အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို 1024 504 coyg

အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းဖော် သောမတ်စ် ပါတေးကို ပရီးမီးယားလိဂ်မှာ underrated အဖြစ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ယခုရာသီမှာ ညာနောက်ခံနေရာမှာ ကစားနေရတဲ့ ဂါနာကွင်းလယ်လူရဲ့ အကောင်းဆုံးနေရာကို ပြောပြခဲ့ပါတယ်။

ပါတေးဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ကွင်းလယ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

ယခုရာသီအစမှာ အံ့အားသင့်ဖွယ်အပြောင်းအလဲအဖြစ်နဲ့ အာတီတာဟာ ဒီကလန် ရိုက် ရောက်ရှိလာပြီးနောက်ပိုင်း သောမတ်စ် ပါတေးကို ညာနောက်ခံနေရာမှာ ကစားကွက်စမ်းသလိုနဲ့ ပုံမှန်ဆိုသလို အသုံးပြုဖို့ ရွေးချယ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဇင်ချန်ကိုက ပါတေးဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပြီး ဂန်းနားအသင်းဖော်ဟာ ကက်စမီရိုနဲ့ ရိုဒရီတို့ ၂ ဦးစလုံးရဲ့အထက်မှာ ရှိတယ်လို့ သတ်မှတ်ခဲ့ပြီးနောက် အာတီတာကို ဂါနာကွင်းလယ်လူရဲ့ နေရာမှန်ကို သွယ်ဝိုက်သတိပေးခဲ့တာဖြစ်ပါတယ်။

“underrated အဖြစ်ဆုံးကစားသမားဆိုရင် ပါတေးလို့ ကျွန်တော် ထင်တယ်။ ဒီမှာနားထောင်။ ကျွန်တော် မကောင်းမပြောချင်ပါဘူး။ ကက်စမီရိုကလည်း ကမ္ဘာ့အဆင့်ကစားသမားပါ။ ချန်ပီယံလိဂ် ၅ ကြိမ်အထိ ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တစ်ယောက်ပဲ ရွေးချယ်ရမယ်ဆိုရင် အဲဒါက ပါတေးပဲဖြစ်လိမ့်မယ်။ ကျွန်တော့်ခေါင်းထဲမှာ အငြင်းအခုံဖြစ်ခဲ့တယ်။ ကျွန်တော် တွဲကစားဖူးသမျှထဲမှာ ဘယ်သူက အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားလဲပေါ့။ ဖာနန်ဒင်ညို၊ ရိုဒရီ၊ ပါတေးတို့ ၃ ဦးကြားထဲမှာ ရွေးချယ်ခဲ့တယ်။ အဲဒါက ခက်ခဲတဲ့ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဖာနန်ဒင်ညို ရှက်တာဒိုးနတ်မှာ ကစားခဲ့တဲ့အချိန်တုန်းက စောင့်ကြည့်ခဲ့ပြီး သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်။ သူ့ကို အစ်ကိုတစ်ယောက်လိုမျိုး ချစ်ပါတယ်။ ဒါပေမယ့် သောမတ်စ်ပါတေးကိုပဲ ရွေးချယ်ခဲ့တယ်။ ဘာလို့လဲ ကျွန်တော် မသိဘူး”

ရီယို ဖာဒီနန်က ပါတေးက ရိုဒရီထက်ရော ကောင်းမွန်တဲ့ ကစားသမားလို့ ယုံကြည်လားလို့ ထပ်မံမေးမြန်းခဲ့ရာမှာ ဇင်ချန်ကိုက “ရီယိုရယ် ခင်ဗျား လေ့ကျင့်ရေးမှာ လာပြီး သူ့ကို ကျေးဇူးပြုပြီး ကြည့်လိုက်ပါ။ သူ့မှာ အရာအားလုံးရှိတယ်။ ရိုဒရီကလည်း စီးတီးရဲ့ ကစားကွက်ထဲမှာ ကောင်းကောင်းကို အံဝင်တဲ့သူပါ။ ခင်ဗျားသူ့ကို မန်စီးတီးလူစာရင်းထဲကနေ ထုတ်ထားလိုက်ရင် မန်စီးတီးက လုံးဝကို မတူညီတဲ့အသင်းဖြစ်သွားမှာ သေချာတယ်။ မေးခွန်းထုတ်စရာမရှိဘူး။ သူက အဓိကပါဝင်သူဖြစ်ပြီး အဲဒါက ကစားဖို့ အခက်ခဲဆုံးနေရာပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အိုလက္ဇန္းဒါး ဇင္ခ်န္ကိုဟာ အာဆင္နယ္အသင္းေဖာ္ ေသာမတ္စ္ ပါေတးကို ပရီးမီးယားလိဂ္မွာ underrated အျဖစ္ဆုံး ကစားသမားအျဖစ္ သတ္မွတ္ခဲ့ၿပီး ယခုရာသီမွာ ညာေနာက္ခံေနရာမွာ ကစားေနရတဲ့ ဂါနာကြင္းလယ္လူရဲ႕ အေကာင္းဆုံးေနရာကို ေျပာျပခဲ့ပါတယ္။

ပါေတးဟာ ၿပီးခဲ့တဲ့ရာသီ အာဆင္နယ္ကြင္းလယ္မွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး အာတီတာရဲ႕အသင္းက ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ မန္စီးတီးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒုတိယေနရာမွာ ရာသီၿပီးဆုံးခဲ့ရတာျဖစ္ပါတယ္။

ယခုရာသီအစမွာ အံ့အားသင့္ဖြယ္အေျပာင္းအလဲအျဖစ္နဲ႔ အာတီတာဟာ ဒီကလန္ ႐ိုက္ ေရာက္ရွိလာၿပီးေနာက္ပိုင္း ေသာမတ္စ္ ပါေတးကို ညာေနာက္ခံေနရာမွာ ကစားကြက္စမ္းသလိုနဲ႔ ပုံမွန္ဆိုသလို အသုံးျပဳဖို႔ ေ႐ြးခ်ယ္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဇင္ခ်န္ကိုက ပါေတးဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ခံစစ္ကစားသမားျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ဂန္းနားအသင္းေဖာ္ဟာ ကက္စမီ႐ိုနဲ႔ ႐ိုဒရီတို႔ ၂ ဦးစလုံးရဲ႕အထက္မွာ ရွိတယ္လို႔ သတ္မွတ္ခဲ့ၿပီးေနာက္ အာတီတာကို ဂါနာကြင္းလယ္လူရဲ႕ ေနရာမွန္ကို သြယ္ဝိုက္သတိေပးခဲ့တာျဖစ္ပါတယ္။

“underrated အျဖစ္ဆုံးကစားသမားဆိုရင္ ပါေတးလို႔ ကြၽန္ေတာ္ ထင္တယ္။ ဒီမွာနားေထာင္။ ကြၽန္ေတာ္ မေကာင္းမေျပာခ်င္ပါဘူး။ ကက္စမီ႐ိုကလည္း ကမာၻ႔အဆင့္ကစားသမားပါ။ ခ်န္ပီယံလိဂ္ ၅ ႀကိမ္အထိ ရခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ တစ္ေယာက္ပဲ ေ႐ြးခ်ယ္ရမယ္ဆိုရင္ အဲဒါက ပါေတးပဲျဖစ္လိမ့္မယ္။ ကြၽန္ေတာ့္ေခါင္းထဲမွာ အျငင္းအခုံျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ တြဲကစားဖူးသမွ်ထဲမွာ ဘယ္သူက အေကာင္းဆုံး ကြင္းလယ္ခံစစ္ကစားသမားလဲေပါ့။ ဖာနန္ဒင္ညိဳ၊ ႐ိုဒရီ၊ ပါေတးတို႔ ၃ ဦးၾကားထဲမွာ ေ႐ြးခ်ယ္ခဲ့တယ္။ အဲဒါက ခက္ခဲတဲ့ ေ႐ြးခ်ယ္မႈျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဖာနန္ဒင္ညိဳ ရွက္တာဒိုးနတ္မွာ ကစားခဲ့တဲ့အခ်ိန္တုန္းက ေစာင့္ၾကည့္ခဲ့ၿပီး သူက ကြၽန္ေတာ့္ကို အမ်ားႀကီး ကူညီေပးခဲ့တယ္။ သူ႔ကို အစ္ကိုတစ္ေယာက္လိုမ်ိဳး ခ်စ္ပါတယ္။ ဒါေပမယ့္ ေသာမတ္စ္ပါေတးကိုပဲ ေ႐ြးခ်ယ္ခဲ့တယ္။ ဘာလို႔လဲ ကြၽန္ေတာ္ မသိဘူး”

ရီယို ဖာဒီနန္က ပါေတးက ႐ိုဒရီထက္ေရာ ေကာင္းမြန္တဲ့ ကစားသမားလို႔ ယုံၾကည္လားလို႔ ထပ္မံေမးျမန္းခဲ့ရာမွာ ဇင္ခ်န္ကိုက “ရီယိုရယ္ ခင္ဗ်ား ေလ့က်င့္ေရးမွာ လာၿပီး သူ႔ကို ေက်းဇူးျပဳၿပီး ၾကည့္လိုက္ပါ။ သူ႔မွာ အရာအားလုံးရွိတယ္။ ႐ိုဒရီကလည္း စီးတီးရဲ႕ ကစားကြက္ထဲမွာ ေကာင္းေကာင္းကို အံဝင္တဲ့သူပါ။ ခင္ဗ်ားသူ႔ကို မန္စီးတီးလူစာရင္းထဲကေန ထုတ္ထားလိုက္ရင္ မန္စီးတီးက လုံးဝကို မတူညီတဲ့အသင္းျဖစ္သြားမွာ ေသခ်ာတယ္။ ေမးခြန္းထုတ္စရာမရွိဘူး။ သူက အဓိကပါဝင္သူျဖစ္ၿပီး အဲဒါက ကစားဖို႔ အခက္ခဲဆုံးေနရာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet