အသင်းက ထွက်ခါနီးမှာ အာတီတာက စိတ်ပြောင်းအောင် လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ရိစ် နယ်လ်ဆင် 644 465 coyg

အသင်းက ထွက်ခါနီးမှာ အာတီတာက စိတ်ပြောင်းအောင် လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ရိစ် နယ်လ်ဆင်

အာဆင်နယ်အသင်းကို အသက် ၈ နှစ်သားအရွယ်က ရောက်ရှိလာခဲ့တဲ့ ဟေးအန့် အကယ်ဒမီထွက် ရီစ် နယ်လ်ဆင်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ဘရိုက်တန်၊ အေစီမီလန်စသည့်အသင်းများရဲ့ စိတ်ဝင်စား​ခြင်း
ခံခဲ့ရပြီး အာဆင်နယ်မှ ထွက်ခွာဖွယ် ရှိခဲ့ပေမယ့် နည်းပြ အာတေတာနဲ့ တွေ့ဆုံစကားပြောအပြီးမှာ စိတ်ပြောင်းသွားခဲ့ပြီး သူချစ်ရတဲ့ အာဆင်နယ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ESPN နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

နယ်လ်ဆင်က “ဘောလုံးက ကျွန်တော့်အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပြီး ယခုအခါမှာတော့ ကစားသမားဘဝရဲ့ အဆင့်တစ်ခုကို ရောက်နေသလို ခံစားရတယ်။ သေချာတာတစ်ခုကတော့ အာဆင်နယ်ဆိုတာ ကျွန်တော်ချစ်တဲ့အသင်းဖြစ်ပြီး ကျွန်တော် ၈ နှစ်သားအရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့အသင်းပါ။ အဲဒီကနေ ဘောလုံးကောင်းကောင်းကစားနိုင်တဲ့ အရွယ်အထိ ရောက်လာခဲ့ရတာပါ”

“ကျွန်တော် မီခေးလ်နဲ့ အကြိမ်ပေါင်းများစွာ စကားပြောခဲ့ပြီးနောက် ကျွန်တော့်အတွက် သူမြင်တဲ့လမ်းကြောင်းနဲ့ အရင်နှစ်တွေကကနေ အခုထိ ကျွန်တော့် အပေါ်မြင်ခဲ့ရတဲ့ အပြောင်းအလဲတွေကို ဂရုတစိုက် ရှင်းပြခဲ့တယ်။ ကျွန်တော်နဲ့ မီးခေးလ်တို့ တွေ့ဆုံပြီး ကောင်းမွန်တဲ့ စကားလက်ဆုံကြ ဆွေးနွေးမှု တစ်ခုပြောခဲ့ပြီးနောက်မှာတော့ ကျွန်တော် စိတ်ပြောင်းသွားပြီး လက်မှတ်ထိုးခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ကျွန်တော် အရယူလိုက်နိုင်သလို ခံစားရတယ်။ ကျွန်တော် ကစားသမားတစ်ယောက်အနေနဲ့ ခံစားခဲ့ပြီး စိတ်ပျက်မှုတွေ ရှိခဲ့ဖူးတယ်၊ ‘တစ်ခါတလေမှာ မင်းက အဆက်မပြတ်ပဲ စောင့်နေတာ၊ စောင့်နေတယ်၊ စောင့်နေတယ်၊ ပြီးတော့ မင်းအခွင့်အရေးရတဲ့အခါ မင်းအခွင့်အရေးအတွက် မင်းအဆင်သင့်မဖြစ်နိုင်ဘူး။’ ဆိုတာမျိုးပေါ့။”

“ဒါပေမယ့် ကျွန်တော်က အပြင်းအထန် လေ့ကျင့်မှုတွေ အမြဲလုပ်နေတဲ့ ကစားသမားတွေနဲ့ အလုပ်အတူတူတွဲလုပ် လေ့ကျင့်နေရတယ်။ ကစားဖို့ အခွင့်အရေးတွေ ရလာတဲ့အခါကျတော့ ကျွန်တော် ကစားခွင့်ရခဲ့တဲ့ မိနစ်တွေမှာ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်မြင်လာမိပါတယ်။ ဒီရာသီမှာတော့ ကျွန်တော် ပစ်မှတ်ထားတဲ့အရာတွေကို ထိရောက်အောင် လုပ်ချင်မိတယ်လို့ ကျွန်တော်တို့ ပြောခဲ့ပြီးတော့ မီခေးလ်က ‘ဒါက မင်းလုပ်သင့်တယ်လို့ ငါထင်တယ်’ လို့ ပြောခဲ့တယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်ဖို့လိုတယ်လို့ ခံစားရတယ်’ လို့ ကျွန်တော်လည်း ပြန်ပြောခဲ့လိုက်ပါတယ်။ ငါတို့က ငါလုပ်ဆောင်ရမယ့်အရာတွေကို ဖြတ်ကျော်ပြီး ပစ်မှတ်တွေကို ထိရောက်အောင် လုပ်နိုင်နေတာ မင်းသိပါတယ်’ လို့မီခေးလ်က ပြောပြီး ကျွန်တော်တို့ စကားဝိုင်းကို နိဂုံးချုပ်လိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ရနိုင်ရုံပါပဲ။ ကျွန်တော် အရင်တခါပြောခဲ့သလိုပါပဲ၊ ဒဏ်ရာက ပြီးခဲ့တဲ့ရာသီက ၁၇ ပွဲကို လွဲချော်ခဲ့စေတဲ့ အဓိက အရာ တစ်ခုပါ။ အာဆင်နယ်အသင်းရဲ့ အမိုက်စားပွဲတွေဆိုတာ ကျွန်တော် လွဲချော်ချင်စရာတွေထဲက တစ်ခု မဟုတ်ပါဘူး။ ကျွန်တော် ပါဝင်ကစားခွင့်ရပြီး အာဆင်နယ်အသင်းကို ကူညီချင်ပါတယ်။” လို့ ပြောခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet