လာမယ့်ရာသီ အာဆင်နယ် ဘယ်လိုရာသီအဆုံးသတ်မလဲ ခန့်မှန်းခဲ့တဲ့ စူပါကွန်ပျူတာ 1024 576 coyg

လာမယ့်ရာသီ အာဆင်နယ် ဘယ်လိုရာသီအဆုံးသတ်မလဲ ခန့်မှန်းခဲ့တဲ့ စူပါကွန်ပျူတာ

လာမယ့်အပတ်မှာ ပရီးမီးယားလိဂ် ရာသီသစ် စတင်တော့မှာဖြစ်တာကြောင့် ၂၀၂၃-၂၀၂၄ ရာသီဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကိန်းဂဏန်းသမားတွေက စတင်ပြီး ဟောကိန်းထုတ်နေကြပြီ ဖြစ်ပါတယ်။

လောင်းကစား ခန့်မှန်းချက်တွေ ထုတ်ပေးတဲ့ Bettingexpert က ပရီးမီးယားလိဂ်ရာသီသစ်တောင် မစတင်ရသေးခင်မှာ ရာသီကုန် အမှတ်ပေးဇယားရပ်တည်မှုကို ဟောကိန်းထုတ်လိုက်ပြီဖြစ်ပြီး ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာထက် စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပဲဖြစ်ပါတယ်။

စူပါကွန်ပျူတာက နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အဆင့် ၅ နေရာမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး လီဗာပူးလ်အသင်းက ထိပ်ဆုံး ၄ နေရာထဲက နေရာကို ပြန်လည်ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးက ၄ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်လာမှာဖြစ်ပြီး ချဲလ်ဆီးအသင်းက ထိပ်ဆုံး ၆ နေရာထဲ ပြန်ဝင်လာမှာဖြစ်သလို ဘရိုက်တန်၊ အက်စတန် ဗီလာနဲ့ ဝက်စ်ဟမ်းတို့အားလုံးကလည်း ထိပ်ဆုံး ၁၀ နေရာအတွင်းမှာ ရာသီပြီးဆုံးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ရာသီအချိန်အများစုကို ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ၂၀၂၃-၂၀၂၄ ရာသီမှာလည်း ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နိုင်မယ်လို့ စူပါကွန်ပျူတာက ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးဇယားရဲ့ အောက်ပိုင်းမှာတော့ လူတန်၊ ရှက်ဖီး၊ နော်တင်ဟမ် ဖောရက်စ်တို့ တန်းဆင်းသွားမှာဖြစ်ပြီး ဘုန်းမောက်၊ ဝုလ်ဗ်စ်၊ အဲဗာတန်နဲ့ တန်းတက် ဘန်လေတို့ကတော့ တန်းဆင်းဇုန်ကနေ သီသီလေး လွတ်မြောက်နိုင်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

စူပါကွန်ပျူတာ ဟောကိန်းထုတ်ခဲ့တဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား

၁။ မန်စီးတီး(၈၆.၆ မှတ်)

၂။ အာဆင်နယ်(၇၇.၅ မှတ်)

၃။ လီဗာပူးလ်(၇၆.၁ မှတ်)

၄။ မန်ယူနိုက်တက်(၇၃.၃ မှတ်)

၅။ နယူးကာဆယ်(၆၈.၃ မှတ်)

၆။ ချဲလ်ဆီး(၆၇.၈ မှတ်)

၇။ စပါးစ်(၆၂.၂ မှတ်)

၈။ ဘရိုက်တန်(၅၈.၁ မှတ်)

၉။ အက်စတန် ဗီလာ(၅၆.၅ မှတ်)

၁၀။ ဝက်စ်ဟမ်း(၄၇.၃ မှတ်)

၁၁။ ဘရန့်တ်ဖို့ဒ်(၄၆ မှတ်)

၁၂။ ပဲလေ့စ်(၄၃ မှတ်)

၁၃။ ဖူလ်ဟမ်(၄၀.၃ မှတ်)

၁၄။ ဘန်လေ(၃၉.၃ မှတ်)

၁၅။ အဲဗာတန်(၃၈.၇ မှတ်)

၁၆။ ဝုလ်ဗ်စ်(၃၈.၅ မှတ်)

၁၇။ ဘုန်းမောက်(၃၇.၂ မှတ်)

၁၈။ နော်တင်ဟမ်ဖောရက်စ်(၃၆.၂ မှတ်)

၁၉။ ရှက်ဖီးယူနိုက်တက်(၃၁. ၇ မှတ်)

၂၀။ လူတန်(၃၀.၅ မှတ်)

Arsenal Myanmar

Ref: Internet