မန်ယူနိုက်တက်ကို ငြင်းပြီး ဂန်းနားဖြစ်လာခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ တင်းဘား 1024 504 coyg

မန်ယူနိုက်တက်ကို ငြင်းပြီး ဂန်းနားဖြစ်လာခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ တင်းဘား

ယူရီယန် တင်းဘားဟာ ၎င်းကို ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာအောင် ကူညီပေးခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

တင်းဘားဟာ ယခုနွေရာသီအစောပိုင်းမှာ အိုင်းယက်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်မှာ နည်းပြဟောင်း အဲရစ် တန်ဟက်နဲ့ ပြန်လည်ဆုံစည်းနိုင်မယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တာစြဖ်ပါတယ်။ ဒတ်ချ်နောက်ခံကစားသမားဟာ အိုင်းယက် ပထမအသင်းထဲမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီးနောက် တန်ဟက်ရဲ့လက်အောက်မှာ ၃ နှစ်ကြာ ကစားပေးခဲ့ပြီး ဒတ်ချ်လိဂ်ဖလားကို ၂ ကြိမ်အထိ အတူတူ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအောင်မြင်မှုက တင်းဘားကို အိုးထရက်ဖို့ဒ် ပြောင်းရွှေ့ဖို့အတွက် မလုံလောက်ခဲ့ဘဲ အဲဒီအစား အာဆင်နယ်အသင်းကို အသင်းသစ်အဖြစ် တင်းဘားက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ အိုင်းယက်နောက်ခံကစားသမားကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း တင်းဘားက ၎င်းရဲ့ ခြေစွမ်း တိုးတက်လာမှုဟာ အဲရစ် တန်ဟက်ရဲ့ ကျေးဇူးကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲရစ် တန်ဟက်က ကျွန်တော့်ကို အများကြီးပိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာအောင် လုပ်ပေးခဲ့ပြီး ယုံကြည်မှုပေးခဲ့ပါတယ်။ ကျွန်တော် အိုင်းယက်မှာ နောက်ထပ် ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ကစားသမားတစ်ယောက်အဖြစ်နဲ့ တိုးတက်ခဲ့ပါတယ်။ အခု အချိန်ကျပြီလို့ ခံစားရပါတယ်။ ကျွန်တော် နှစ်တိုင်း ငါက နောက်ခံကစားသမားတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ တိုးတက်လာပြီလဲဆိုတာကို ပြန်ကြည့်ပါတယ်။ ကျွန်တော့်ရဲ့ အန္တိမရည်မှန်းချက်က ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံကစားသမားဖြစ်လာဖို့ပါ။ မနှစ်က ကျွန်တော့်စာချုပ်သက်တမ်းတိုးခဲ့ပြီး ကျွန်တော် ထွက်ခွာမယ့်ကိစ္စနဲ့ပတ်သက်ပြီး အသင်းနဲ့ သဘောတူညီမှုယူခဲ့တယ်။ ကျွန်တော် အိုင်းယက်မှာ တွေးကြည့်လို့ရနိုင်တဲ့ အကောင်းဆုံးဘောလုံးလေ့ကျင့်ရေးမှုကို လုပ်နိုင်ခဲ့ပြီး အရမ်းကောင်းမွန်တဲ့ ခြေလှမ်းတွေ လှမ်းနိုင်ခဲ့တယ်။ ခင်ဗျား တစ်စုံတရာပြန်ပေးရမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ်နဲ့ ပေါင်သန်း ၄၀ ဝန်းကျင် ပြန်ပေးနိုင်ခဲ့တာက ပြီးပြည့်စုံလုနီးပါး အခြေအနေပါပဲ။ ဟုတ်တာပေါ့။ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာကောင်းခဲ့တယ်။ ဒါပေမယ့် အဲဒီမတိုင်ခင်က ကျွန်တော်တို့ လိဂ်ဖလား ၂ ကြိမ်အနိုင်ရခဲ့ပြီး အံ့အားသင့်စရာနှစ်တွေကို ပိုင်ဆိုင်ခဲ့တယ်။ ”

တင်းဘားက အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ မဆုံးဖြတ်ခင် အာဆင်နယ်နည်းပြ အာတီတာနဲ့ စကားပြောဆိုခဲ့တဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အဲဒီပြောဆိုမှုတွေဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လူချင်းမတွေ့ခင် Zoom ကနေ စတင်ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော် သူတို့ ကစားတဲ့ပုံစံကို နှစ်သက်ပြီးသားပါ။ အာတီတာနဲ့ အကြိမ်ပေါင်းများစွာ များသောအားဖြင့် Zoom နဲ့ ပြောဖြစ်ခဲ့ပြီး မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲစဉ် ရက်ပိုင်းအတွင်းမှာလည်း ပြောခဲ့ကြတယ်။ ကျွန်တော်တို့ လူချင်းတွေ့ဆုံခဲ့ပြီး ကျွန်တော် လုံးဝကို ယုံကြည်သွားခဲ့တယ်။ဟုတ်တာပေါ့။ ဘောလုံးနဲ့သက်ဆိုင်တဲ့ကိစ္စက အဓိကပေါ့။ ဒါပေမယ့် နည်းပြက ကျွန်တော့်ကို လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အာရုံစိုက်ခဲ့ပြီး ကျွန်တော့်ကို ပိုပြီးကောင်းကောင်း သိချင်ခဲ့တာ ရှင်းပါတယ်။ သူက ကျွန်တော့်ကို အသင်းရဲ့ ပိုပြီးတောင် ကောင်းမွန်လာနိုင်တဲ့ ပုံစံကိုတောင် ပြောပြခဲ့တယ်။ ကျွန်တော် ဒန်းနစ် ဘားကမ့်နဲ့ ရော်ဘင် ဗန်ပါစီတို့ကြောင့်လည်း သိသင့်သလောက် သိခဲ့ရတယ်။ ဒါပေမယ့် အာဆင်နယ်က ဘယ်လိုမျိုးအသင်းလဲဆိုတာ ဒီနေ့ခေတ်မှာ ဒတ်ချ်လက်ရွေးစင်အသင်းက ဘယ်သူ့ကိုမှ မေးလို့မရပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet