ဂန်းနားတွေက ပေါင်သန်း ၄၀ တန်ကြယ်ပွင့်ကို ကပ်ခေါ်သွားနိုင်တယ်ဆိုတဲ့ ရိုမာနို 1024 538 coyg

ဂန်းနားတွေက ပေါင်သန်း ၄၀ တန်ကြယ်ပွင့်ကို ကပ်ခေါ်သွားနိုင်တယ်ဆိုတဲ့ ရိုမာနို

ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်အနေနဲ့ အသက် ၂၃ နှစ်အရွယ် အိုင်းယက်ကွင်းလယ်လူ မိုဟာမက် ကူးဒက်စ်ကို နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်နိုင်သေးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူကျုမှာ စကားပြောဆိုရာမှာ အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အိုင်းယက်ဟာ ကူးဒက်စ်အတွက် နောက်ကျစိတ်ဝင်စားမှု ရှိလာနိုင်တယ်ဆိုတာကို သိရှိနေပြီး ရလဒ်အနေနဲ့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

“အာဆင်နယ်နဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ကြတာပေါ့။ ဘာလို့လဲဆိုတော့ အာဆင်နယ်က ဇွန်လမှာ ကိုင် ဟာဗတ်ဇ်အတွက် ကြီးမားတဲ့ငွေကြေး ရင်းနှီးမြှုပ်နှံခဲ့တဲ့အချိန်တုန်းက ကူးဒက်စ်ကို ဖုန်းခေါ်ခဲ့ပြီး တင်းဘားနဲ့ ဒီကလန် ရိုက်အပါအဝင် ဒီနွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေအားလုံးကိုလည်း ခေါ်ခဲ့တယ်”

“အဲဒါကြောင့်ပဲ အာဆင်နယ်က ဘာမှ ဆက်မလုပ်ခဲ့တာဖြစ်ပေမယ့်လည်း မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ အဲဒါကြောင့် အိုင်းယက်က ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်မခံဘဲ စောင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်အနေနဲ့ အသက် ၂၃ နှစ်အရွယ် အိုင်းယက်ကွင်းလယ်လူ မိုဟာမက် ကူးဒက်စ်ကို နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်နိုင်သေးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။




Arsenal Myanmar

Ref: Internet