ထိုက်ထိုက်တန်တန် ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ
အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းကို ၈ ပွဲဆက်တိုက် ရှုံးနိမ့်မှုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အဆုံးသတ်ပြီး ဝင်ဘလေမှာ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီဘရိုင်းနားရဲ့ ကန်ချက် တိုင်ထိပြီး ရိုဒရီရဲ့ ကန်ချက်ကို အာရွန် ရမ်းစ်ဒေးလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂန်းနားတွေဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ပါလ်မာရဲ့ အလစ်အငိုက် ကန်သွင်းမှုကို ထရော့ဆာ့ဒ်က နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ချေပနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။
၁။ အပြည့်အဝအသက်ဝင်ခဲ့တဲ့ စည်းမျဉ်းအသစ်များ
ပရီးမီးယားလိဂ်က ဒိုင်လူကြီး စည်းမျဉ်းသစ်တွေ ပြဌာန်းခဲ့ပြီး မသိသေးတဲ့သူတွေအားလုံး ပထမပိုင်းမှာ အာတီတာ အဝါကတ်ပြခံရချိန်မှာ သိသွားခဲ့ကြပါတယ်။ ပြိုင်ပွဲတာဝန်ရှိသူတွော ဘောလုံးကို အဝေးကန်ထုတ်ပစ်တာနဲ့ ကတ်ပြားပြသဖို့ အမူအရာလုပ်ပြတာတွေအပါအဝင် စည်းမျဉ်းသစ်တွေကို ပြဌာန်းခဲ့တာဖြစ်ပြီး အာတီတာက ဟာဗတ်ဇ်ကို ရိုဒရီ ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် စတုတ္ထဒိုင်ကို အဝါကတ်ပြားပြသဖို့ အမူအရာသွားလုပ်ပြတာကြောင့် စတူးဝပ် အတ်ဝဲလ်က အဝါကတ်ပြားပြသခဲ့တာဖြစ်ပါတယ်။
၂။ ဝေဖန်သံတွေ ပြန်ညံခဲ့တဲ့ ခိုင် ဟာဗတ်ဇ်
အာဆင်နယ်က ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာက ခြေစွမ်းပိုင်းတည်ငြိမ်ဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားတစ်ဦးအပေါ်မှာ ကြီးမားတဲ့ ယုံကြည်မှုပြသခဲ့တာဖြစ်ပြီး ဂျာမန်ကြယ်ပွင့်ရဲ့ ပါရမီနဲ့ အလားအလာကို ဘယ်သူမှ သံသယမရှိပေမယ့် ဂိုးသွင်းစွမ်းရည်ကိုတော့ သံသယရှိခဲ့ကြတာဖြစ်ပါတယ်။ ဟာဗတ်ဇ်ဟာ ချဲလ်ဆီးအတွက် ၁၃၉ ပွဲမှာ ၃၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အရေးအကြောင်းဆို လွဲချော်တတ်တာကြောင့် မကြာခဏ ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲစဉ် ပထမပိုင်းမှာ အဲဒီဝေဖန်မှုတွေ ဘာကြောင့်ခံခဲ့ရလဲဆိုတာကို မြင်တွေ့ခဲ့ရပြီး အပိုင်အခွင့်အရေး ၂ ကြိမ်စလုံးကို အသုံးမချနိုင်ခဲ့ဘဲ ပထမအကြိမ်က မန်စီးတီးဂိုးသမားကောင်းသွားတာဖြစ်ပေမယ့် ဒုတိယအကြိမ်ကတော့ ဂိုးသမား တည့်တည့်ကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။
၃။ ပွဲဦးထွက်တွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကိုဗာချစ်
ချဲလ်ဆီးကနေ မန်စီးတီးကို ယခုနွေရာသီမှာ ပေါင် ၂၅ သန်းနဲ့ ပြောင်းလာတဲ့ ကိုဗာချစ်ဟာ ဂွါဒီယိုလာနှစ်သက်တဲ့ကစားသမားမျိုးဖြစ်တယ်လို့ ခံစားခဲ့ရပြီး ဒီနေ့ပွဲစဉ်မှာ မန်စီးတီးအတွက် သင့်တော်တဲ့ကစားသမားဆိုတာကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ကိုဗာချစ်ဟာ ဂန်ဒိုဝမ်နဲ့ အရမ်းကွာခြားတဲ့ကစားသမားဖြစ်ပေမယ့်လည်း ဘောလုံးပေးပို့နိုင်စွမ်းနဲ့ အရှိန်အဟုန်နဲ့ ခံစစ်ကနေ တိုက်စစ်ကို ပြေးလွှားနိုင်စွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း ဒီကလန် ရိုက်၊ တင်းဘား၊ ဟာဗတ်ဇ်တို့ကို ပွဲထုတ်ခဲ့ပြီး ဂန်းနားကစားသမားသစ်တွေဟာ အာတီတာရဲ့ ကစားကွက်ထဲမှာ အံဝင်ခဲ့ပေမယ့်လည်း ကိုဗာချစ်လောက်တော့ မတောက်ပခဲ့တာဖြစ်ပါတယ်။
၄။ သေသပ်တဲ့ဘောလုံးအထိအတွေ့တွေနဲ့ အော်ဒီဂွါဒ်
အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဝင်ဘလေကွင်းထဲက အာဆင်နယ်ပရိသတ်တွေကို ရင်သပ်ရှုမောအောင် လုပ်ပြနိုင်ခဲ့ပြီး ပထမတစ်ကြိမ်က ကောင်းကင်ပေါ်က ကျလာတဲ့ဘောလုံးကို လှလှပပ ထိန်းသိမ်းပြခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ဘောလုံးစွမ်းရည်အချို့ပြသပြီးနောက် မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို မြက်ခင်းပေါ်မှာ အလူးအလဲဖြစ်စေခဲ့တာဖြစ်ပါတယ်။
၅။ မန်စီးတီးလွှမ်းမိုးမှုကို အဆုံးသတ်ခဲ့တဲ့ အာဆင်နယ်
မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကြားမှာ ကြီးမားတဲ့ ကွာဟချက်မရှိတော့ဘူးဆိုတာ ဒီပွဲက ပြသခဲ့တာဖြစ်ပြီး တကယ့်တကယ်တမ်းပြောရမယ်ဆိုရင် အာဆင်နယ်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအတွက် လူစားဝင်ကစားပေးခဲ့တဲ့ ကိုး ပါလ်မာက တန်ပြန်တိုက်စစ်ကနေတဆင့် လျှပ်တပြက် ဂိုးကန်သွင်းယူနဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ချိန်မှာ ပွဲကစားချိန် ၇၇ မိနစ်ရှိနေပြီဖြစ်တာကြောင့် ဂန်းနားတွေ ပြန်လာနိုင်ပါ့မလားဆိုတဲ့ သံသယတွေ ကြီးထွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးကို ၉ ပွဲဆက်တိုက် ရှုံးနိမ့်တော့မယ့်ပုံပေါ်နေခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ၂၀၂၀ ဇူလိုင်လက အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်နောက်ပိုင်း ဂွါဒီယိုလာရဲ့အသင်းကို အနိုင်မရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာရဲ့ လူစားလဲလှယ်မှု မှန်ကန်ခဲ့ပြီး ထရော့ဆာ့ဒ်က ၁၀၁ မိနစ်မှာ အာဆင်နယ်အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်နဲ့ ဂန်းနားတွေ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review