အာတီတာရဲ့ ပြုပြင်ပြောင်းလဲမှုကို မီးမောင်းထိုးပြနေတဲ့ ပေါင် ၂၇ သန်းတန်ကြယ်ပွင့်ရဲ့ သဘောထား
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်မှာ အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီပြုပြင်ပြောင်းလဲမှုတွေကို နည်းပြ အာတီတာက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ အညှာအတာကင်းမဲ့တဲ့ လူစာရင်းထဲက အစုလိုက်အပြုံလိုက် ရှင်းထုတ်မှုတွေ တဖြည်းဖြည်းချင်းလုပ်ဆောင်ခဲ့ပြီး တိကျသေချာတဲ့ ကစားသမားခေါ်ယူမှုတွေက အာဆင်နယ်ရဲ့ နွေရာသီလုပ်ငန်းဟာ ပရမ်းပတာခေါ်ယူမှုမဟုတ်ဘူးဆိုတာ ထပ်မံပြသခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်၊ ကိုင် ဟာဗတ်ဇ်၊ တင်းဘား၊ ဒေးဗစ် ရာယာတို့အားလုံးကို အာဆင်နယ်က အရခေါ်ယူနိုင်ခဲ့ပြီး အဲဒီကစားသမားတွေဟာ တခြားအသင်းတွေဆီကနေ စိတ်ဝင်စားမှု ရရှိခဲ့ပေမယ့်လည်း ဂန်းနားမှ ဂန်းနားဆိုတဲ့ကစားသမားတွေဖြစ်ပါတယ်။
မန်စီးတီးက ဒီကလန် ရိုက်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ အခိုင်အမာ ရှိနေခဲ့ပြီး တင်းဘားကလည်း မန်ချက်စတာယူနိုက်တက်၊ ဟာဗတ်ဇ်နဲ့ ရာယာတို့ကိုလည်း ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က အားကောင်းတဲ့ စိတ်ဝင်စားမှုရှိခဲ့ကြတာဖြစ်ပါတယ်။
အဲဒါက အာတီတာရဲ့ ပစ်မှတ်တွေအပေါ် ရှင်းလင်းပြတ်သားတဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပြီး အာဆင်နယ်က လိုချင်နေတဲ့ကစားသမားတွေကို တခြားအသင်းတွေက စိတ်ဝင်စားနေရင် စျေးအပြိုင်မပေးဘဲ လာချင်လာ၊ မလာချင်နေဆိုတဲ့ မူဝါဒမျိုး ကျင့်သုံးခဲ့တာကြောင့် ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အပြောင်းအရွှေ့မှာ အထက်စီးကနေ ဆက်ဆံခံနေရပြီလို့ ခံစားရရင် အချိန်မဆိုင်းဘဲ ချက်ချင်း လှည့်ထွက်ခဲ့ကြောင်းကို မိုင်ခေလို မာဒရစ်ခ်ရဲ့ အပြောင်းအရွှေ့ကို ကြည့်ရင် သိနိုင်ပါတယ်။ အာဆင်နယ်ဟာ မာဒရစ်ခ်အစား အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာချင်နေတဲ့ ဘရိုက်တန်ကြယ်ပွင့် လီအန်ဒရို ထရော့ဆာ့ဒ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ အမ်းမရိတ်စ်မှာ တဟုန်ထိုး တိုးတက်လာခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ယခုရာသီမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေသူဖြစ်ပြီး ကွန်မြူနတီဒိုင်းလုပွဲမှာ ဂန်းနားတွေ ဗိုလ်စွဲစေမယ့် နောက်ကျ ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲကစားချိန် ၆၂ မိနစ်သာ ရရှိသေးတာဖြစ်ပါတယ်။
ထရော့ဆာ့ဒ်က ပွဲကစားချိန်တွေ ပိုမို ရရှိလာလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ပွဲကစားချိန် ကင်းမဲ့နေတာနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “လက်ရွေးစင်နည်းပြက အဲဒါ(အာဆင်နယ်က ပွဲကစားချိန်)နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရမလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်ကတော့ လုံလောက်တဲ့ပွဲကစားခွင့် ရရှိလိမ့်မယ်လို့ ယုံကြည်နေတုန်းပါပဲ။ ကျွန်တော်က ယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေမှာပါ။ ကျွန်တော်တို့ ၃ ရက်တိုင်းမှာ ပွဲရှိတယ်(အာဆင်နယ်မှာ)။ အဲဒီတော့ အချိန်တိုင်း တူညီတဲ့လူတွေနဲ့ ကစားရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အခွင့်အရေးရတဲ့အချိန်မှာ ကိုယ့်အစွမ်းကိုယ် ပြသဖို့က ကျွန်တော်နဲ့ပဲ ဆိုင်တယ်။ နည်းပြကလည်း အဲဒါကို ကျွန်တော့်ကို ပြောပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ထရော့ဆာ့ဒ်ရဲ့ တုံ့ပြန်မှုဟာ ပရော်ဖက်ရှင်နယ်ပီသတဲ့ အားကစားသမားတစ်ဦးရဲ့ တုံ့ပြန်မှုလို့ ယူဆရပေမယ့်လည်း ဘရိုက်တန်မှာတုန်းကတော့ အဲဒီလိုမဟုတ်ခဲ့ဘဲ ကာအိုရု မိတိုမာရဲ့နောက်မှာ ပွဲထွက်ကစားချိန်အတွက် ရုန်းကန်ခဲ့ရချိန်မှာ အသင်းကနေ ထွက်ခွာဖို့ လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ထရော့ဆာ့ဒ်နဲ့ နည်းပြ ရောဘတ်တို ဒီဇာဘီတို့ကြား ဆက်ဆံရေး အဆင်မပြေမှုကလည်း အာဆင်နယ်အတွက် အမြတ်ထွက်စရာဖြစ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၉ လတုန်းက ပွဲကစားခွင့်မရချိန်တုန်းက တုံ့ပြန်ခဲ့တဲ့ပုံစံအရ အမ်းမရိတ်စ်မှာလည်း အလားတူ မှတ်ချက်မျိုး ပေးမှာ စိုးရိမ်မှုတွေရှိခဲ့ပေမယ့်လည်း ယခုအပတ်မှာ ပြောဆိုခဲ့တဲ့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ စကားက လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့တာဟာ အာတီတာရဲ့ နည်းစနစ် ၂ ခုကြောင့်ပဲ ဖြစ်ပါတယ်။
ပထမတစ်ခုက သင်သာ စီမံကိန်းထဲမှာ အပြည့်အဝ ရင်းနှီးမမြှုပ်နှံထားဘူးဆိုရင် ကစားခွင့်ရမှာမဟုတ်တာဖြစ်ပြီး ဒုတိယတစ်ခုက အာတီတာနဲ့ အီဒူးတို့ဟာ အာဆင်နယ်မှ အာဆင်နယ်ပဲ ပြောင်းချင်တယ်လို့ ပြောတဲ့ ကစားသမားမျိုးကိုမှ ခေါ်ယူခဲ့မှုဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီအနည္းငယ္မွာ အံ့အားသင့္ဖြယ္ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ခဲ့ၿပီး အဲဒီျပဳျပင္ေျပာင္းလဲမႈေတြကို နည္းျပ အာတီတာက ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အညႇာအတာကင္းမဲ့တဲ့ လူစာရင္းထဲက အစုလိုက္အၿပဳံလိုက္ ရွင္းထုတ္မႈေတြ တျဖည္းျဖည္းခ်င္းလုပ္ေဆာင္ခဲ့ၿပီး တိက်ေသခ်ာတဲ့ ကစားသမားေခၚယူမႈေတြက အာဆင္နယ္ရဲ႕ ေႏြရာသီလုပ္ငန္းဟာ ပရမ္းပတာေခၚယူမႈမဟုတ္ဘူးဆိုတာ ထပ္မံျပသခဲ့တာျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္၊ ကိုင္ ဟာဗတ္ဇ္၊ တင္းဘား၊ ေဒးဗစ္ ရာယာတို႔အားလုံးကို အာဆင္နယ္က အရေခၚယူႏိုင္ခဲ့ၿပီး အဲဒီကစားသမားေတြဟာ တျခားအသင္းေတြဆီကေန စိတ္ဝင္စားမႈ ရရွိခဲ့ေပမယ့္လည္း ဂန္းနားမွ ဂန္းနားဆိုတဲ့ကစားသမားေတြျဖစ္ပါတယ္။
မန္စီးတီးက ဒီကလန္ ႐ိုက္ကို ေခၚယူမယ့္ၿပိဳင္ပြဲထဲမွာ အခိုင္အမာ ရွိေနခဲ့ၿပီး တင္းဘားကလည္း မန္ခ်က္စတာယူႏိုက္တက္၊ ဟာဗတ္ဇ္နဲ႔ ရာယာတို႔ကိုလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က အားေကာင္းတဲ့ စိတ္ဝင္စားမႈရွိခဲ့ၾကတာျဖစ္ပါတယ္။
အဲဒါက အာတီတာရဲ႕ ပစ္မွတ္ေတြအေပၚ ရွင္းလင္းျပတ္သားတဲ့ ေတာင္းဆိုမႈေၾကာင့္ျဖစ္ၿပီး အာဆင္နယ္က လိုခ်င္ေနတဲ့ကစားသမားေတြကို တျခားအသင္းေတြက စိတ္ဝင္စားေနရင္ ေစ်းအၿပိဳင္မေပးဘဲ လာခ်င္လာ၊ မလာခ်င္ေနဆိုတဲ့ မူဝါဒမ်ိဳး က်င့္သုံးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ အေျပာင္းအေ႐ႊ႕မွာ အထက္စီးကေန ဆက္ဆံခံေနရၿပီလို႔ ခံစားရရင္ အခ်ိန္မဆိုင္းဘဲ ခ်က္ခ်င္း လွည့္ထြက္ခဲ့ေၾကာင္းကို မိုင္ေခလို မာဒရစ္ခ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို ၾကည့္ရင္ သိႏိုင္ပါတယ္။ အာဆင္နယ္ဟာ မာဒရစ္ခ္အစား အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာခ်င္ေနတဲ့ ဘ႐ိုက္တန္ၾကယ္ပြင့္ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကို ေခၚယူခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ အမ္းမရိတ္စ္မွာ တဟုန္ထိုး တိုးတက္လာခဲ့တာျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ယခုရာသီမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးေနသူျဖစ္ၿပီး ကြန္ျမဴနတီဒိုင္းလုပြဲမွာ ဂန္းနားေတြ ဗိုလ္စြဲေစမယ့္ ေနာက္က် ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ပြဲကစားခ်ိန္ ၆၂ မိနစ္သာ ရရွိေသးတာျဖစ္ပါတယ္။
ထေရာ့ဆာ့ဒ္က ပြဲကစားခ်ိန္ေတြ ပိုမို ရရွိလာလိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနၿပီး ပြဲကစားခ်ိန္ ကင္းမဲ့ေနတာနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “လက္ေ႐ြးစင္နည္းျပက အဲဒါ(အာဆင္နယ္က ပြဲကစားခ်ိန္)နဲ႔ပတ္သက္ၿပီး ဘယ္လို ခံစားရမလဲဆိုတာ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္ကေတာ့ လုံေလာက္တဲ့ပြဲကစားခြင့္ ရရွိလိမ့္မယ္လို႔ ယုံၾကည္ေနတုန္းပါပဲ။ ကြၽန္ေတာ္က ယူ႐ိုၿပိဳင္ပြဲအတြက္ အဆင္သင့္ျဖစ္ေနမွာပါ။ ကြၽန္ေတာ္တို႔ ၃ ရက္တိုင္းမွာ ပြဲရွိတယ္(အာဆင္နယ္မွာ)။ အဲဒီေတာ့ အခ်ိန္တိုင္း တူညီတဲ့လူေတြနဲ႔ ကစားရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ္ အခြင့္အေရးရတဲ့အခ်ိန္မွာ ကိုယ့္အစြမ္းကိုယ္ ျပသဖို႔က ကြၽန္ေတာ္နဲ႔ပဲ ဆိုင္တယ္။ နည္းျပကလည္း အဲဒါကို ကြၽန္ေတာ့္ကို ေျပာပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ထေရာ့ဆာ့ဒ္ရဲ႕ တုံ႔ျပန္မႈဟာ ပေရာ္ဖက္ရွင္နယ္ပီသတဲ့ အားကစားသမားတစ္ဦးရဲ႕ တုံ႔ျပန္မႈလို႔ ယူဆရေပမယ့္လည္း ဘ႐ိုက္တန္မွာတုန္းကေတာ့ အဲဒီလိုမဟုတ္ခဲ့ဘဲ ကာအို႐ု မိတိုမာရဲ႕ေနာက္မွာ ပြဲထြက္ကစားခ်ိန္အတြက္ ႐ုန္းကန္ခဲ့ရခ်ိန္မွာ အသင္းကေန ထြက္ခြာဖို႔ လ်င္လ်င္ျမန္ျမန္ပဲ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ထေရာ့ဆာ့ဒ္နဲ႔ နည္းျပ ေရာဘတ္တို ဒီဇာဘီတို႔ၾကား ဆက္ဆံေရး အဆင္မေျပမႈကလည္း အာဆင္နယ္အတြက္ အျမတ္ထြက္စရာျဖစ္ခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ ၉ လတုန္းက ပြဲကစားခြင့္မရခ်ိန္တုန္းက တုံ႔ျပန္ခဲ့တဲ့ပုံစံအရ အမ္းမရိတ္စ္မွာလည္း အလားတူ မွတ္ခ်က္မ်ိဳး ေပးမွာ စိုးရိမ္မႈေတြရွိခဲ့ေပမယ့္လည္း ယခုအပတ္မွာ ေျပာဆိုခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ စကားက လုံးဝဆန႔္က်င္ဘက္ျဖစ္ေနခဲ့တာဟာ အာတီတာရဲ႕ နည္းစနစ္ ၂ ခုေၾကာင့္ပဲ ျဖစ္ပါတယ္။
ပထမတစ္ခုက သင္သာ စီမံကိန္းထဲမွာ အျပည့္အဝ ရင္းႏွီးမျမႇဳပ္ႏွံထားဘူးဆိုရင္ ကစားခြင့္ရမွာမဟုတ္တာျဖစ္ၿပီး ဒုတိယတစ္ခုက အာတီတာနဲ႔ အီဒူးတို႔ဟာ အာဆင္နယ္မွ အာဆင္နယ္ပဲ ေျပာင္းခ်င္တယ္လို႔ ေျပာတဲ့ ကစားသမားမ်ိဳးကိုမွ ေခၚယူခဲ့မႈျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet