ဂိုးတွေပိုလိုတယ်ဆိုပြီး အဓိကတိုက်စစ်မှူးကို ချန်လှပ်ဖို့ တောင်းဆိုခဲ့တဲ့ ဂန်းနားကြယ်ပွင့်ဟောင်း 1024 709 coyg

ဂိုးတွေပိုလိုတယ်ဆိုပြီး အဓိကတိုက်စစ်မှူးကို ချန်လှပ်ဖို့ တောင်းဆိုခဲ့တဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

အာဆင်နယ်နည်းပြ အာတီတာဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ်ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲစဉ်အတွက် ပုံမှန်ခြေစွမ်း ရရှိနေတဲ့ အက်ဒီ အန်ကီးတီးယားကို ချန်လှပ်ခဲ့ဖို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်ရဲ့ လာမယ့် တနင်္ဂနွေနေ့မှာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အာတီတာရဲ့ ဂန်းနားတွေဟာ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ဖို ရည်မှန်းနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ အန်ကီးတီးယားက ၃ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဂျေးဇုကတော့ တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားပေးရခြင်းမရှိသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အလွန် လိမ္မာကျွမ်းကျင်တဲ့ လှည့်ကွက်နဲ့ အဆုံးသတ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အန်တီးတီးယားဟာ ယခုရာသီ အာဆင်နယ်တိုက်စစ်မှာ သွင်းဂိုးတွေ သွင်းယူနေတာကြောင့် အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ခေါ်ယူခြင်းခံခဲ့ရပေမယ့်လည်း ဂန်းနားကြယ်ပွင့်ဟောင်း ကီဗင် ကမ်းဘဲလ်ကတော့ အယုံအကြည်ရှိပုံမပေါ်သေးတာဖြစ်ပါတယ်။

“ဂျေးဇုက ဒဏ်ရာရခဲ့ပြီး သူ ပြန်လာခဲ့တယ်။ သူက ကွဲပြားခြားနားမှုတွေ ပြုလုပ်ခဲ့တယ်။ အဲဗာတန်နဲ့ပွဲမှာ သူသာ ကြံ့ခိုင်မှုပြည့်ဝနေရင် သူ ပွဲထွက်ရမယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူက တိုက်စစ်မှာ ကျွန်တော်တို့အတွက် ကွဲပြားခြားနားမှုတွေအများကြီး လုပ်ပေးနိုင်လို့ပါ။ ကျွန်တော်တို့ သူ့ဆီက ဂိုးတွေ ပိုလိုတယ်။ ကျွန်တော်တို့ ဂါဘရီယဲလ် ဂျေးဇုဆီကနေ ဒီရာသီမှာ သွင်းဂိုး ၂၀ လောက်လိုအပ်တယ်။ ကျွန်တော်တို့ ဆာကာလည်း အကောင်းဆုံးပုံစံရနေဖို့လိုတယ်။ အော်ဒီဂွါဒ်နဲ့ မာတီနယ်လီတို့လည်း အကောင်းဆုံးပုံစံရနေဖို့လိုတယ်။ ကိုင် ဟာဗတ်ဇ်လည်း ပုံစံကောင်းအချို့ ရဖို့ လိုတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုဟာ ပြီးခဲ့တဲ့ရာသီမှာ ကာတာကမ္ဘာ့ဖလားက ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရတဲ့အတွက် သွင်းဂိုး ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိနေပြီဖြစ်တာကြောင့် မကြာမီအချိန်အတွင်း ဂန်းနားတွေရဲ့ အဓိကသွင်းဂိုးရှင်ဖြစ်လာတော့မှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ အဲဗာတန္နဲ႔ပြဲစဥ္အတြက္ ပုံမွန္ေျခစြမ္း ရရွိေနတဲ့ အက္ဒီ အန္ကီးတီးယားကို ခ်န္လွပ္ခဲ့ဖို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။

အာဆင္နယ္ရဲ႕ လာမယ့္ တနဂၤေႏြေန႔မွာ အဲဗာတန္အိမ္ကြင္း ဂြတ္ဒီဆင္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး အာတီတာရဲ႕ ဂန္းနားေတြဟာ ယခုရာသီ ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္လက္တိုးျမႇင့္ႏိုင္ဖို ရည္မွန္းေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲမွာ အန္ကီးတီးယားက ၃ ပြဲအထိ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ေဂ်းဇုကေတာ့ တစ္ပြဲမွ ပြဲထြက္ပါဝင္ကစားေပးရျခင္းမရွိေသးတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အလြန္ လိမၼာကြၽမ္းက်င္တဲ့ လွည့္ကြက္နဲ႔ အဆုံးသတ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အန္တီးတီးယားဟာ ယခုရာသီ အာဆင္နယ္တိုက္စစ္မွာ သြင္းဂိုးေတြ သြင္းယူေနတာေၾကာင့္ အဂၤလန္လက္ေ႐ြးစင္လူစာရင္းမွာ ေခၚယူျခင္းခံခဲ့ရေပမယ့္လည္း ဂန္းနားၾကယ္ပြင့္ေဟာင္း ကီဗင္ ကမ္းဘဲလ္ကေတာ့ အယုံအၾကည္ရွိပုံမေပၚေသးတာျဖစ္ပါတယ္။

“ေဂ်းဇုက ဒဏ္ရာရခဲ့ၿပီး သူ ျပန္လာခဲ့တယ္။ သူက ကြဲျပားျခားနားမႈေတြ ျပဳလုပ္ခဲ့တယ္။ အဲဗာတန္နဲ႔ပြဲမွာ သူသာ ႀကံ့ခိုင္မႈျပည့္ဝေနရင္ သူ ပြဲထြက္ရမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူက တိုက္စစ္မွာ ကြၽန္ေတာ္တို႔အတြက္ ကြဲျပားျခားနားမႈေတြအမ်ားႀကီး လုပ္ေပးႏိုင္လို႔ပါ။ ကြၽန္ေတာ္တို႔ သူ႔ဆီက ဂိုးေတြ ပိုလိုတယ္။ ကြၽန္ေတာ္တို႔ ဂါဘရီယဲလ္ ေဂ်းဇုဆီကေန ဒီရာသီမွာ သြင္းဂိုး ၂၀ ေလာက္လိုအပ္တယ္။ ကြၽန္ေတာ္တို႔ ဆာကာလည္း အေကာင္းဆုံးပုံစံရေနဖို႔လိုတယ္။ ေအာ္ဒီဂြါဒ္နဲ႔ မာတီနယ္လီတို႔လည္း အေကာင္းဆုံးပုံစံရေနဖို႔လိုတယ္။ ကိုင္ ဟာဗတ္ဇ္လည္း ပုံစံေကာင္းအခ်ိဳ႕ ရဖို႔ လိုတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇုဟာ ၿပီးခဲ့တဲ့ရာသီမွာ ကာတာကမာၻ႔ဖလားက ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္ အနားယူခဲ့ရတဲ့အတြက္ သြင္းဂိုး ၁၁ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ယခုရာသီမွာေတာ့ ႀကံ့ခိုင္မႈအျပည့္အဝ ျပန္လည္ရရွိေနၿပီျဖစ္တာေၾကာင့္ မၾကာမီအခ်ိန္အတြင္း ဂန္းနားေတြရဲ႕ အဓိကသြင္းဂိုးရွင္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet