ကစားသမားသစ်တွေနဲ့ လန်ဒန်ကိုလ်နီက ဘဝကို ပြောပြခဲ့တဲ့ ထရော့ဆာ့ဒ် 1024 576 coyg

ကစားသမားသစ်တွေနဲ့ လန်ဒန်ကိုလ်နီက ဘဝကို ပြောပြခဲ့တဲ့ ထရော့ဆာ့ဒ်

အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာ ၈ လ ရှိပြီဖြစ်တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်ဟာ မြောက်လန်ဒန်မှာရှိနေခဲ့တဲ့ မိနစ်တိုင်းကို ပျော်ရွှင်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးပြီး အရေးပါတဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

လန်ဒန်ကိုလ်နီကွင်းမှာ နေလို့ကောင်းသလို ကစားသမားသစ်တွေဖြစ်တဲ့ ကိုင် ဟာဗတ်ဇ်၊ ယူရီယန် တင်းဘား၊ ဒီကလန် ရိုက်တို့နဲ့အတူ အာဆင်နယ်က ယခုရာသီမှာ နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထရော့ဆာ့ဒ်က ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

“မိသားစုနဲ့ ပိုပြီးတူတယ်။ ခင်ဗျား အဆောက်အဦးထဲကို ဝင်လိုက်တာနဲ့ အားလုံးက ခင်ဗျားကို ဂရုစိုက်ကြတယ်။ ခင်ဗျား လိုချင်တာမှန်သမျှ သူတို့ကို တောင်းနိုင်ပြီး အဲဒါက တကယ်ကောင်းမွန်တဲ့ ခံစားချက်ပါ။ ကိုင်၊ တင်းဘားနဲ့ ဒီကလန်တို့အားလုံး အသင်းအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုတွေပါ။ သူတို့တွေ အားလုံးက တစ်စုံတရာကို ယူဆောင်လာပြီး ယှဉ်ပြိုင်မှုပေးနိုင်တယ်။ အဲဒီတော့ အားလုံးက ကောင်းကောင်း စွမ်းဆောင်နိုင်ဖို့ သူတို့ရဲ့ထိပ်တန်းပုံစံမှာ ရှိနေဖို့လိုပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ အသင်းဖော်တွေဖြစ်ပြီး သူတို့ကို ဒီမှာပိုင်ဆိုင်ထားရတာ ကောင်းမွန်ပါတယ်”

“ဒီကလန်က တကယ်ကို ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ စပြောင်းလာတဲ့နေ့ကတည်းက ကျွန်တော် သူ့ကို အသားကျအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီနေ့ကတည်းက ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်သွယ်မှုရှိခဲ့တယ်။ သူက ထိပ်တန်းကစားသမားဖြစ်သလို စကားပြောလို့အရမ်းကောင်းတဲ့သူဖြစ်ပြီး ကျွန်တော်တို့ တော်တော်လေး အဆင်ပြေကြပါတယ်။ သူက ကျွန်တော်တို့ အရင်တုန်းက မရှိခဲ့ဖူးတဲ့ပုံစံတွေနဲ့ ကူညီပေးနိုင်ပါတယ်။ ကစားသမားတွေအားလုံးက အခု အသင်းနဲ့ပတ်သက်ပြီး ပျော်ရွှင်နေကြတယ်။ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိုင်ရချင်ပြီး အဲဒီအတွက်ပဲ ယှဉ်ပြိုင်နေတာပါ။”

“အရည်အသွေးတွေ ပိုရှိလာပြီး ကျွန်တော်တို့ ယှဉ်ပြိုင်နေတဲ့ပုံစံကြောင့် အားလုံးက သူတို့ရဲ့ထိပ်တန်းပုံစံမှာရှိနေရပါမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် သူတို့တွေ ကစားရမှာမဟုတ်ဘူးဆိုတာကို သိကြပါတယ်။ ကြီးမြတ်တဲ့ကစားသမားဖြစ်လာဖို့အတွက် ဒီလိုပဲ ခင်ဗျား တိုးတက်အောင် လုပ်ရမှာပါ။ ကျွန်တော်တို့ အခုအချိန်မှာ ကောင်းမွန်တဲ့အစုအဖွဲ့ရှိနေပြီး ကွင်းထဲမှာတင်မဟုတ်ဘဲ ကွင်းပြင်ပမှာပါ ကောင်းမွန်တဲ့အစုအဖွဲ့ဖြစ်ပြီး အဲဒါက အများကြီး စွမ်းဆောင်နိုင်အောင် အကူအညီပေးပါတယ်။”

“ကျွန်တော်တို့ ပွဲစဉ်ရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေမှာ အရည်အသွေးအချို့ကို ကျိန်းသေပေါက် ထပ်ဖြည့်နိုင်မှာပါ။ ကျွန်တော်တို့ ပိုအားကောင်းလာသလို ခံစားရပြီး ချန်ပီယံလိဂ်လည်း ကစားရမှာဖြစ်တာကြောင့် ရှည်လျားတဲ့ရာသီဖြစ်မှာပါ”

လီအန်ဒရို ထရော့ဆာ့ဒ်က နည်းပြ အာတီတာရဲ့ အသင်းအပေါ်မှာ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီးလည်း စိတ်လှုပ်ရှားခဲ့တဲ့အကြောင်းကို ဆက်လက် ပြောကြားခဲ့ပါတယ်။

“နည်းဗျူဟာပိုင်းအရ သူ ပွဲကို မြင်တဲ့ပုံစံက အံ့အားသင့်စရာပါပဲ။ သူက နည်းဗျူဟာမှော်ဆရာလို့ ကျွန်တော် ပြောရပါလိမ့်မယ်။ သူက ကျွန်တော်တို့ တိုက်စစ်ဆင်တဲ့ပုံစံ၊ နေရာလွတ်တွေ ဘယ်မှာရှိလဲ၊ ခင်ဗျား မတူညီတဲ့နေရာတွေမှာ ကစားရင် ဘယ်လိုရွေ့လျားရမလဲဆိုတာကို အများကြီး အကူအညီပေးပါတယ်။”

ထရော့ဆာ့ဒ်က ယခုလအစောပိုင်းမှာ မန်ချက်စတာစီးတီးကို အနိုင်ရပြီး ကွန်မြူနတီဒိုင်းနဲ့အတူ ရာသီသစ်ကို အကောင်းဆုံးစတင်နိုင်ခဲ့တဲ့အပေါ်မှာ ဝမ်းမြောက်ပျော်ရွှင်ခဲ့ပြီး ယခုရာသီမှာလည်း ဂွါဒီယိုလာရဲ့အသင်းနဲ့ နောက်ထပ်ခက်ခဲတဲ့ စာမေးပွဲဖြစ်လာမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရာသီ သူတို့ရခဲ့တဲ့အောင်မြင်မှုတွေအတွက် ကျွန်တော်တို့အားလုံး လေးစားမှုရှိပါတယ်။ သူတို့တွေ ပရီးမိးယားလိဂ်မှာ ဘယ်လို စွမ်းဆောင်နိုင်ခဲ့လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့နဲ့ သက်ဆိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အရည်အသွေးအများကြီးနဲ့ အရမ်းကောင်းတဲ့လူစာရင်းရှိခဲ့ပြီး ပွဲဗျူဟာလည်း ရှိခဲ့တယ်။ ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာ စွမ်းဆောင်နိုင်ရင် သူတို့ကို စိန်ခေါ်နိုင်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်းသူတို့နဲ့ စီးချင်းထိုးချင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်က တခြာအးသင်းတွေလည်း လူသစ်တွေ ခေါ်ထားပါတယ်။ ဆုဖလားပြိုင်ပွဲမှာ ဘယ်သူတွေ ရှိနေမလဲဆိုတာ ပြောဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ရှည်လျားတဲ့ ပြေးပွဲဖြစ်ပြီး ရာသီထဲမှာ ဘာတွေဖြစ်မလဲဆိုတာ ခင်ဗျား ဘယ်တော့မှ မသိနိုင်ပါဘူး။ လီဗာပူးလ်နဲ့ ချဲလ်ဆီးက စျေးကွက်ထဲမှာ ကောင်းမွန်တဲ့ခေါ်ယူမှုအချို့ ပြုလုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်လိုချင်ပြီး အဲဒါက ကျွန်တော်တို့ ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားမယ့် ခံယူချက်ပါ။ အဆုံးမှာတော့ ကျွန်တော်တို့ ဘယ်မှာ ရှိနေမလဲဆိုတာ ကြည့်တာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ကွန်မြူနတီဒိုင်းလုပွဲက နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ၎င်းရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး ထရော့ဆာ့ဒ်က အသင်းရဲ့ အားထုတ်မှုကြောင့်ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

“အဲဒါက အမြဲတမ်း အသင်းရဲ့ အားစိုက်ထုတ်မှုပါ။ ကျွန်တော်တို့ ပင်နယ်တီ အဆုံးအဖြတ်မှာ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ အသင်းအဖွဲ့ဆိုတာ ဒါပဲလေ။ ကြီးမားတဲ့အခိုက်အတန့်မှာ မားမားမတ်မတ် ရပ်တည်နိုင်ရမယ်။ ဒါက ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာဖြစ်ပြီး အဲဒါနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်မိပါတယ်။ ကျွန်တော် အသင်းကို ကူညီပေးနိုင်လို့ တကယ်ကို ယုံကြည်ချက်ရှိတဲ့ ခံစားချက်ကို ခံစားခဲ့ရတယ်။ ကျွန်တော် ပြီးခဲ့တဲ့ ၆ လအတွင်းမှာ အဲဒါကို ပြသခဲ့ပြီးပြီလို့ ထင်ပါတယ်။ ခင်ဗျား အရေးပါတဲ့ဂိုးသွင်းယူနိုင်တာက အမြဲတမ်းကောင်းမွန်ပါတယ်။ ဒါက ကျွန်တော်တို့ကို ပင်နယ်တီ အဆုံးအဖြတ်အထိ သွားနိုင်စေမယ့် ချေပဂိုးဖြစ်ခဲ့ပြီး ကျွန်တော်တို့ ကွန်မြူနတီဒိုင်းကို အနိုင်ရခဲ့တာ အရမ်းကောင်းပါတယ်။ ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ တကယ်ကောင်းမွန်ခဲ့ပါတယ်။”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့တာ ၈ လ ရွိၿပီျဖစ္တဲ့ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ဟာ ေျမာက္လန္ဒန္မွာရွိေနခဲ့တဲ့ မိနစ္တိုင္းကို ေပ်ာ္႐ႊင္ေနၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ေပးၿပီး အေရးပါတဲ့ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

လန္ဒန္ကိုလ္နီကြင္းမွာ ေနလို႔ေကာင္းသလို ကစားသမားသစ္ေတြျဖစ္တဲ့ ကိုင္ ဟာဗတ္ဇ္၊ ယူရီယန္ တင္းဘား၊ ဒီကလန္ ႐ိုက္တို႔နဲ႔အတူ အာဆင္နယ္က ယခုရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္လိမ့္မယ္လို႔ ထေရာ့ဆာ့ဒ္က ယုံၾကည္ခ်က္ရွိေနတာျဖစ္ပါတယ္။

“မိသားစုနဲ႔ ပိုၿပီးတူတယ္။ ခင္ဗ်ား အေဆာက္အဦးထဲကို ဝင္လိုက္တာနဲ႔ အားလုံးက ခင္ဗ်ားကို ဂ႐ုစိုက္ၾကတယ္။ ခင္ဗ်ား လိုခ်င္တာမွန္သမွ် သူတို႔ကို ေတာင္းႏိုင္ၿပီး အဲဒါက တကယ္ေကာင္းမြန္တဲ့ ခံစားခ်က္ပါ။ ကိုင္၊ တင္းဘားနဲ႔ ဒီကလန္တို႔အားလုံး အသင္းအတြက္ အရမ္းေကာင္းတဲ့ ေခၚယူမႈေတြပါ။ သူတို႔ေတြ အားလုံးက တစ္စုံတရာကို ယူေဆာင္လာၿပီး ယွဥ္ၿပိဳင္မႈေပးႏိုင္တယ္။ အဲဒီေတာ့ အားလုံးက ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ဖို႔ သူတို႔ရဲ႕ထိပ္တန္းပုံစံမွာ ရွိေနဖို႔လိုပါတယ္။ တကယ္ကို ေကာင္းမြန္တဲ့ အသင္းေဖာ္ေတြျဖစ္ၿပီး သူတို႔ကို ဒီမွာပိုင္ဆိုင္ထားရတာ ေကာင္းမြန္ပါတယ္”

“ဒီကလန္က တကယ္ကို ေကာင္းမြန္တဲ့လူတစ္ေယာက္ျဖစ္ၿပီး သူ စေျပာင္းလာတဲ့ေန႔ကတည္းက ကြၽန္ေတာ္ သူ႔ကို အသားက်ေအာင္ ကူညီေပးခဲ့ပါတယ္။ အဲဒီေန႔ကတည္းက ကြၽန္ေတာ္တို႔ၾကားမွာ ေကာင္းမြန္တဲ့ ဆက္သြယ္မႈရွိခဲ့တယ္။ သူက ထိပ္တန္းကစားသမားျဖစ္သလို စကားေျပာလို႔အရမ္းေကာင္းတဲ့သူျဖစ္ၿပီး ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလး အဆင္ေျပၾကပါတယ္။ သူက ကြၽန္ေတာ္တို႔ အရင္တုန္းက မရွိခဲ့ဖူးတဲ့ပုံစံေတြနဲ႔ ကူညီေပးႏိုင္ပါတယ္။ ကစားသမားေတြအားလုံးက အခု အသင္းနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနၾကတယ္။ ကြၽန္ေတာ္တို႔ ပြဲစဥ္တိုင္းကို အႏိုင္ရခ်င္ၿပီး အဲဒီအတြက္ပဲ ယွဥ္ၿပိဳင္ေနတာပါ။”

“အရည္အေသြးေတြ ပိုရွိလာၿပီး ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ေနတဲ့ပုံစံေၾကာင့္ အားလုံးက သူတို႔ရဲ႕ထိပ္တန္းပုံစံမွာရွိေနရပါမယ္။ အဲဒီလိုမဟုတ္ဘူးဆိုရင္ သူတို႔ေတြ ကစားရမွာမဟုတ္ဘူးဆိုတာကို သိၾကပါတယ္။ ႀကီးျမတ္တဲ့ကစားသမားျဖစ္လာဖို႔အတြက္ ဒီလိုပဲ ခင္ဗ်ား တိုးတက္ေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ္တို႔ အခုအခ်ိန္မွာ ေကာင္းမြန္တဲ့အစုအဖြဲ႕ရွိေနၿပီး ကြင္းထဲမွာတင္မဟုတ္ဘဲ ကြင္းျပင္ပမွာပါ ေကာင္းမြန္တဲ့အစုအဖြဲ႕ျဖစ္ၿပီး အဲဒါက အမ်ားႀကီး စြမ္းေဆာင္ႏိုင္ေအာင္ အကူအညီေပးပါတယ္။”

“ကြၽန္ေတာ္တို႔ ပြဲစဥ္ရဲ႕ မတူညီတဲ့အစိတ္အပိုင္းေတြမွာ အရည္အေသြးအခ်ိဳ႕ကို က်ိန္းေသေပါက္ ထပ္ျဖည့္ႏိုင္မွာပါ။ ကြၽန္ေတာ္တို႔ ပိုအားေကာင္းလာသလို ခံစားရၿပီး ခ်န္ပီယံလိဂ္လည္း ကစားရမွာျဖစ္တာေၾကာင့္ ရွည္လ်ားတဲ့ရာသီျဖစ္မွာပါ”

လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က နည္းျပ အာတီတာရဲ႕ အသင္းအေပၚမွာ အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီးလည္း စိတ္လႈပ္ရွားခဲ့တဲ့အေၾကာင္းကို ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

“နည္းဗ်ဴဟာပိုင္းအရ သူ ပြဲကို ျမင္တဲ့ပုံစံက အံ့အားသင့္စရာပါပဲ။ သူက နည္းဗ်ဴဟာေမွာ္ဆရာလို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ သူက ကြၽန္ေတာ္တို႔ တိုက္စစ္ဆင္တဲ့ပုံစံ၊ ေနရာလြတ္ေတြ ဘယ္မွာရွိလဲ၊ ခင္ဗ်ား မတူညီတဲ့ေနရာေတြမွာ ကစားရင္ ဘယ္လိုေ႐ြ႕လ်ားရမလဲဆိုတာကို အမ်ားႀကီး အကူအညီေပးပါတယ္။”

ထေရာ့ဆာ့ဒ္က ယခုလအေစာပိုင္းမွာ မန္ခ်က္စတာစီးတီးကို အႏိုင္ရၿပီး ကြန္ျမဴနတီဒိုင္းနဲ႔အတူ ရာသီသစ္ကို အေကာင္းဆုံးစတင္ႏိုင္ခဲ့တဲ့အေပၚမွာ ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့ၿပီး ယခုရာသီမွာလည္း ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ေနာက္ထပ္ခက္ခဲတဲ့ စာေမးပြဲျဖစ္လာမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ရာသီ သူတို႔ရခဲ့တဲ့ေအာင္ျမင္မႈေတြအတြက္ ကြၽန္ေတာ္တို႔အားလုံး ေလးစားမႈရွိပါတယ္။ သူတို႔ေတြ ပရီးမိးယားလိဂ္မွာ ဘယ္လို စြမ္းေဆာင္ႏိုင္ခဲ့လဲဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ္တို႔နဲ႔ သက္ဆိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အရည္အေသြးအမ်ားႀကီးနဲ႔ အရမ္းေကာင္းတဲ့လူစာရင္းရွိခဲ့ၿပီး ပြဲဗ်ဴဟာလည္း ရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးပုံစံမွာ စြမ္းေဆာင္ႏိုင္ရင္ သူတို႔ကို စိန္ေခၚႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ အၿမဲတမ္းသူတို႔နဲ႔ စီးခ်င္းထိုးခ်င္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္က တျခာအးသင္းေတြလည္း လူသစ္ေတြ ေခၚထားပါတယ္။ ဆုဖလားၿပိဳင္ပြဲမွာ ဘယ္သူေတြ ရွိေနမလဲဆိုတာ ေျပာဖို႔ ခက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ရွည္လ်ားတဲ့ ေျပးပြဲျဖစ္ၿပီး ရာသီထဲမွာ ဘာေတြျဖစ္မလဲဆိုတာ ခင္ဗ်ား ဘယ္ေတာ့မွ မသိႏိုင္ပါဘူး။ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးက ေစ်းကြက္ထဲမွာ ေကာင္းမြန္တဲ့ေခၚယူမႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ထင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပြဲတိုင္းကို အႏိုင္လိုခ်င္ၿပီး အဲဒါက ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္သြားမယ့္ ခံယူခ်က္ပါ။ အဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ ဘယ္မွာ ရွိေနမလဲဆိုတာ ၾကည့္တာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

ကြန္ျမဴနတီဒိုင္းလုပြဲက နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ၎ရဲ႕ သြင္းဂိုးနဲ႔ပတ္သက္ၿပီး ထေရာ့ဆာ့ဒ္က အသင္းရဲ႕ အားထုတ္မႈေၾကာင့္ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

“အဲဒါက အၿမဲတမ္း အသင္းရဲ႕ အားစိုက္ထုတ္မႈပါ။ ကြၽန္ေတာ္တို႔ ပင္နယ္တီ အဆုံးအျဖတ္မွာ ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တယ္။ အသင္းအဖြဲ႕ဆိုတာ ဒါပဲေလ။ ႀကီးမားတဲ့အခိုက္အတန႔္မွာ မားမားမတ္မတ္ ရပ္တည္ႏိုင္ရမယ္။ ဒါက ကြၽန္ေတာ္တို႔ လုပ္ခဲ့တဲ့အရာျဖစ္ၿပီး အဲဒါနဲ႔ပတ္သက္ၿပီး တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ အသင္းကို ကူညီေပးႏိုင္လို႔ တကယ္ကို ယုံၾကည္ခ်က္ရွိတဲ့ ခံစားခ်က္ကို ခံစားခဲ့ရတယ္။ ကြၽန္ေတာ္ ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ အဲဒါကို ျပသခဲ့ၿပီးၿပီလို႔ ထင္ပါတယ္။ ခင္ဗ်ား အေရးပါတဲ့ဂိုးသြင္းယူႏိုင္တာက အၿမဲတမ္းေကာင္းမြန္ပါတယ္။ ဒါက ကြၽန္ေတာ္တို႔ကို ပင္နယ္တီ အဆုံးအျဖတ္အထိ သြားႏိုင္ေစမယ့္ ေခ်ပဂိုးျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ကြန္ျမဴနတီဒိုင္းကို အႏိုင္ရခဲ့တာ အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ့္အတြက္ေရာ၊ အသင္းအတြက္ေရာ၊ ပရိသတ္ေတြအတြက္ပါ တကယ္ေကာင္းမြန္ခဲ့ပါတယ္။”လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet