တင်းဘားရဲ့ သတင်းဆိုးကို ကြားခဲ့ရပေမယ့်လည်း စိတ်ပူစရာမလိုတော့တဲ့ အာတီတာ 1024 504 coyg

တင်းဘားရဲ့ သတင်းဆိုးကို ကြားခဲ့ရပေမယ့်လည်း စိတ်ပူစရာမလိုတော့တဲ့ အာတီတာ

-ဆမ်ဘီ လိုကွန်ဂါဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့ပေမယ့်လည်း အာဆင်နယ်ပထမအသင်းလေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာတယ်လို့ သိရပါတယ်။ လိုကွန်ဂါဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းကို ပဲလေ့စ်မှာ အငှားထွက်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ ၉ ပွဲသာ ပါဝင်ကစားပေးခဲ့ရပြီး အာဆင်နယ်အနေနဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားကို အပြီးရောင်းချလို့မရရင် အငှားထပ်ချဖို့ ကြိုးပမ်းသွားနိုင်ပါတယ်။

-အာဆင်နယ်အသင်းဟာ ဒူးဒဏ်ရာကြောင့် နှစ်ကုန်အထိ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မယ့် တင်းဘားရဲ့ နေရာအတွက် အားတက်စရာဖြစ်လာခဲ့ပြီဖြစ်ပြီး ဇင်ချန်ကိုက လေ့ကျင့်ရေးအပြည့် ပြန်ဆင်းနေပြီဖြစ်တာကြောင့် မကြာခင်မှာ ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ ယူကရိန်းကြယ်ပွင့်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ ပါဝင်ကစားပေးချင်ခဲ့ပေမယ့်လည်း ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး ဂန်းနားကြယ်ပွင့်တွေဟာ တနင်္လာနေ့မှာ ပဲလေ့စ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် သောကြာနေ့မှာ နားရက်ရမှာဖြစ်ပြီး စနေ၊ တနင်္ဂနွေလောက်မှာ ဇင်ချန်ကို ပါဝင်ကစားပေးနိုင်မလားဆိုတာကို အာတီတာက ဆုံးဖြတ်သွားဖွယ်ရှိပါတယ်။

-အာဆင်နယ်ဟာ ယူရီယန် တင်းဘားရဲ့နေရာမှာ ကစားသမားသစ်တစ်ဦး ခေါ်ယူသွားဖွယ်ရှိပြီး ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဂန်းနားတွေ ခေါ်ယူဖွယ်ရှိတဲ့ကစားသမားက မန်စီးတီးနောက်ခံလူ လာပေါ့တ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ စပိန်နောက်ခံကစားသမားဟာ မန်စီးတီးမှာ အာတီတာနဲ့ အတူတူ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်နည်းပြနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ လာပေါ့တ်ဟာ အရင်တုန်းကလို ကစားသမားမျိုးမဟုတ်ပေမယ့်လည်း ပေါင် ၅၇ သန်းတန်နောက်ခံကစားသမားဟာ အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်နိုင်သေးတာဖြစ်ပြီး ဇင်ချန်ကို၊ ဂျေးဇုတို့နဲ့ ရင်းနှီးမှုရှိပြီးသားဖြစ်သလို ဒေးဗစ် ရာယာနဲ့လည်း စပိန်လက်ရွေးစင်မှာ အတူတူတွဲကစားဖူးတာကြောင့် အမ်းမရိတ်စ်မှာ လျင်လျင်မြန်မြန် အသားကျနိုင်ပါတယ်။

-အာဆင်နယ်နောက်ခံလူ ယူရီယန် တင်းဘားဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရတော့မယ့်သတင်းဟာ အာတီတာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာတော့မှာဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ ဒူးအရွတ်အရှေ့ပိုင်း စုတ်ပြဲဒဏ်ရာရရှိသွားတာဖြစ်ပါတယ်။ တင်းဘားဟာ လက်ရှိမှာတော့ ဒဏ်ရာကနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာအောင် ခွဲစိတ်ကုသမှုခံယူသွားတော့မှာဖြစ်ပြီး အနည်းဆုံး ၆ လအထိ လွဲချော်ဖွယ်ရှိပေမယ့်လည်း အာဆင်နယ်က အနားယူရမယ့်အချိန်ကို အတိအကျသတ်မှတ်ဖို့ တွန့်ဆုတ်နေဆဲ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet