တင်းပွဲကြို အင်တာဗျူးမှာ အာတီတာပြောခဲ့သမျှ admin

ဗီရာယာရဲ့ ပေါ်တူဂီအတွေ့အကြုံ၊ ဘယ်လာရင်နဲ့ ပြန်လည်တွေ့ဆုံရတဲ့ ခံစားချက် အပါအဝင် စပို့တင်းပွဲကြို အင်တာဗျူးမှာ အာတီတာပြောခဲ့သမျှ


လေယာဉ်ခရီးစဉ် အနည်းငယ်နှောင့်နှေးပြီးနောက် စပို့တင်းလစ္စဘွန်းရဲ့ ကွင်း Estadio Jose Alvaladeကို ရောက်ရှိလာခဲ့တဲ့ အာတီတာဟာ ကြာသပတေးနေ့ညမှာ ကစားမယ့် ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်အတွက် စပို့တင်းလစ္စဘွန်းနဲ့ ကစားရန် ထွက်ခွာလာသည့် ခရီးစဉ်မှာ ဂျေးဇု ပါဝင်လာသလားဆိုတာကို မှတ်ချက်ပေးဖို့ ငြင်းဆိုသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သတင်းထွက်နေတဲ့ အပေါ်၊ စမစ် ရိုး၊ အန်ကီးတီးယား၊ ထရော့စ်ဆာ့ဒ်တို့ ဒဏ်ရာအခြေအနေအပြင် ဖေဘီယို ဗီရာယာရဲ့ ပေါ်တူဂီလိဂ်အတွင်း အတွေ့အကြုံရှိမှုတွေအပေါ် မေးခဲ့တဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်း သတင်းနဲ့ ပတ်သတ်ပြီးနဲ့ ဂျေးဇုကို အစောတလျင် အသုံးပြုမလားဆိုတဲ့အပေါ်
မနက်ဖြန်မှာ အသင်းရဲ့ လူစာရင်းနဲ့ ပတ်သတ်တဲ့ သတင်းကို ထုတ်ပြန်ပါ့မယ်။ ကျွန်တော်တို့ ကစားသမားအနည်းငယ်ကို ခေါ်ဆောင်လာခဲ့ပြီး ဘယ်သူတွေ ပါဝင်သလဲ ကစားဖြစ်မလဲဆိုတာကို မနက်ဖြန်မှာ သိကြရမှာပါ။ ကျွန်တော်တို့ ဂျေးဇုကို အလောတကြီး အသုံးပြုသွားဦးမှာမဟုတ်ပါဘူး။ သူ့အနေနဲ့ ဘယ်အချိန်မှာ ကစားဖို့ သက်တောင့်သက်သာ အဆင်ပြေမလဲနဲ့ ကျွန်တော်တို့ ဘယ်အချိန်မှာ စပြီး ကစားစေချင်လဲဆိုတဲ့ကြားမှာ ချင့်ချိန်ပြီးမှ ဆုံးဖြတ်ချက်ချသွားမှာဖြစ်သလို လာမယ့် ရက်သတ္တပတ်အနည်းငယ် ပွဲတွေမှာ အသင်းအတွက် သူ့ကို လိုအပ်လာမှာဖြစ်တဲ့ အတွက် လိုအပ်သမျှ ပံ့ပိုးပေးသွားမှာပါ” ဟု ပြောခဲ့ပါတယ်။

ဖေဘီယို ဗီရာယာနဲ့ စမစ်ရိုးတို့နဲ့ ပတ်သတ်ပြီး
ဖေဘီယိုက အဆင်ပြေပါတယ်။ စမစ်ရိုးလည်း နေကောင်းပါတယ်။ ပြီးခဲ့တဲ့အပတ်က ကောင်းကောင်းလေ့ကျင့်ခဲ့ပြီး ဘုန်းမောက်ကို အနိုင်ရရှိတဲ့ ပွဲမှာ ဝင်ကစားခဲ့ရလို့ သူအရမ်းပျော်ရွှင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သတင်းထွက်နေတဲ့အပေါ်
ဘောလုံးအသင်းတစ်သင်းမန်နေဂျာတွေနဲ့ ကစားသမားတွေဟာ သတင်းမီဒီယာတွေမှာ ရေးထားတာတွေကို ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောနိုင်တာကတော့ အာဆင်နယ်အသင်းမှာ ကျွန်တော် လုပ်ဆောင်နေတဲ့အရာတွေအားလုံးအတွက် အာရုံစိုက်ထားပါတယ်။ ကျွန်တော် ဒီအသင်းမှာ ရှိနေရတာ ဂုဏ်ယူမိပြီး အရမ်းပျော်တယ်။ ကျွန်တော်ကို ခုလိုလုပ်ကိုင်ခွင့်ပေးလို့လည်း ကျေးဇူးလည်း တင်ပါတယ်။

ဟက်တာ ဘယ်လာရင်နဲ့ ပြန်တွေ့ဆုံမယ့်အပေါ်
ကျွန်တော်ကတော့ လူတစ်ယောက်အနေနဲ့ကော ကစားသမားတစ်ယောက်အနေနဲ့ကို သူ့ကို လုံးဝချစ်ပါတယ်။ သူဟာ ကျွန်တော်တို့ အသင်းတွက် တကယ်ကို အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ဘောလုံးကစားသမားဘဝက လွဲပြီး (အာဆင်နယ်အသင်း ကစားသမားမဖြစ်တော့တာက လွဲပြီး) ကျွန်တော်တို့အသင်းမှာ သူ့နာမည်ကို အမှတ်ရစရာတွေနဲ့အတူ ချန်ထားခဲ့သူပါ။ မနက်ဖြန်မှာ ဘယ်လာရင်ကို တွေ့ရမှာ အရမ်းကောင်းပါတယ်။ ပြီးတော့ ကျွန်တော့် ကစားသမားတွေနဲ့ ဝန်ထမ်းတွေလည်း သူ့နဲ့ ပြန်တွေ့ကြရင် ပျော်ရွှင်နေကြမယ်ဆိုတာ ကျွန်တော် တပ်အပ်ပြောရဲပါတယ်။

အန်ကီးတီးယားနဲ့ ထရော့စ်ဆာ့ဒ်တို့ လာမယ့် တနင်္ဂနွေနေ့မှာ ပြန်ကစားနိုင်မလား
သူတို့ ဒဏ်ရာအခြေအနေ တိုးတက်ပြောင်းလဲလာတာကို စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကစားသမားတချို့ ဒဏ်ရာရခဲ့တဲ့ ပြဿနာလေးတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ လူတိုင်းကို အဆင်ပြေလာအောင် ကြိုးပမ်းပေးနေပြီး မနက်ဖြန်တွေမှာ ပိုကောင်းလာပြီး ကစားနိုင်ဖို့ လူတိုင်းအတွက် ကြိုးစားပေးနေပါတယ်။

စပို့တင်းအသင်းနဲ့ ပတ်သတ်တဲ့အကြောင်း ဖေဘီယို ဗီရာယာ သိနေတဲ့အပေါ်
တခြားနိုင်ငံတခုက အသင်းတစ်သင်းရဲ့ မန်နေဂျာ၊ နိုင်ငံအသင်းဖော်တွေနဲ့ အသင်းအကြောင်းကို သိနေ၊ နားလည်နေတဲ့ ကစားသမားတစ်ယောက် ကိုယ့်အသင်းမှာရှိတာ အရမ်းကောင်းပြီး ဒါက အရင်ဆုံး ကျွန်တော်တို့ မေးမြန်းဆွေးနွေးခြင်းတွေ ပြုလုပ်ရမယ့်အရာဆိုတာ အသေအချာပဲလေ။ ဒါက ကစားမယ့်ပွဲအတွက် အမြဲတမ်း အသုံးဝင်ပြီး သူလည်း တော်တော်များများ ပြောပြပါတယ်။

လိဂ်အသင်းနဲ့ ဖလားပြိုင်ပွဲအသင်း စသဖြင့် မခွဲခြားထားခြင်းအပေါ်
ဟုတ်ပါတယ်။ အဲလိုတော့ မခွဲခြားထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အသင်းတစ်သင်းတည်းရှိပြီး အနိုင်ရဖို့အတွက် အကောင်းဆုံးကစားသမားတွေကို ပွဲထွက်ကစားစေရမှာမလို့ပါ။ အခုတော့ ကျွန်တော်တို့ ( ယခုယူရိုပါလိဂ်ပြိုင်ပွဲတွင်) အပြောင်းအလဲ ရှစ်ခုလောက်ပြုလုပ်ထားပြီး ဖြစ်တာကြောင့် လိုက်လျောညီထွေ အသားကျဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ကစားသမားတွေက ကစားနိုင်တယ်၊ မကစားနိုင်ဘူးဆိုတဲ့ အချိန်တွေလည်းရှိပြီး နောက်နေ့တွေမှာလည်း အခုလို အလားတူကြုံတွေ့ရဦးမှာပါ။ သေချာတာကတော့ ပွဲတပွဲကို အနိုင်ရရှိဖို့ အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ့် အသင်းကို ပွဲထွက်ကစားစေပြီး အတူတကွ ကြိုးစားသွားမှာပါ။

#AM
PHOTOS CREDIT

ZAWGYI:


ေလယာဥ္ခရီးစဥ္ အနည္းငယ္ေႏွာင့္ေႏွးၿပီးေနာက္ စပို႔တင္းလစၥဘြန္းရဲ႕ ကြင္း Estadio Jose Alvaladeကို ေရာက္ရွိလာခဲ့တဲ့ အာတီတာဟာ ၾကာသပေတးေန႔ညမွာ ကစားမယ့္ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္ပြဲစဥ္အတြက္ စပို႔တင္းလစၥဘြန္းနဲ႔ ကစားရန္ ထြက္ခြာလာသည့္ ခရီးစဥ္မွာ ေဂ်းဇု ပါဝင္လာသလားဆိုတာကို မွတ္ခ်က္ေပးဖို႔ ျငင္းဆိုသြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သတင္းထြက္ေနတဲ့ အေပၚ၊ စမစ္ ႐ိုး၊ အန္ကီးတီးယား၊ ထေရာ့စ္ဆာ့ဒ္တို႔ ဒဏ္ရာအေျခအေနအျပင္ ေဖဘီယို ဗီရာယာရဲ႕ ေပၚတူဂီလိဂ္အတြင္း အေတြ႕အႀကဳံရွိမႈေတြအေပၚ ေမးခဲ့တဲ့ ေမးခြန္းမ်ားကို ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

အာဆင္နယ္အသင္း သတင္းနဲ႔ ပတ္သတ္ၿပီးနဲ႔ ေဂ်းဇုကို အေစာတလ်င္ အသုံးျပဳမလားဆိုတဲ့အေပၚ
မနက္ျဖန္မွာ အသင္းရဲ႕ လူစာရင္းနဲ႔ ပတ္သတ္တဲ့ သတင္းကို ထုတ္ျပန္ပါ့မယ္။ ကြၽန္ေတာ္တို႔ ကစားသမားအနည္းငယ္ကို ေခၚေဆာင္လာခဲ့ၿပီး ဘယ္သူေတြ ပါဝင္သလဲ ကစားျဖစ္မလဲဆိုတာကို မနက္ျဖန္မွာ သိၾကရမွာပါ။ ကြၽန္ေတာ္တို႔ ေဂ်းဇုကို အေလာတႀကီး အသုံးျပဳသြားဦးမွာမဟုတ္ပါဘူး။ သူ႔အေနနဲ႔ ဘယ္အခ်ိန္မွာ ကစားဖို႔ သက္ေတာင့္သက္သာ အဆင္ေျပမလဲနဲ႔ ကြၽန္ေတာ္တို႔ ဘယ္အခ်ိန္မွာ စၿပီး ကစားေစခ်င္လဲဆိုတဲ့ၾကားမွာ ခ်င့္ခ်ိန္ၿပီးမွ ဆုံးျဖတ္ခ်က္ခ်သြားမွာျဖစ္သလို လာမယ့္ ရက္သတၱပတ္အနည္းငယ္ ပြဲေတြမွာ အသင္းအတြက္ သူ႔ကို လိုအပ္လာမွာျဖစ္တဲ့ အတြက္ လိုအပ္သမွ် ပံ့ပိုးေပးသြားမွာပါ” ဟု ေျပာခဲ့ပါတယ္။

ေဖဘီယို ဗီရာယာနဲ႔ စမစ္႐ိုးတို႔နဲ႔ ပတ္သတ္ၿပီး
ေဖဘီယိုက အဆင္ေျပပါတယ္။ စမစ္႐ိုးလည္း ေနေကာင္းပါတယ္။ ၿပီးခဲ့တဲ့အပတ္က ေကာင္းေကာင္းေလ့က်င့္ခဲ့ၿပီး ဘုန္းေမာက္ကို အႏိုင္ရရွိတဲ့ ပြဲမွာ ဝင္ကစားခဲ့ရလို႔ သူအရမ္းေပ်ာ္႐ႊင္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သတင္းထြက္ေနတဲ့အေပၚ
ေဘာလုံးအသင္းတစ္သင္းမန္ေနဂ်ာေတြနဲ႔ ကစားသမားေတြဟာ သတင္းမီဒီယာေတြမွာ ေရးထားတာေတြကို ထိန္းခ်ဳပ္လို႔မရပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာႏိုင္တာကေတာ့ အာဆင္နယ္အသင္းမွာ ကြၽန္ေတာ္ လုပ္ေဆာင္ေနတဲ့အရာေတြအားလုံးအတြက္ အာ႐ုံစိုက္ထားပါတယ္။ ကြၽန္ေတာ္ ဒီအသင္းမွာ ရွိေနရတာ ဂုဏ္ယူမိၿပီး အရမ္းေပ်ာ္တယ္။ ကြၽန္ေတာ္ကို ခုလိုလုပ္ကိုင္ခြင့္ေပးလို႔လည္း ေက်းဇူးလည္း တင္ပါတယ္။

ဟက္တာ ဘယ္လာရင္နဲ႔ ျပန္ေတြ႕ဆုံမယ့္အေပၚ
ကြၽန္ေတာ္ကေတာ့ လူတစ္ေယာက္အေနနဲ႔ေကာ ကစားသမားတစ္ေယာက္အေနနဲ႔ကို သူ႔ကို လုံးဝခ်စ္ပါတယ္။ သူဟာ ကြၽန္ေတာ္တို႔ အသင္းတြက္ တကယ္ကို အေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး ေဘာလုံးကစားသမားဘဝက လြဲၿပီး (အာဆင္နယ္အသင္း ကစားသမားမျဖစ္ေတာ့တာက လြဲၿပီး) ကြၽန္ေတာ္တို႔အသင္းမွာ သူ႔နာမည္ကို အမွတ္ရစရာေတြနဲ႔အတူ ခ်န္ထားခဲ့သူပါ။ မနက္ျဖန္မွာ ဘယ္လာရင္ကို ေတြ႕ရမွာ အရမ္းေကာင္းပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြလည္း သူ႔နဲ႔ ျပန္ေတြ႕ၾကရင္ ေပ်ာ္႐ႊင္ေနၾကမယ္ဆိုတာ ကြၽန္ေတာ္ တပ္အပ္ေျပာရဲပါတယ္။

အန္ကီးတီးယားနဲ႔ ထေရာ့စ္ဆာ့ဒ္တို႔ လာမယ့္ တနဂၤေႏြေန႔မွာ ျပန္ကစားႏိုင္မလား
သူတို႔ ဒဏ္ရာအေျခအေန တိုးတက္ေျပာင္းလဲလာတာကို ေစာင့္ၾကည့္ရဦးမွာပါ။ ကြၽန္ေတာ္တို႔မွာ ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္းမွာ ကစားသမားတခ်ိဳ႕ ဒဏ္ရာရခဲ့တဲ့ ျပႆနာေလးေတြ ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ လူတိုင္းကို အဆင္ေျပလာေအာင္ ႀကိဳးပမ္းေပးေနၿပီး မနက္ျဖန္ေတြမွာ ပိုေကာင္းလာၿပီး ကစားႏိုင္ဖို႔ လူတိုင္းအတြက္ ႀကိဳးစားေပးေနပါတယ္။

စပို႔တင္းအသင္းနဲ႔ ပတ္သတ္တဲ့အေၾကာင္း ေဖဘီယို ဗီရာယာ သိေနတဲ့အေပၚ
တျခားႏိုင္ငံတခုက အသင္းတစ္သင္းရဲ႕ မန္ေနဂ်ာ၊ ႏိုင္ငံအသင္းေဖာ္ေတြနဲ႔ အသင္းအေၾကာင္းကို သိေန၊ နားလည္ေနတဲ့ ကစားသမားတစ္ေယာက္ ကိုယ့္အသင္းမွာရွိတာ အရမ္းေကာင္းၿပီး ဒါက အရင္ဆုံး ကြၽန္ေတာ္တို႔ ေမးျမန္းေဆြးေႏြးျခင္းေတြ ျပဳလုပ္ရမယ့္အရာဆိုတာ အေသအခ်ာပဲေလ။ ဒါက ကစားမယ့္ပြဲအတြက္ အၿမဲတမ္း အသုံးဝင္ၿပီး သူလည္း ေတာ္ေတာ္မ်ားမ်ား ေျပာျပပါတယ္။။

လိဂ္အသင္းနဲ႔ ဖလားၿပိဳင္ပြဲအသင္း စသျဖင့္ မခြဲျခားထားျခင္းအေပၚ
ဟုတ္ပါတယ္။ အဲလိုေတာ့ မခြဲျခားထားပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ အသင္းတစ္သင္းတည္းရွိၿပီး အႏိုင္ရဖို႔အတြက္ အေကာင္းဆုံးကစားသမားေတြကို ပြဲထြက္ကစားေစရမွာမလို႔ပါ။ အခုေတာ့ ကြၽန္ေတာ္တို႔ ( ယခုယူ႐ိုပါလိဂ္ၿပိဳင္ပြဲတြင္) အေျပာင္းအလဲ ရွစ္ခုေလာက္ျပဳလုပ္ထားၿပီး ျဖစ္တာေၾကာင့္ လိုက္ေလ်ာညီေထြ အသားက်ဖို႔ ႀကိဳးစားေနပါတယ္။ ဒါ့အျပင္ ကစားသမားေတြက ကစားႏိုင္တယ္၊ မကစားႏိုင္ဘူးဆိုတဲ့ အခ်ိန္ေတြလည္းရွိၿပီး ေနာက္ေန႔ေတြမွာလည္း အခုလို အလားတူႀကဳံေတြ႕ရဦးမွာပါ။ ေသခ်ာတာကေတာ့ ပြဲတပြဲကို အႏိုင္ရရွိဖို႔ အေကာင္းဆုံးယွဥ္ၿပိဳင္ႏိုင္မယ့္ အသင္းကို ပြဲထြက္ကစားေစၿပီး အတူတကြ ႀကိဳးစားသြားမွာပါ။

#AM
PHOTOS CREDIT