ဂန်းနားတွေရဲ့စျေးကွက်နောက်ဆုံးနေ့အစီအစဉ်ကို ပြောပြလိုက်တဲ့ အီဒူး
အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက အသင်းရဲ့ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့ အစီအစဉ်ဟာ အာတီတာရဲ့ ပထမအသင်းကို ချုံ့ဖို့ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ပြီးခဲ့တဲ့ရာသီကထက် ပိုမိုကောင်းမွန်လာဖို့နဲ့ မန်စီးတီးကို ကျော်တက်နိုင်ဖို့ ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီကလန် ရိုက်၊ တင်းဘား၊ ဟာဗတ်ဇ်၊ ဒေးဗစ် ရာယာတို့ကို ခေါ်ယူခဲ့တာဖြစ်ပြီး အာတီတာက နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ယခုရာသီမှာ အရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နွေရာသီအဓိကကစားသမားခေါ်ယူမှုဖြစ်တဲ့ ယူရီယန် တင်းဘားဟာ ရာသီအဖွင့်ပွဲစဉ်မှာပဲ မတ်လအထိ အနားယူရမယ့် ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အာတီတာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ ငွေကြေးသုံးစွဲသွားဖွယ်မရှိဘဲ ယခုနွေရာသီမှာ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏကြောင့် ငွေပြန်ရှာသွားဖို့ပဲ များနေတာဖြစ်ပြီး အာဆင်နယ်က ပီအက်စ်ဗွီ၊ ဆီဗီလာ၊ လွန်းစ်တို့နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကျရောက်ခဲ့ပြီးနောက် အီဒူးက အသင်းရဲ့ စျေးကွက်နောက်ဆုံးနေ့အစီအစဉ်ကို ပြောပြခဲ့တာဖြစ်ပါတယ်။
“အားလုံးမြင်ခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ အပြောင်းအရွှေ့စျေးကွက်အစပိုင်းမှာ အရမ်း တက်ကြွလှုပ်ရှားဖို့ အားကောင်းတဲ့ မဟာဗျူဟာ ချမှတ်ခဲ့ပြီး ကျွန်တော်တို့ အဲဒီအတိုင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အခုတော့ ကျွန်တော်တို့ လူစာရင်းကို နည်းနည်းပိုကောင်းလာအောင် ဟန်ချက်ညီအောင် လုပ်ဖို့ ကြိုးပမ်းဖို့အတွက်ပဲ ပြောဆိုနေကြပါတယ်။ ကျွန်တော်တို့ အသင်းအနည်းငယ်နဲ့ စကားဆက်ပြောနေပေမယ့် အခုအချိန်အထိတော့ ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့စျေးကွက်နဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အသင်းမှာအလုပ်လုပ်နေတဲ့လူတွေအားလုံးကို ကျေးဇူးအများကြီးတင်တယ်လို့ ပြောရာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ကောင်းမွန်ပြီး စိတ်လှုပ်ရှားစရာရာသီက ရှေ့မှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
နူနို တာဗာရက်စ်ဟာ ယနေ့ည ၁၁ နာရီမတိုင်ခင် အမ်းမရိတ်စ်ကနေ ထွက်ခွာနိုင်ခြေအရှိဆုံးကစားသမားတွေထဲ့ တစ်ဦးဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်က ဂန်းနားနောက်ခံလူကို တစ်ရာသီအငှားနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ရော့ဘ် ဟိုးဒင်း၊ ဆီးဒရစ် ဆိုအာရက်စ်၊ လိုကွန်ဂါတို့အားလုံးရဲ့ အနာဂတ်ကလည်း ယနေ့မှာ အဖြေထွက်သွားမယ့်ပုံပေါ်ပြီး အာတီတာနဲ့ အီဒူးတို့ရဲ့ နွေရာသီက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္အားကစားဒါ႐ိုက္တာ အီဒူးက အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔ အစီအစဥ္ဟာ အာတီတာရဲ႕ ပထမအသင္းကို ခ်ဳံ႕ဖို႔ျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
ဂန္းနားေတြဟာ ယခုေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္သုံးစြဲၿပီး ၿပီးခဲ့တဲ့ရာသီကထက္ ပိုမိုေကာင္းမြန္လာဖို႔နဲ႔ မန္စီးတီးကို ေက်ာ္တက္ႏိုင္ဖို႔ ကစားသမားသစ္ေတြကို ေခၚယူခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဒီကလန္ ႐ိုက္၊ တင္းဘား၊ ဟာဗတ္ဇ္၊ ေဒးဗစ္ ရာယာတို႔ကို ေခၚယူခဲ့တာျဖစ္ၿပီး အာတီတာက ႏွစ္ေပါင္း ၂၀ ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို ယခုရာသီမွာ အရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေႏြရာသီအဓိကကစားသမားေခၚယူမႈျဖစ္တဲ့ ယူရီယန္ တင္းဘားဟာ ရာသီအဖြင့္ပြဲစဥ္မွာပဲ မတ္လအထိ အနားယူရမယ့္ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ၿပီး အာတီတာအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အေနနဲ႔အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာ ေငြေၾကးသုံးစြဲသြားဖြယ္မရွိဘဲ ယခုေႏြရာသီမွာ သုံးစြဲခဲ့တဲ့ ေငြေၾကးပမာဏေၾကာင့္ ေငြျပန္ရွာသြားဖို႔ပဲ မ်ားေနတာျဖစ္ၿပီး အာဆင္နယ္က ပီအက္စ္ဗြီ၊ ဆီဗီလာ၊ လြန္းစ္တို႔နဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ က်ေရာက္ခဲ့ၿပီးေနာက္ အီဒူးက အသင္းရဲ႕ ေစ်းကြက္ေနာက္ဆုံးေန႔အစီအစဥ္ကို ေျပာျပခဲ့တာျဖစ္ပါတယ္။
“အားလုံးျမင္ခဲ့တဲ့အတိုင္းပဲ ကြၽန္ေတာ္တို႔ အေျပာင္းအေ႐ႊ႕ေစ်းကြက္အစပိုင္းမွာ အရမ္း တက္ႂကြလႈပ္ရွားဖို႔ အားေကာင္းတဲ့ မဟာဗ်ဴဟာ ခ်မွတ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ အဲဒီအတိုင္း လုပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ အခုေတာ့ ကြၽန္ေတာ္တို႔ လူစာရင္းကို နည္းနည္းပိုေကာင္းလာေအာင္ ဟန္ခ်က္ညီေအာင္ လုပ္ဖို႔ ႀကိဳးပမ္းဖို႔အတြက္ပဲ ေျပာဆိုေနၾကပါတယ္။ ကြၽန္ေတာ္တို႔ အသင္းအနည္းငယ္နဲ႔ စကားဆက္ေျပာေနေပမယ့္ အခုအခ်ိန္အထိေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕ေစ်းကြက္နဲ႔ပတ္သက္ၿပီး တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ အသင္းမွာအလုပ္လုပ္ေနတဲ့လူေတြအားလုံးကို ေက်းဇူးအမ်ားႀကီးတင္တယ္လို႔ ေျပာရာမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အတြက္ ေကာင္းမြန္ၿပီး စိတ္လႈပ္ရွားစရာရာသီက ေရွ႕မွာ ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ႏူႏို တာဗာရက္စ္ဟာ ယေန႔ည ၁၁ နာရီမတိုင္ခင္ အမ္းမရိတ္စ္ကေန ထြက္ခြာႏိုင္ေျခအရွိဆုံးကစားသမားေတြထဲ့ တစ္ဦးျဖစ္ၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္က ဂန္းနားေနာက္ခံလူကို တစ္ရာသီအငွားနဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ေရာ့ဘ္ ဟိုးဒင္း၊ ဆီးဒရစ္ ဆိုအာရက္စ္၊ လိုကြန္ဂါတို႔အားလုံးရဲ႕ အနာဂတ္ကလည္း ယေန႔မွာ အေျဖထြက္သြားမယ့္ပုံေပၚၿပီး အာတီတာနဲ႔ အီဒူးတို႔ရဲ႕ ေႏြရာသီက ဘယ္လို အဆုံးသတ္သြားမလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News