အံ့အားသင့်ပြီးရင်း အံ့အားသင့်စရာဖြစ်လာတဲ့ ဂါဘရီယဲလ်အပေါ် အာတီတာရဲ့ဆက်ဆံပုံ 1024 576 coyg

အံ့အားသင့်ပြီးရင်း အံ့အားသင့်စရာဖြစ်လာတဲ့ ဂါဘရီယဲလ်အပေါ် အာတီတာရဲ့ဆက်ဆံပုံ

အာဆင်နယ်နည်းပြ အာတီတာရဲ့ နောက်ခံကစားသမား ဂါဘရီယဲလ် မာဂါလိုင်စ်အပေါ်မှာ ဆက်ဆံပုံက အံ့အားသင့်ပြီးရင်း အံ့အားသင့်စရာဖြစ်လာပါတယ်။

ဂျာနယ်လစ် ချားလ်စ်ဝက်တ်စ်က ပေါင် ၂၇ သန်းတန် ဘရာဇီးလ်နောက်ခံကစားသမားကို ဖူလ်ဟမ်နဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် ချန်လှပ်ခဲ့ပြီးနောက် အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တဲ့ ဂန်းနားတွေဟာ စနေနေ့က ဖူလ်ဟမ်နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ပွဲထွက်လူစာရင်းကို အပြောင်းအလဲအများအပြား ပြုလုပ်ခဲ့ပြီး အန်ကီးတီးယားရဲ့နေရာမှာ လီအန်ဒရို ထရော့ဆာ့ဒ်ကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုမီယဆု အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် အာတီတာက ခံစစ်မှာ နောက်ထပ်အပြောင်းအလဲ မဖြစ်မနေပြုလုပ်ခဲ့ရပေမယ့် နောက်ထပ်တစ်ကြိမ် ဂါဘရီယဲလ်ကို အသုံးပြုဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ယာကုဘ် ခီဗီယောက ဘယ်နောက်ခံနေရာမှာ ဝင်ကစားပေးခဲ့ပြီး ဗဟိုခံစစ်နေရာမှာ ဘန် ဝှိုက်နဲ့ ဆာလီဘာတို့ကို အသုံးပြုပြီး ညာနောက်ခံနေရာမှာ သောမတ်စ် ပါတေးကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဂါဘရီယဲလ်ဟာ ပွဲပြီးဆုံးခါနီးမှာ လူစားဝင်ကစားသမားအဖြစ်တောင် ပါဝင်ကစားခွင့် မရရှိခဲ့တာဖြစ်ပြီး ချားလ်စ် ဝက်တ်စ်က အာတီတာရဲ့ ဂါဘရီယဲလ်အပေါ် ဆက်ဆံပုံက အရမ်းအံ့အားသင့်စရာကောင်းနေပြီး အထူးသဖြင့် ရာသီကြိုတုန်းက ပွဲထုတ်ပုံကြောင့် ဒီလိုအပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုတာ လုံးဝ မစဉ်းစားခဲ့မိတာကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဂါဘရီယဲလ် ကိစ္စတစ်ခုလုံးမှာ ဒီထက်ပိုတဲ့အရာလေးတွေ နည်းနည်း ရှိနေပါသေးတယ်။ ရာသီကြိုတုန်းက ဒီလိုမျိုးဖြစ်လာလိမ့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး မရှိခဲ့ပါဘူး။ ဂါဘရီယဲလ် ပွဲထွက်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲတုန်းကတောင် ဒီလိုဖြစ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်မျိုးမရှိခဲ့ဘူး။ ကျွန်တော်ဆိုလိုချင်တာက ဂါဘရီယဲလ်က ကွန်မြူနတီဒိုင်းလုပွဲမှာ ဘာအမှားမှမလုပ်ခဲ့ဘူး။ အဲဒါကြောင့်ပဲ အခု ဂါဘရီယဲလ်ဖြစ်နေတဲ့ကိစ္စမှာ တစ်ခြားကိစ္စလေးတွေတစ်ခုခုရှိနိုင်သေးတယ်လို့ ကျွန်တော် တွေးမိနေတာပါ။ ကျွန်တော်တို့ ဆော်ဒီ အာရေဗျက စိတ်ဝင်စားမှုရှိနေတယ်ဆိုတာ သိနေပြီး မီခေးလ်က အဲဒါကြောင့်မဟုတ်ဘဲ နည်းဗျူဟာပိုင်း သက်သက်ကြောင့်လို့ ငြင်းပယ်ခဲ့တယ်။ နည်းဗျူဟာပိုင်းအရသာဆိုရင် အခုထက်စာရင် ရာသီကြိုတုန်းက ကစားပုံကတောင် အများကြီးပိုပြီး အလုပ်ဖြစ်မှာသေချာတယ်။ ကျွန်တော် အဲဒါကြောင့် တကယ်ကို အံ့အားသင့်ခဲ့တယ်။ ရာသီစတဲ့အချိန်မှာ ကျွန်တော် မျှော်လင့်မထားတဲ့အရာတွေ ဖြစ်လာတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာရဲ႕ ေနာက္ခံကစားသမား ဂါဘရီယဲလ္ မာဂါလိုင္စ္အေပၚမွာ ဆက္ဆံပုံက အံ့အားသင့္ၿပီးရင္း အံ့အားသင့္စရာျဖစ္လာပါတယ္။

ဂ်ာနယ္လစ္ ခ်ားလ္စ္ဝက္တ္စ္က ေပါင္ ၂၇ သန္းတန္ ဘရာဇီးလ္ေနာက္ခံကစားသမားကို ဖူလ္ဟမ္နဲ႔ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ ခ်န္လွပ္ခဲ့ၿပီးေနာက္ အခုလို ေျပာဆိုခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ ၂ ပြဲဆက္တိုက္ ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ ဂန္းနားေတြဟာ စေနေန႔က ဖူလ္ဟမ္နဲ႔ သေရက်ခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ခရစၥတယ္ပဲေလ့စ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္က ပြဲထြက္လူစာရင္းကို အေျပာင္းအလဲအမ်ားအျပား ျပဳလုပ္ခဲ့ၿပီး အန္ကီးတီးယားရဲ႕ေနရာမွာ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကို ပြဲထြက္ကစားသမားအျဖစ္ ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တိုမီယဆု အနီကတ္ေၾကာင့္ ပြဲပယ္ျပစ္ဒဏ္က်ခံခဲ့ရၿပီးေနာက္ အာတီတာက ခံစစ္မွာ ေနာက္ထပ္အေျပာင္းအလဲ မျဖစ္မေနျပဳလုပ္ခဲ့ရေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ဂါဘရီယဲလ္ကို အသုံးျပဳဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ယာကုဘ္ ခီဗီေယာက ဘယ္ေနာက္ခံေနရာမွာ ဝင္ကစားေပးခဲ့ၿပီး ဗဟိုခံစစ္ေနရာမွာ ဘန္ ဝႈိက္နဲ႔ ဆာလီဘာတို႔ကို အသုံးျပဳၿပီး ညာေနာက္ခံေနရာမွာ ေသာမတ္စ္ ပါေတးကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ဂါဘရီယဲလ္ဟာ ပြဲၿပီးဆုံးခါနီးမွာ လူစားဝင္ကစားသမားအျဖစ္ေတာင္ ပါဝင္ကစားခြင့္ မရရွိခဲ့တာျဖစ္ၿပီး ခ်ားလ္စ္ ဝက္တ္စ္က အာတီတာရဲ႕ ဂါဘရီယဲလ္အေပၚ ဆက္ဆံပုံက အရမ္းအံ့အားသင့္စရာေကာင္းေနၿပီး အထူးသျဖင့္ ရာသီႀကိဳတုန္းက ပြဲထုတ္ပုံေၾကာင့္ ဒီလိုအေျပာင္းအလဲျဖစ္လာႏိုင္တယ္ဆိုတာ လုံးဝ မစဥ္းစားခဲ့မိတာေၾကာင့္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဂါဘရီယဲလ္ ကိစၥတစ္ခုလုံးမွာ ဒီထက္ပိုတဲ့အရာေလးေတြ နည္းနည္း ရွိေနပါေသးတယ္။ ရာသီႀကိဳတုန္းက ဒီလိုမ်ိဳးျဖစ္လာလိမ့္မယ္ဆိုတဲ့ အရိပ္အေယာင္မ်ိဳး မရွိခဲ့ပါဘူး။ ဂါဘရီယဲလ္ ပြဲထြက္ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲတုန္းကေတာင္ ဒီလိုျဖစ္လာႏိုင္တယ္ဆိုတဲ့ အရိပ္အေယာင္မ်ိဳးမရွိခဲ့ဘူး။ ကြၽန္ေတာ္ဆိုလိုခ်င္တာက ဂါဘရီယဲလ္က ကြန္ျမဴနတီဒိုင္းလုပြဲမွာ ဘာအမွားမွမလုပ္ခဲ့ဘူး။ အဲဒါေၾကာင့္ပဲ အခု ဂါဘရီယဲလ္ျဖစ္ေနတဲ့ကိစၥမွာ တစ္ျခားကိစၥေလးေတြတစ္ခုခုရွိႏိုင္ေသးတယ္လို႔ ကြၽန္ေတာ္ ေတြးမိေနတာပါ။ ကြၽန္ေတာ္တို႔ ေဆာ္ဒီ အာေရဗ်က စိတ္ဝင္စားမႈရွိေနတယ္ဆိုတာ သိေနၿပီး မီေခးလ္က အဲဒါေၾကာင့္မဟုတ္ဘဲ နည္းဗ်ဴဟာပိုင္း သက္သက္ေၾကာင့္လို႔ ျငင္းပယ္ခဲ့တယ္။ နည္းဗ်ဴဟာပိုင္းအရသာဆိုရင္ အခုထက္စာရင္ ရာသီႀကိဳတုန္းက ကစားပုံကေတာင္ အမ်ားႀကီးပိုၿပီး အလုပ္ျဖစ္မွာေသခ်ာတယ္။ ကြၽန္ေတာ္ အဲဒါေၾကာင့္ တကယ္ကို အံ့အားသင့္ခဲ့တယ္။ ရာသီစတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ေမွ်ာ္လင့္မထားတဲ့အရာေတြ ျဖစ္လာတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet