ဂျေးဇုရဲ့ ကြာသပတေးနေ့ ယူရိုပါလိဂ်နဲ့ပွဲစဉ်အတွက် ပါဝင်နိုင်ခြေကို ဆုံးဖြတ်သွားမယ့် အာတီတာနဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ဂျေးဇုရဲ့ ကြာသပတေးနေ့ ယူရိုပါလိဂ်နဲ့ပွဲစဉ်အတွက် ပါဝင်နိုင်ခြေကို ဆုံးဖြတ်သွားမယ့် အာတီတာနဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ ဂလေဆင် ဘရီမာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ဂျူဗင်တပ်အသင်းကို တိုမီယဆုကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လု့ိ Calciomercatoweb က ဖော်ပြခဲ့ပါတယ်။ တိုမီယဆုဟာ အမ်းမရိတ်စ်မှာ အပြုသဘောဆောင်တဲ့ ပထမရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် စိတ်ပျက်စရာရာသီကို ရင်ဆိုင်နေရတာဖြစ်ပြီး ဘန် ဝှိုက်ကြောင့် ပွဲထွက်ခွင့်နေရာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘရီမာကို ခေါ်ယူချင်နေပြီး ဂျူဗင်တပ်အသင်းကလည်း လာမယ့်ရာသီမတိုင်ခင် ငွေကြေးရရှိအောင် အဓိက ကစားသမားတွေထဲက တစ်ဦးကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ Calciomercatoweb က ဖော်ပြခဲ့တာဖြစ်ပြီး အိုးလေဒီတွေက ဘရာဇီးလ်ကြယ်ပွင့်အတွက် ပေါင် ၄၄.၅ သန်းလိုချင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အဲဒီပမာဏကို လျှော့ချဖို့အတွက် တိုမီယဆုကို အလိုက်ပေးပြီး ပြောင်းရွှေ့ကြေးကို လျှော့ချဖို့ ကြိုးပမ်းသွားနိုင်ပြီး ဂျူဗင်တပ်က တိုမီယဆုအပြင် ပေါင် ၂၆.၇ သန်းအောက်လျော့နည်းတဲ့ပမာဏနဲ့ဆို ဘရီမာကို ထွက်ခွာခွင့်ပြုဖို့ စဉ်းစားသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

-ရီးရဲလ်မက်ဒရစ်ဥက္ကနဲ့ နည်းပြ အန်ချယ်လော့တီတို့ကြား ပြဿနာက အချိန်အတိုင်းအတာတစ်ခုထိ ဆက်ဖြစ်နေတာကြောင့် လာလီဂါထိပ်သီးအသင်းကြီးဟာ အစားထိုးခန့်အပ်လို့ရမယ့် နည်းပြကို ရှာဖွေနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ အာဆင်နယ်နည်းပြ မီခဲလ် အာတီတာဟာ နည်းပြသစ်ဖြစ်လာနိုင်သူအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ တိုမက်စ် ဂွန်ဇာလက်ဇ်-မာတင်က ပြောကြားခဲ့ပါတယ်။ ရီးရဲလ်ဥက္ကဌ ပီးရက်ဇ်ဟာ အန်ချယ်လော့တီရဲ့ ဆုံးဖြတ်ချက်အချို့နဲ့ပတ်သက်ပြီး စိတ်မကျေမနပ်မှုကို ထုတ်ဖော်ပြသခဲ့ပြီး အီတလီလူမျိုးနည်းပြက အဆန်စီယိုနဲ့ ဆီဘယ်လော့စ်တို့လို ကစားသမားတွေကို အခွင့်အရေး လုံလုံလောက်လောက် မပေးခဲ့တာကို ပီးရက်ဇ်က မနှစ်သက်ခဲ့ဘူးလို့ သိရပါတယ်။ ပီးရက်ဇ်က ကွင်းလယ်က သက်ကြီးကစားသမားတွေဖြစ်တဲ့ တိုနီ ခရူးစ်နဲ့ မိုဒရစ်တို့အပေါ် အားထားနေရမှုကို လျှော့ချဖို့ အန်ချယ်လော့တီကို ပြောခဲ့ပေမယ့်လည်း အီတလီလူမျိုးနည်းပြကြီးက ၎င်းရဲ့ စီမံကိန်းမှာ ကွင်းလယ်ကြယ်ပွင့် ၂ ဦးကို အဓိကကျောထောက်နောက်ခံအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါအမှတ်ပေးဖလားပြိုင်ပွဲမှာလည်း ဘာစီလိုနာကို ၉ မှတ်အထိ ကွာဟနေပြီး ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်အဆင့်မှာလည်း နောက်ကနေ လိုက်ကစားနေရတာဖြစ်ပါတယ်။ အန်ချယ်လော့တီအနေနဲ့ ရလဒ်တွေကို ပြောင်းလဲနိုင်ခြင်းမရှိဘူးဆိုရင် အသင်းကနေ ထွက်ခွာရနိုင်ခြေတော်တော်လေးများနေပြီး ရီးရဲလ်မက်ဒရစ်ဟာ အမ်းမရိတ်စ်မှာ အောင်မြင်တဲ့စီမံကိန်းတစ်ခု ပုံဖော်နေတဲ့ အာတီတာကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

-အာဆင်နယ် ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေရင်း အားလပ်ချိန်တွေကို အကျိုးရှိရှိ အသုံးချတဲ့အနေနဲ့ ကားမောင်းသင်နေတဲ့ ဂါဘရီယဲလ် ဂျေးဇုနဲ့ ပက်ပင်းတွေ့ခဲ့ပြီးနောက် အားပါးတရ ရယ်မောခဲ့ပါတယ်။ ဂျော်ဂျင်ညိုက ၎င်းရဲ့အသင်းဖော်ကို ယာဉ်မောင်းသင်ကြားသူနဲ့အတူ မြင်တွေ့ခဲ့ရပြီးနောက် အင်စတာဂရမ် စတိုရီမှာ ဗီဒိယိုဖိုင်တစ်ခုကို မျှဝေခဲ့ရာမှာ အီတလီကွင်းလယ်လူက အပြာရောင်ကားတစ်စီးကို zoom ဆွဲရိုက်ခဲ့ပြီး ကားက ကင်မရာ မြင်ကွင်းထဲကို ရောက်ရှိလာပြီးနောက် မှန်ချခဲ့ချိန်မှာ ဂျေးဇုကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ နာပိုလီကြယ်ပွင့်ဟောင်းက အာဆင်နယ်အသင်းဖော် ဂျေးဇုကို ရယ်မောနေတဲ့ အီမိုဂျီအများအပြား Tag တွဲခဲ့ပြီး အားပါးတရ ရယ်မောပြီးနောက်မှာ ဂျော်ဂျင်ညိုက ‘မင်း ဘာလုပ်နေတာလဲ’လို့ ဘရာဇီးလ်တိုက်စစ်မှူးကို ဆက်တိုက် မေးမြန်းနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးက ‘ကားမောင်းသင်နေတာလေ’လို့ ပြန်ဖြေခဲ့ချိန်မှာ နောက်ထပ်တစ်ကြိမ် အားပါးတရ ရယ်မောခဲ့ပြန်တာဖြစ်ပြီး အဲဒီအချိန်မှာ မန်စီးတီးကြယ်ပွင့်ဟောင်းက နောက်တစ်ခါကျရင် ချဲလ်ဆီးကွင်းလယ်လူဟောင်းရဲ့ ကားနဲ့ ကားမောင်းသင်လို့ရမလားလို့ မေးမြန်းခဲ့ရမှာ ‘မဖြစ်နိုင်ဘူး ငါ့ကောင်။ ကံကောင်းပါစေ’လို့ ဂျော်ဂျင်ညိုက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာဟာ ဂါဘရီယဲလ် ဂျေးဇုအနေနဲ့ စပို့တင်း လစ္စဘွန်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးနိုင်မလားဆိုတာကို ယနေ့မှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပါတယ်။ စမစ် ရိုးက ပွဲထွက်ပါဝင်ကစားပေးသွားဖွယ်ရှိနေပေမယ့်လည်း အန်ကီးတီးယားနဲ့ ထရော့ဆာ့ဒ်တို့ ၂ ဦးစလုံးကတော့ လေ့ကျင့်ရေးမှာ မမြင်တွေ့ခဲ့ရတာကြောင့် ပါဝင်ကစားပေးနိုင်ခြေမရှိဖို့ များနေတယ်လို့ The Times ဂျာနယ်လစ် တွမ် အောလ်နပ်တ်က ပြောကြားခဲ့ပါတယ်။

-Goal ဂျာနယ်လစ် ချားလ်စ် ဝက်တ်စ်က ယနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ မမြင်တွေ့ခဲ့ရတဲ့ ကစားသမားအချို့အကြောင်းကို ဆွေးနွေးခဲ့ပြီး ထရော့ဆာ့ဒ်၊ အန်ကီးတီးယားတို့လို ကစားသမားတွေဟာ စပို့တင်းနဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ မပါဝင်ခဲ့ကြဘဲ နောက်ထပ် ပျောက်ဆုံးနေတဲ့ ကစားသမားကတော့ တီယာနီဖြစ်ပြီး နာမကျန်းဖြစ်မှုကြောင့် လေ့ကျင့်ရေးကို လွဲချော်ခဲ့တာဖြစ်တယ်လို့ ချားလ်စ် ဝက်တ်စ်က ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်အသင်းက ဂါဘရီယဲလ် ဂျေးဇုဟာ ကာလရှည် အနားယူခဲ့ရတဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် လုပ်ဆောင်နေပြီး သိပ်မကြာခင် ကာလအတွင်း ပြန်လည်ကစားပေးသွားမယ့်အကြောင်း သဲလွန်စပေးခဲ့ပါတယ်။ နည်းပြ အာတီတာက အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး လျင်လျင်မြန်မြန် ပြန်လာနိုင်အောင် တွန်းအားပေးနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူး ပြန်လည်ကစားပေးမယ်ဆိုရင် အာဆင်နယ်အတွက် ကြီးမားတဲ့ အားတက်စရာဖြစ်လာမှာ ဖြစ်ပါတယ်။ “သူက တကယ်ကောင်းကောင်း တိုးတက်လာနေပါတယ်။ သူ ကွင်းထဲမှာ ပိုပြီးတော့ လုပ်နေတယ်။ ဘာတုံ့ပြန်မှုမှမရှိဘူး(နာကျင်တာ)။ အဲဒီတော့ ဒါက တကယ်ကို အပြုသဘောဆောင်ပါတယ်။ ကျွန်တော်တို့ သူ့ကို တတ်နိုင်သမျှ မြန်မြန် ပြန်လိုချင်ပေမယ့် ဆရာဝန်တွေနဲ့ ကျွမ်းကျင်သူတွေ သတ်မှတ်ပေးထားတဲ့ အချိန်အတိုင်းအတာကို လေးစားရမှာပါ။ သူက အခုအချိန်မှာ အဲဒီအချိန်အတိုင်းအတာထက်စောပြီး ကစားပေးနိုင်အောင် တကယ်ကို တွန်းအားပေးလုပ်ဆောင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဂျေးဇုဟာ ကြာသပတေးနေ့ စပို့တင်းနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲမှာ ပြန်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေခဲ့ပြီး အာတီတာက ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ အသင်းနဲ့ လိုက်ပါနိုင်မလားဆိုတာကို ဆုံးဖြတ်သွားမယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ ဂန်းနားတွေဟာ ဘရာဇီးလ်တိုက်စစ်မှူး ကြာသပတေးနေ့မှာ ပါဝင်ပတ်သက်နိုင်ခြေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို သဲလွန်စပေးခဲ့ပြီးသား ဖြစ်နိုင်ပြီး တွစ်တာမှာ ဂျေးဇု အလေးမရုံထဲမှာ လေ့ကျင့်နေတဲပုံနဲ့အတူ ‘တစ်ဆင့်ချင်းတစ်ဆင့်’ဆိုတဲ့ စာသားကို ရေးသားပြီး တင်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

-အာဆင္နယ္အသင္းဟာ ဂေလဆင္ ဘရီမာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၿပီး ဂ်ဴဗင္တပ္အသင္းကို တိုမီယဆုကို အလိုက္ေပးၿပီး ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတယ္လု႔ိ Calciomercatoweb က ေဖာ္ျပခဲ့ပါတယ္။ တိုမီယဆုဟာ အမ္းမရိတ္စ္မွာ အျပဳသေဘာေဆာင္တဲ့ ပထမရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ စိတ္ပ်က္စရာရာသီကို ရင္ဆိုင္ေနရတာျဖစ္ၿပီး ဘန္ ဝႈိက္ေၾကာင့္ ပြဲထြက္ခြင့္ေနရာ ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဘရီမာကို ေခၚယူခ်င္ေနၿပီး ဂ်ဴဗင္တပ္အသင္းကလည္း လာမယ့္ရာသီမတိုင္ခင္ ေငြေၾကးရရွိေအာင္ အဓိက ကစားသမားေတြထဲက တစ္ဦးကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနတယ္လို႔ Calciomercatoweb က ေဖာ္ျပခဲ့တာျဖစ္ၿပီး အိုးေလဒီေတြက ဘရာဇီးလ္ၾကယ္ပြင့္အတြက္ ေပါင္ ၄၄.၅ သန္းလိုခ်င္ေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းဟာ အဲဒီပမာဏကို ေလွ်ာ့ခ်ဖို႔အတြက္ တိုမီယဆုကို အလိုက္ေပးၿပီး ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းသြားႏိုင္ၿပီး ဂ်ဴဗင္တပ္က တိုမီယဆုအျပင္ ေပါင္ ၂၆.၇ သန္းေအာက္ေလ်ာ့နည္းတဲ့ပမာဏနဲ႔ဆို ဘရီမာကို ထြက္ခြာခြင့္ျပဳဖို႔ စဥ္းစားသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

-ရီးရဲလ္မက္ဒရစ္ဥကၠနဲ႔ နည္းျပ အန္ခ်ယ္ေလာ့တီတို႔ၾကား ျပႆနာက အခ်ိန္အတိုင္းအတာတစ္ခုထိ ဆက္ျဖစ္ေနတာေၾကာင့္ လာလီဂါထိပ္သီးအသင္းႀကီးဟာ အစားထိုးခန႔္အပ္လို႔ရမယ့္ နည္းျပကို ရွာေဖြေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ လက္ရွိ အာဆင္နယ္နည္းျပ မီခဲလ္ အာတီတာဟာ နည္းျပသစ္ျဖစ္လာႏိုင္သူအျဖစ္ ေပၚထြက္လာခဲ့တယ္လို႔ တိုမက္စ္ ဂြန္ဇာလက္ဇ္-မာတင္က ေျပာၾကားခဲ့ပါတယ္။ ရီးရဲလ္ဥကၠဌ ပီးရက္ဇ္ဟာ အန္ခ်ယ္ေလာ့တီရဲ႕ ဆုံးျဖတ္ခ်က္အခ်ိဳ႕နဲ႔ပတ္သက္ၿပီး စိတ္မေက်မနပ္မႈကို ထုတ္ေဖာ္ျပသခဲ့ၿပီး အီတလီလူမ်ိဳးနည္းျပက အဆန္စီယိုနဲ႔ ဆီဘယ္ေလာ့စ္တို႔လို ကစားသမားေတြကို အခြင့္အေရး လုံလုံေလာက္ေလာက္ မေပးခဲ့တာကို ပီးရက္ဇ္က မႏွစ္သက္ခဲ့ဘူးလို႔ သိရပါတယ္။ ပီးရက္ဇ္က ကြင္းလယ္က သက္ႀကီးကစားသမားေတြျဖစ္တဲ့ တိုနီ ခ႐ူးစ္နဲ႔ မိုဒရစ္တို႔အေပၚ အားထားေနရမႈကို ေလွ်ာ့ခ်ဖို႔ အန္ခ်ယ္ေလာ့တီကို ေျပာခဲ့ေပမယ့္လည္း အီတလီလူမ်ိဳးနည္းျပႀကီးက ၎ရဲ႕ စီမံကိန္းမွာ ကြင္းလယ္ၾကယ္ပြင့္ ၂ ဦးကို အဓိကေက်ာေထာက္ေနာက္ခံအျဖစ္ ရႈျမင္ထားတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာလီဂါအမွတ္ေပးဖလားၿပိဳင္ပြဲမွာလည္း ဘာစီလိုနာကို ၉ မွတ္အထိ ကြာဟေနၿပီး ကိုပါဒယ္ေရးဖလားဆီမီးဖိုင္နယ္အဆင့္မွာလည္း ေနာက္ကေန လိုက္ကစားေနရတာျဖစ္ပါတယ္။ အန္ခ်ယ္ေလာ့တီအေနနဲ႔ ရလဒ္ေတြကို ေျပာင္းလဲႏိုင္ျခင္းမရွိဘူးဆိုရင္ အသင္းကေန ထြက္ခြာရႏိုင္ေျခေတာ္ေတာ္ေလးမ်ားေနၿပီး ရီးရဲလ္မက္ဒရစ္ဟာ အမ္းမရိတ္စ္မွာ ေအာင္ျမင္တဲ့စီမံကိန္းတစ္ခု ပုံေဖာ္ေနတဲ့ အာတီတာကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

-အာဆင္နယ္ ကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနရင္း အားလပ္ခ်ိန္ေတြကို အက်ိဳးရွိရွိ အသုံးခ်တဲ့အေနနဲ႔ ကားေမာင္းသင္ေနတဲ့ ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ ပက္ပင္းေတြ႕ခဲ့ၿပီးေနာက္ အားပါးတရ ရယ္ေမာခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ညိဳက ၎ရဲ႕အသင္းေဖာ္ကို ယာဥ္ေမာင္းသင္ၾကားသူနဲ႔အတူ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အင္စတာဂရမ္ စတိုရီမွာ ဗီဒိယိုဖိုင္တစ္ခုကို မွ်ေဝခဲ့ရာမွာ အီတလီကြင္းလယ္လူက အျပာေရာင္ကားတစ္စီးကို zoom ဆြဲ႐ိုက္ခဲ့ၿပီး ကားက ကင္မရာ ျမင္ကြင္းထဲကို ေရာက္ရွိလာၿပီးေနာက္ မွန္ခ်ခဲ့ခ်ိန္မွာ ေဂ်းဇုကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ နာပိုလီၾကယ္ပြင့္ေဟာင္းက အာဆင္နယ္အသင္းေဖာ္ ေဂ်းဇုကို ရယ္ေမာေနတဲ့ အီမိုဂ်ီအမ်ားအျပား Tag တြဲခဲ့ၿပီး အားပါးတရ ရယ္ေမာၿပီးေနာက္မွာ ေဂ်ာ္ဂ်င္ညိဳက ‘မင္း ဘာလုပ္ေနတာလဲ’လို႔ ဘရာဇီးလ္တိုက္စစ္မႉးကို ဆက္တိုက္ ေမးျမန္းေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ‘ကားေမာင္းသင္ေနတာေလ’လို႔ ျပန္ေျဖခဲ့ခ်ိန္မွာ ေနာက္ထပ္တစ္ႀကိမ္ အားပါးတရ ရယ္ေမာခဲ့ျပန္တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ မန္စီးတီးၾကယ္ပြင့္ေဟာင္းက ေနာက္တစ္ခါက်ရင္ ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းရဲ႕ ကားနဲ႔ ကားေမာင္းသင္လို႔ရမလားလို႔ ေမးျမန္းခဲ့ရမွာ ‘မျဖစ္ႏိုင္ဘူး ငါ့ေကာင္။ ကံေကာင္းပါေစ’လို႔ ေဂ်ာ္ဂ်င္ညိဳက တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္နည္းျပ အာတီတာဟာ ဂါဘရီယဲလ္ ေဂ်းဇုအေနနဲ႔ စပို႔တင္း လစၥဘြန္းနဲ႔ ကစားရမယ့္ ပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးႏိုင္မလားဆိုတာကို ယေန႔မွာ ဆုံးျဖတ္သြားမွာျဖစ္တယ္လို႔ ပါတယ္။ စမစ္ ႐ိုးက ပြဲထြက္ပါဝင္ကစားေပးသြားဖြယ္ရွိေနေပမယ့္လည္း အန္ကီးတီးယားနဲ႔ ထေရာ့ဆာ့ဒ္တို႔ ၂ ဦးစလုံးကေတာ့ ေလ့က်င့္ေရးမွာ မျမင္ေတြ႕ခဲ့ရတာေၾကာင့္ ပါဝင္ကစားေပးႏိုင္ေျခမရွိဖို႔ မ်ားေနတယ္လို႔ The Times ဂ်ာနယ္လစ္ တြမ္ ေအာလ္နပ္တ္က ေျပာၾကားခဲ့ပါတယ္။

-Goal ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝက္တ္စ္က ယေန႔ ေလ့က်င့္ေရးအစီအစဥ္မွာ မျမင္ေတြ႕ခဲ့ရတဲ့ ကစားသမားအခ်ိဳ႕အေၾကာင္းကို ေဆြးေႏြးခဲ့ၿပီး ထေရာ့ဆာ့ဒ္၊ အန္ကီးတီးယားတို႔လို ကစားသမားေတြဟာ စပို႔တင္းနဲ႔ပြဲမတိုင္ခင္ ေလ့က်င့္ေရးမွာ မပါဝင္ခဲ့ၾကဘဲ ေနာက္ထပ္ ေပ်ာက္ဆုံးေနတဲ့ ကစားသမားကေတာ့ တီယာနီျဖစ္ၿပီး နာမက်န္းျဖစ္မႈေၾကာင့္ ေလ့က်င့္ေရးကို လြဲေခ်ာ္ခဲ့တာျဖစ္တယ္လို႔ ခ်ားလ္စ္ ဝက္တ္စ္က ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္အသင္းက ဂါဘရီယဲလ္ ေဂ်းဇုဟာ ကာလရွည္ အနားယူခဲ့ရတဲ့ ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာေအာင္ လုပ္ေဆာင္ေနၿပီး သိပ္မၾကာခင္ ကာလအတြင္း ျပန္လည္ကစားေပးသြားမယ့္အေၾကာင္း သဲလြန္စေပးခဲ့ပါတယ္။ နည္းျပ အာတီတာက အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉး လ်င္လ်င္ျမန္ျမန္ ျပန္လာႏိုင္ေအာင္ တြန္းအားေပးေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉး ျပန္လည္ကစားေပးမယ္ဆိုရင္ အာဆင္နယ္အတြက္ ႀကီးမားတဲ့ အားတက္စရာျဖစ္လာမွာ ျဖစ္ပါတယ္။ “သူက တကယ္ေကာင္းေကာင္း တိုးတက္လာေနပါတယ္။ သူ ကြင္းထဲမွာ ပိုၿပီးေတာ့ လုပ္ေနတယ္။ ဘာတုံ႔ျပန္မႈမွမရွိဘူး(နာက်င္တာ)။ အဲဒီေတာ့ ဒါက တကယ္ကို အျပဳသေဘာေဆာင္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို တတ္ႏိုင္သမွ် ျမန္ျမန္ ျပန္လိုခ်င္ေပမယ့္ ဆရာဝန္ေတြနဲ႔ ကြၽမ္းက်င္သူေတြ သတ္မွတ္ေပးထားတဲ့ အခ်ိန္အတိုင္းအတာကို ေလးစားရမွာပါ။ သူက အခုအခ်ိန္မွာ အဲဒီအခ်ိန္အတိုင္းအတာထက္ေစာၿပီး ကစားေပးႏိုင္ေအာင္ တကယ္ကို တြန္းအားေပးလုပ္ေဆာင္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ေဂ်းဇုဟာ ၾကာသပေတးေန႔ စပို႔တင္းနဲ႔ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲမွာ ျပန္လာႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပေနခဲ့ၿပီး အာတီတာက ဘရာဇီးလ္တိုက္စစ္မႉးအေနနဲ႔ အသင္းနဲ႔ လိုက္ပါႏိုင္မလားဆိုတာကို ဆုံးျဖတ္သြားမယ္လို႔ The Times က ေဖာ္ျပခဲ့ပါတယ္။ ဂန္းနားေတြဟာ ဘရာဇီးလ္တိုက္စစ္မႉး ၾကာသပေတးေန႔မွာ ပါဝင္ပတ္သက္ႏိုင္ေျခနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ကို သဲလြန္စေပးခဲ့ၿပီးသား ျဖစ္ႏိုင္ၿပီး တြစ္တာမွာ ေဂ်းဇု အေလးမ႐ုံထဲမွာ ေလ့က်င့္ေနတဲပုံနဲ႔အတူ ‘တစ္ဆင့္ခ်င္းတစ္ဆင့္’ဆိုတဲ့ စာသားကို ေရးသားၿပီး တင္ခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet