အမှားတွေပြင်ပြီး အမ်းမရိတ်စ်မှာ သရဲနီတွေကို ကမ္မဝါညှပ်မယ့် ဆင်ပျံကြီး 1024 576 coyg

အမှားတွေပြင်ပြီး အမ်းမရိတ်စ်မှာ သရဲနီတွေကို ကမ္မဝါညှပ်မယ့် ဆင်ပျံကြီး

တနင်္ဂနွေနေ့မှာ အစဉ်အလာကြီးမားတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အမ်းမရိတ်စ်မှာ နောက်ထပ်တစ်ကြိမ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ၂၀၂၃-၂၀၂၄ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း အဖွင့် ၃ ပွဲမှာ ၂ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂန်းနားတွေက ဖူလ်ဟမ်နဲ့ ပြီးခဲ့တဲ့အပတ်မှာ သရေကျခဲ့သလို မန်ယူနိုက်တက်က စပါးစ်ကို ပွဲစဉ် ၂ မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ တစ်ပွဲစီ နိုင်ပွဲရရှိခဲ့ကြပြီး ယခုရာသီပွဲစဉ်ကတော့ အစောပိုင်းမှာ ရောက်ရှိလာတာကြောင့် တနင်္ဂနွေနေ့ပွဲရလဒ်ဟာ စက်တင်ဘာလ နိုင်ငံတကာအားလပ်ရက်မတိုင်ခင် အရေးကြီးလာမှာဖြစ်ပါတယ်။

နှစ်ဖက်အသင်းသတင်းများ

အာဆင်နယ်ဘက်မှာ တင်းဘား၊ အယ်လ်နန်နီတို့ ဆက်လက်လွဲချော်မှာဖြစ်ပြီး တိုမီယဆု ပွဲပယ်ပြစ်ဒဏ်ပြည့်သွားပြီဖြစ်တာကြောင့် ခံစစ်ပိုင်း ပြန်လည်အားကောင်းလာမှာဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ အန်ကီးတီးယားအတွက် စိုးရိမ်မှုတွေရှိနေပေမယ့်လည်း အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ဒဏ်ရာက မပြင်းထန်ဘဲ အရန်ခုံကနေ ပါဝင်ကစားပေးသွားနိုင်ဖွယ်ရှိပါတယ်။ နည်းပြအာတီတာအနေနဲ့ တနင်္ဂနွေနေ့မှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအများအပြား ပြုလုပ်ဖွယ်ရှိပြီး အဓိကကစားသမားတွေဖြစ်တဲ့ ဇင်ချန်ကို၊ ဂါဘရီယဲလ်တို့ကို ပွဲထွက်ခွင့်ပြန်ပေးသွားနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဘက်မှာတော့ ရာဖေးလ် ဗာရွမ်း ဒဏ်ရာရရှိသွားခဲ့တာကြောင့် လုခ် ရှော၊ မေဆန် မောင့်တို့နဲ့အတူ လွဲချော်တော့မှာဖြစ်ပြီး နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရာ့စ်မွတ် ဟော့ဂျ်လန်းက ဒီပွဲမှာ ပွဲထွက်ပါဝင်ကစားပေးသွားနိုင်ခြေရှိနေပါတယ်။ တန်ဟက်က စပါးစ်ကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ရက်ဂီလွန်က ပါဝင်ကစားပေးနိုင်တယ်လို့ အတည်ပြုခဲ့ပေမယ့်လည်း စပိန်နောက်ခံလူက မကြာသေးမီက ပွဲကစားထားတာမျိုးမရှိတာကြောင့် ဒါလော့တ်ပဲ ဘယ်နောက်ခံနေရာမှာ ဆက်လက်ပွဲထွက်လာနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ပါတေး၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ။
မန်ယူနိုက်တက်-အိုနာနာ၊ ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မာတီနက်ဇ်၊ ဒါလော့တ်၊ ကက်စမီရို၊ အဲရစ်ဆင်၊ ဖာနန်ဒက်စ်၊ အန်တိုနီ၊ ဟော့ဂျ်လန်း၊ ရက်ရှ်ဖို့ဒ်။

ပွဲကြိုသုံးသပ်ချက်

အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့်ပွဲစဉ်အတွက် ပေးဂိုးမရှိ ပွဲစဉ်ကို မျှော်လင့်လို့ မရနိုင်ဘဲ တန်ဟက်ရဲ့ အသင်းထက် သွင်းဂိုးတွေ ပိုမို သွင်းယူဖို့ကိုသာ အားထုတ်ရမှာဖြစ်ပါတယ်။ ပုံမှန်ခြေစွမ်းရနေတဲ့ အန်ကီးတီးယားနဲ့ ဂျေးဇု ပြန်လည်ပါဝင်လာမှုက ဂန်းနားတွေအတွက် သွင်းဂိုးတွေရဖို့ စိုးရိမ်မှုလျော့ကျစေမှာဖြစ်ပြီး အာတီတာရဲ့အသင်းအနေနဲ့ ပုံမှန်လုပ်နေကျအရာတွေကို လုပ်ဆောင်နိုင်မယ်ဆိုရင်ပဲ အမ်းမရိတ်စ်မှာ အနိုင် ၃ မှတ်နဲ့ အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။

ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၁ မန်ယူနိုက်တက်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ မန်ယူနိုက်တက်)
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၂ မန်ယူနိုက်တက်)

Arsenal Myanmar

Ref: Internet

ZAWGYI: တနဂၤေႏြေန႔မွာ အစဥ္အလာႀကီးမားတဲ့ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ အမ္းမရိတ္စ္မွာ ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ၂၀၂၃-၂၀၂၄ ရာသီကို အေကာင္းဆုံးစတင္ႏိုင္ခဲ့ျခင္းမရွိခဲ့ေပမယ့္လည္း အဖြင့္ ၃ ပြဲမွာ ၂ ပြဲအထိ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဂန္းနားေတြက ဖူလ္ဟမ္နဲ႔ ၿပီးခဲ့တဲ့အပတ္မွာ သေရက်ခဲ့သလို မန္ယူႏိုက္တက္က စပါးစ္ကို ပြဲစဥ္ ၂ မွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ တစ္ပြဲစီ ႏိုင္ပြဲရရွိခဲ့ၾကၿပီး ယခုရာသီပြဲစဥ္ကေတာ့ အေစာပိုင္းမွာ ေရာက္ရွိလာတာေၾကာင့္ တနဂၤေႏြေန႔ပြဲရလဒ္ဟာ စက္တင္ဘာလ ႏိုင္ငံတကာအားလပ္ရက္မတိုင္ခင္ အေရးႀကီးလာမွာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္းသတင္းမ်ား

အာဆင္နယ္ဘက္မွာ တင္းဘား၊ အယ္လ္နန္နီတို႔ ဆက္လက္လြဲေခ်ာ္မွာျဖစ္ၿပီး တိုမီယဆု ပြဲပယ္ျပစ္ဒဏ္ျပည့္သြားၿပီျဖစ္တာေၾကာင့္ ခံစစ္ပိုင္း ျပန္လည္အားေကာင္းလာမွာျဖစ္ပါတယ္။ ဖူလ္ဟမ္နဲ႔ပြဲမွာ ဒူးဒဏ္ရာရခဲ့တဲ့ အန္ကီးတီးယားအတြက္ စိုးရိမ္မႈေတြရွိေနေပမယ့္လည္း အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ဒဏ္ရာက မျပင္းထန္ဘဲ အရန္ခုံကေန ပါဝင္ကစားေပးသြားႏိုင္ဖြယ္ရွိပါတယ္။ နည္းျပအာတီတာအေနနဲ႔ တနဂၤေႏြေန႔မွာ ပြဲထြက္လူစာရင္းကို အေျပာင္းအလဲအမ်ားအျပား ျပဳလုပ္ဖြယ္ရွိၿပီး အဓိကကစားသမားေတြျဖစ္တဲ့ ဇင္ခ်န္ကို၊ ဂါဘရီယဲလ္တို႔ကို ပြဲထြက္ခြင့္ျပန္ေပးသြားႏိုင္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဘက္မွာေတာ့ ရာေဖးလ္ ဗာ႐ြမ္း ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ လုခ္ ေရွာ၊ ေမဆန္ ေမာင့္တို႔နဲ႔အတူ လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ရာ့စ္မြတ္ ေဟာ့ဂ်္လန္းက ဒီပြဲမွာ ပြဲထြက္ပါဝင္ကစားေပးသြားႏိုင္ေျခရွိေနပါတယ္။ တန္ဟက္က စပါးစ္ကေန အငွားနဲ႔ ေခၚယူခဲ့တဲ့ ရက္ဂီလြန္က ပါဝင္ကစားေပးႏိုင္တယ္လို႔ အတည္ျပဳခဲ့ေပမယ့္လည္း စပိန္ေနာက္ခံလူက မၾကာေသးမီက ပြဲကစားထားတာမ်ိဳးမရွိတာေၾကာင့္ ဒါေလာ့တ္ပဲ ဘယ္ေနာက္ခံေနရာမွာ ဆက္လက္ပြဲထြက္လာႏိုင္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ပြဲထြက္လူစာရင္း

အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ပါေတး၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ေဂ်းဇု၊ မာတီနယ္လီ။
မန္ယူႏိုက္တက္-အိုနာနာ၊ ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ မာတီနက္ဇ္၊ ဒါေလာ့တ္၊ ကက္စမီ႐ို၊ အဲရစ္ဆင္၊ ဖာနန္ဒက္စ္၊ အန္တိုနီ၊ ေဟာ့ဂ်္လန္း၊ ရက္ရွ္ဖို႔ဒ္။

ပြဲႀကိဳသုံးသပ္ခ်က္

အာဆင္နယ္ဟာ အမ္းမရိတ္စ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ ေပးဂိုးမရွိ ပြဲစဥ္ကို ေမွ်ာ္လင့္လို႔ မရႏိုင္ဘဲ တန္ဟက္ရဲ႕ အသင္းထက္ သြင္းဂိုးေတြ ပိုမို သြင္းယူဖို႔ကိုသာ အားထုတ္ရမွာျဖစ္ပါတယ္။ ပုံမွန္ေျခစြမ္းရေနတဲ့ အန္ကီးတီးယားနဲ႔ ေဂ်းဇု ျပန္လည္ပါဝင္လာမႈက ဂန္းနားေတြအတြက္ သြင္းဂိုးေတြရဖို႔ စိုးရိမ္မႈေလ်ာ့က်ေစမွာျဖစ္ၿပီး အာတီတာရဲ႕အသင္းအေနနဲ႔ ပုံမွန္လုပ္ေနက်အရာေတြကို လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ပဲ အမ္းမရိတ္စ္မွာ အႏိုင္ ၃ မွတ္နဲ႔ ေအာင္ပြဲခံႏိုင္မွာျဖစ္ပါတယ္။

ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၁ မန္ယူႏိုက္တက္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ မန္ယူႏိုက္တက္)
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၂ မန္ယူႏိုက္တက္)

Arsenal Myanmar

Ref: Internet