ပရိသတ်တွေ ဘာလို့ချစ်တာလဲမသိဘူးဆိုတဲ့ ဆာကာနဲ့ တွေ့ဆုံမေးမြန်းမှု
အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက မကြာသေးမီက အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ကလေးဘဝနဲ့ တန်ဖိုးထားရတဲ့အရာတွေကို France Football နဲ့ အင်တာဗျူးမှာ အဖြေပေးခဲ့ပါတယ်။
မေး- ဘောလုံးက ခင်ဗျားရဲ့ ဘဝဖြစ်လာပုံကို ပြောပါဦး။
ဖြေ- ဘောလုံးက ကျွန်တော်ကလေးဘဝကတည်းက ကျွန်တော့်ဘဝထဲမှာ ရှိခဲ့တာပါ။ ကျွန်တော် ဒီပြိုင်ပွဲရှိတာကို သိတာနဲ့တပြိုင်နက် ကျွန်တော် နှစ်သက်မိခဲ့တယ်။ ကျွန်တော် နှစ်သက်နေတုန်းပါပဲ။ ကျွန်တော့်အိမ်ပတ်ဝန်းကျင်က အခြားအိမ်တွေ ဝိုင်းပတ်ပြီး စက်ဝိုင်းပုံစံဖွဲ့ထားတဲ့ ချောင်ကျကျနေရာပါ။ အလယ်မှာ အစိမ်းရောင် စိုက်ခင်းတစ်ခုရှိခဲ့တယ်။ ဘောလုံးကွင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူငယ်ချင်းတွေက အဲဒါကို ဘောလုံးကွင်းအဖြစ် ပြောင်းလဲခဲ့ကြတယ်။ အားလုံး လာကစားကြတယ်။ ကျောင်းဆင်းရင် ကျွန်တော်တို့ အဲဒီမှာစုကြတယ်။ အိမ်နီးချင်းကလေးတွေနဲ့အတူ မိဘတွေက ထမင်းစားဖို့ မခေါ်မချင်း ကစားကြတယ်။ ပြီးရင် ရေမိုးချိုးပြီး အိပ်ရာဝင်ကြတယ်။ နောက်တစ်နေ့ ကျောင်းသွားတယ်။ အဲဒီလိုနဲ့ လည်ပတ်နေကြတာပါ။ ကျွန်တော့် အစ်ကို၊ ကျွန်တော့်အဖေနဲ့အတူ ကစားဖို့ ပန်းခြံလေးတစ်ခု ရှိခဲ့တာ ကျွန်တော် ကံကောင်းပါတယ်။ ဂိုးတွေက အများကြီးရှိပြီး ကျွန်တော်က ကစားရုံပဲ။ ကျွန်တော့်မှာ ရွေးချယ်စရာအများကြီးရှိခဲ့တယ်။
မေး- ခင်ဗျားရဲ့ အိမ်ခန်းက ဘယ်လိုပုံစံလဲ။
ဖြေ- ကျွန်တော့်အိပ်ခန်းလား။ မေးခွန်းကောင်းပဲ။ အဲဒါက အသက်အရွယ်ပေါ် မူတည်တာပေါ့။ အချိန်နဲ့အမျှ ကျွန်တော် အရာတော်တော်များများကို ထည့်ခဲ့တယ်။ ကျွန်တော် အမ်းမရိတ်စ်ကို လာလည်တုန်းက ချူဘာ အက်ခ်ပွန်းနဲ့ တွေ့ခဲ့တာကို မှတ်မိသေးတယ်။ ကျွန်တော် အာဆင်နယ်အကယ်ဒမီမှာ ရှိတုန်းက သူ့ရဲ့ဂျာစီကို ရပြီးပါပြီ။ သူက အဲဒီတုန်းက ကောင်းမွန်တဲ့ပုံစံမှာရှိနေခဲ့ပြီး ကွင်းထဲမှာ သူ့ရှပ်ကို ကျွန်တော့်ဆီ ပစ်ပေးခဲ့တယ်။ ကျွန်တော် အဲဒီရှပ်နဲ့ အိပ်ခန်းကို အလှဆင်ခဲ့တယ်။ ကျွန်တော့်အိပ်ခန်းက အာဆင်နယ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေနဲ့ ပြည့်နေတာပါ။ ပိုစတာတွေ၊ ဓာတ်ပုံတွေ၊ အသင်းပြက္ခဒိန်တွေနဲ့ပေါ့။ ကျွန်တော်က အမာခံပရိသတ်ပါ။
မေး- ခင်ဗျားရဲ့ ကလေးဘဝ ပုံမှန်နေ့တစ်နေ့က ဘယ်လိုဖြတ်သန်းခဲ့လဲ။
ဖြေ- အလုပ်ရှုပ်တယ်။ ကျွန်တော် မှတ်မိတာ မှန်တယ်ဆိုရင် မနက် ၈ နာရီထရတယ်။ ကျွန်တော် အမြဲတမ်း အလျင်စလို ဖြစ်နေခဲ့တယ်။ ခင်ဗျား ဟော့တ်ခရော့စ်ဘန်းစ်ကို သိလား။ အရမ်းအင်္ဂလိပ်ဆန်တဲ့အစားအစာလေ။ ကျွန်တော် အဲဒါကို ဝက်အူချောင်းရယ် ခရမ်းချဉ်သီးဆော့ရယ်နဲ့ အမြန်ပါးစပ်ထဲ သွတ်တယ်။ ကျွန်တော် ကျောင်းသွားရတယ်။ ကျောင်းဆင်းရင်း အဖေက လာကြိုပြီး ဟေးအမ်းအကယ်ဒမီကိုသွားတဲ့လမ်းမှာ မုန့်ကျွေးတယ်။ လမ်းမှာ အဖေနဲ့ စကားပြောလိုက်၊ စားလိုက်နဲ့ပေါ့။ တရေးတမောလည်း အိပ်ချင်အိပ်တယ်။ လေ့ကျင့်ရေးက ပုံမှန်အားဖြင့် ၆ နာရီကနေ ၈ နာရီအထိပဲ။ ပြီးရင်တော့ အိမ်ကို တစ်နာရီလောက် ကားစီးပြီး ပြန်ရတယ်။ လူငယ်ကြယ်ပွင့်တစ်ယောက်အတွက်တော့ အိမ်ပြန်နောက်ကျတဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။ အိမ်ရောက်ရင် ရေချိုးပြီး ညစာစား၊ အိပ်ရာဝင်တာပဲ။ ကျွန်တော် တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ် လေ့ကျင့်ခဲ့ပြီး ပိတ်ရက်ဆို ပွဲကစားရတယ်။
မေး- အိပ်မက်အတိုင်း ဖြစ်လာဖို့ ဘယ်လို အချိန်ယူခဲ့လဲ။
ဖြေ- ကျွန်တော် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာချင်ပြီး အာဆင်နယ်အတွက် ပွဲဦးထွက်ကစားပေးချင်တယ်။ ချန်ပီယံလိဂ်မှာ ကစားချင်တယ်။ အင်္ဂလန်လက်ရွေးစင်အသင်းက ခေါ်ယူတာ ခံချင်တယ်လို့ အိပ်မက်မက်ခဲ့တယ်။ အသက်ကြီးလာလေ ကျွန်တော် စိတ်အားပိုထက်သန်လာလေပဲ။ ကျွန်တော် တီဗွီကနေ ဘောလုံးပွဲကြည့်ခဲ့ပြီး အဲဒီကစားသမားတွေအတိုင်းပဲ ဖြစ်ချင်လာတယ်။ ကျွန်တော် ကြီးမားတဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးပြီး ကျောင်းကို မပျက်ကွက်ဘဲ ဘောလုံးကစားနိုင်တဲ့ အခိုက်အတန့်မျိုးကို အိပ်မက်မက်ခဲ့တယ်။ ကျွန်တော်က ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က တခြားဘက်မှာ ပါရမီပါလာခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုယ် ကျွန်တော် တော်တယ်လို့ အမြဲတမ်းမြင်ခဲ့လို့ပါ။ ကျွန်တော်က လျင်လျင်မြန်မြန်သင်ယူနိုင်ပြီး သိချင်စိတ်ပြင်းပြတယ်။ ကျွန်တော်က ပြဿနာတွေကို ဖြေရှင်းချင်ပြီး ကျောင်းမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်ပါ။ အဆင့်လည်း ပုံမှန်ကောင်းကောင်းရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် စီးပွားရေးအကြောင်း သင်ယူခဲ့ပြီး အဲဒီအပိုင်းမှာလည်း ထူးချွန်ခဲ့ပါတယ်။
မေး- ခင်ဗျားရဲ့ ကွင်းပြင်ပ ဘဝနေထိုင်မှုပုံစံကရော။
ဖြေ- ဒါတော့ ကျွန်တော့် အင်အားနဲ့ ဆိုင်မယ်။ ကျွန်တော် စိတ်လက်ကြည်ကြည်လင်လင်ဖြစ်နေရင် ရှော့ပင်းထွက်တယ်။ လုပ်နေကျအရာတွေကနေ ခွဲထွက်ပြီး လုပ်တယ်။ ကျွန်တော် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ရတာကို နှစ်သက်တယ်။ ဒါပေမယ့် ကျွန်တော် ပင်ပန်းနေရင်တော့ အေးဆေးနားနေပြီး အိပ်ပဲ အိပ်နေချင်တယ်။
မေး- ပရိသတ်တွေအချစ်တော် ဘာလို့ဖြစ်နေတာလဲသိလား။
ဖြေ- (ဆာကာကို အမြဲတမ်း ပြုံးရွှင်နေတတ်တဲ့ပုံစံနဲ့ မကြာခဏ မြင်တွေ့ခဲ့ရပါတယ်)။ အချိန်အများစုမှာ ကျွန်တော်က ပြုံးရွှင်နေတတ်ပါတယ်။ ဒါပေမယ့် အဲဒါကြောင့် ပရိသတ်တွေက ကျွန်တော့်ကို နှစ်သက်ကြတာလားတော့ မသိပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview
- Players' Talk