မန်ယူနိုက်တက်နဲ့မရင်ဆိုင်ခင် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ရိုးရိုးသားသားဖွင့်ဟခဲ့တဲ့ ဆာလီဘာ 1024 687 coyg

မန်ယူနိုက်တက်နဲ့မရင်ဆိုင်ခင် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ရိုးရိုးသားသားဖွင့်ဟခဲ့တဲ့ ဆာလီဘာ

အာဆင်နယ်နောက်ခံလူ ဝီလီယံ ဆာလီဘာက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကို ချီးကျူး ပြောဆိုခဲ့ပေမယ့်လည်း မန်စီးတီးကြယ်ပွင့် အာလင်း ဟာလန်းက ရက်ရှ်ဖို့ဒ်ထက် ပိုပြီး ရင်ဆိုင်ရခက်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာလင်း ဟာလန်း၊ ရက်ရှ်ဖို့ဒ်နဲ့ နယူးကာဆယ် တိုက်စစ်မှူး အီဆက်ခ်တို့ကို အဆင့်သတ်မှတ်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဆာလီဘာက “ကျွန်တော်ကတော့ ဟာလန်းလို့ပဲ ပြောရမှာဖြစ်ပါလိမ့်မယ်။ ပြီးရင်တော့ ရက်ရှ်ဖို့ဒ်က ဒုတိယပါ။ ပြီးရင်တော့ အီဆက်ခ်ပါ။ ကျွန်တော် သူနဲ့ တစ်ခါမှ မရင်ဆိုင်ခဲ့ရဖူးပေမယ့် သူကစားတာလည်း အရမ်းကောင်းတယ်ဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နောက်ခံလူဟာ .ယနေ့ညနေမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲရစ် တန်ဟက်ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ဆာလီဘာက “ရက်ရှ်ဖို့ဒ်က အရမ်းကောင်းတယ်။ နည်းစနစ်ပိုင်း၊ မြန်နှုန်းအရမ်းကောင်းတယ်။ သူက ရင်ဆိုင်ကစားဖို့ ခက်ခဲတဲ့ကစားသမားပါ။ ကျွန်တော့်အတွက်ကတော့ သူ ဘယ်တောင်ပံမှာ ကစားရင် ပိုကောင်းတယ်။ အဲဒီတော့ သူနဲ့ ရင်ဆိုင်ဖို့က ဘန်ဝှိုက်အတွက်ပဲ ဖြစ်နေပြီး ကျွန်တော်နဲ့မဟုတ်သလိုမျိုးပါပဲ။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ဆိုရင်လည်း သူက အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက လျင်မြန်ပြီး အရမ်းကောင်းတဲ့ပြေးဝင်မှုအချို့ကို ပြုလုပ်နိုင်လို့ပါ။ အဲဒီတော့ သူနဲ့ ရင်ဆိုင်ကစားရမှာက ခက်ခဲမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ေနာက္ခံလူ ဝီလီယံ ဆာလီဘာက မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးကို ခ်ီးက်ဴး ေျပာဆိုခဲ့ေပမယ့္လည္း မန္စီးတီးၾကယ္ပြင့္ အာလင္း ဟာလန္းက ရက္ရွ္ဖို႔ဒ္ထက္ ပိုၿပီး ရင္ဆိုင္ရခက္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာလင္း ဟာလန္း၊ ရက္ရွ္ဖို႔ဒ္နဲ႔ နယူးကာဆယ္ တိုက္စစ္မႉး အီဆက္ခ္တို႔ကို အဆင့္သတ္မွတ္ဖို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဆာလီဘာက “ကြၽန္ေတာ္ကေတာ့ ဟာလန္းလို႔ပဲ ေျပာရမွာျဖစ္ပါလိမ့္မယ္။ ၿပီးရင္ေတာ့ ရက္ရွ္ဖို႔ဒ္က ဒုတိယပါ။ ၿပီးရင္ေတာ့ အီဆက္ခ္ပါ။ ကြၽန္ေတာ္ သူနဲ႔ တစ္ခါမွ မရင္ဆိုင္ခဲ့ရဖူးေပမယ့္ သူကစားတာလည္း အရမ္းေကာင္းတယ္ဆိုတာကို ကြၽန္ေတာ္ ျမင္ခဲ့တယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ေနာက္ခံလူဟာ .ယေန႔ညေနမွာ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး အဲရစ္ တန္ဟက္ရဲ႕ အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ အရည္အခ်င္းနဲ႔ပတ္သက္ၿပီး ဆာလီဘာက “ရက္ရွ္ဖို႔ဒ္က အရမ္းေကာင္းတယ္။ နည္းစနစ္ပိုင္း၊ ျမန္ႏႈန္းအရမ္းေကာင္းတယ္။ သူက ရင္ဆိုင္ကစားဖို႔ ခက္ခဲတဲ့ကစားသမားပါ။ ကြၽန္ေတာ့္အတြက္ကေတာ့ သူ ဘယ္ေတာင္ပံမွာ ကစားရင္ ပိုေကာင္းတယ္။ အဲဒီေတာ့ သူနဲ႔ ရင္ဆိုင္ဖို႔က ဘန္ဝႈိက္အတြက္ပဲ ျဖစ္ေနၿပီး ကြၽန္ေတာ္နဲ႔မဟုတ္သလိုမ်ိဳးပါပဲ။ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ဆိုရင္လည္း သူက အရမ္းေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက လ်င္ျမန္ၿပီး အရမ္းေကာင္းတဲ့ေျပးဝင္မႈအခ်ိဳ႕ကို ျပဳလုပ္ႏိုင္လို႔ပါ။ အဲဒီေတာ့ သူနဲ႔ ရင္ဆိုင္ကစားရမွာက ခက္ခဲမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet