ဂန်းနားတို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ကာလရှည် ဦးဆောင်နိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ အကျိုးအမြတ် ၂ ခု
အာဆင်နယ်အသင်းဟာ ဘုန်းမောက်ကို ၃-၂ နဲ့ ထူးခြားတဲ့ နိုင်ပွဲ ရရှိခဲ့မှုနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ်ပြီး ၎င်းတို့ရဲ့ ဆုဖလား ကံကြမ္မာကို အာမခံချက် အခိုင်အမာ ရယူခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဲဗာတန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် စနေနေ့ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲကစားဖို့ ကျန်နေတဲ့ အရေးကြီးတဲ့ပွဲစဉ်တွေအားလုံးကို အနိုင်ရရှိခဲ့ပြီးနောက် ဘုန်းမောက်နဲ့ပွဲစဉ်မှာ အထူးခြားဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် ပြိုင်ပွဲမှာ ဦးဆောင်သူနေရာကနေ သက်တောင့်သက်သာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုအခါ အထင်ကြီးဖွယ် ဘောလုံးရာသီကို ပိုင်ဆိုင်နေပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ကာလရှည်ကြာ ဦးဆောင်နေနိုင်မှုကြောင့် ကြီးမားတဲ့ အကျိုးအမြတ် ၂ ခု ရရှိနေပြီး အဲဒီအရာတွေကတော့..
ပြန်လာနိုင်စွမ်း
ပြိုင်ဘက်ပရိသတ်တွေဟာ အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ ရှုံးနိမ့်မှု၊ ဘရန့်တ်ဖို့ဒ်နဲ့ သရေပွဲ၊ မန်စီးတီးကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့မှုက ဂန်းနားတွေရဲ့ ကျဆုံးခန်းအစလို့ ယူဆခဲ့ပေမယ့်လည်း အထင်နဲ့အမြင် တက်တက်စင်အောင်လွဲခဲ့ပြီး အာတီတာရဲ့အသင်းဟာ နိုင်ပွဲနဲ့အတူ ပြန်လာနိုင်တာတောင်မှ ၄ ပွဲဆက်နိုင်ပွဲနဲ့ ပြန်လာပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ၅မှတ်အသာနဲ့ ဦးဆောင်နေတာက ကြီးမားတဲ့ ရမှတ်ကွာဟချက်မဟုတ်ပေမယ့် နောက်ဆုံးမိနစ်တွေမှာ ရှုံးနေရာကနေ ပြန်လာပြီး ရမှတ်ကွာဟမှုကို ပြန်လည်ရယူနိုင်ခဲ့တာက ချန်ပီယံဖြစ်လိုစိတ်နဲ့ ကစားနေတဲ့ အသင်းရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်း၊ စိတ်ဆန္ဒ၊ တိုက်ပွဲဝင်လိုစိတ်၊ စိတ်ပိုင်းဖြတ်မှုအစရှိတာတွေကို ရရှိနေခဲ့တာဖြစ်ပါတယ်။
ကံ ဉာဏ် ဝရိယဆိုတဲ့အတိုင်း ကံတရားကလည်း အာဆင်နယ်ဘက်မှာ ဖေးမနေပြီး လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ၉၇ မိနစ်မှာ ရိစ် နယ်လ်ဆန်ဆီ ရောက်သွားတဲ့ဘောလုံးက ဘေးချော်တာ၊ ဒါမှမဟုတ် မိုးပေါ်ထောင်တာမျိုး ဖြစ်ခဲ့မှာဖြစ်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အွန်နရီကို ပြန်မြင်လိုက်ရသလိုမျိုး ခံစားခဲ့ရတာဖြစ်ပါတယ်။
၂။ အခုမှ အစပဲရှိသေးတယ်ဆိုပြီး ကစားကောင်းတွေကို ဆွဲဆောင်နိုင်မှု
ပရီးမီးယားလိဂ်ဖလားက အာဆင်နယ်ရဲ့ ပန်းတိုင်ဖြစ်ပေမယ့်လည်း ယခုရာသီမှာ ဂန်းနားတွေအတွက် နောက်ထပ်ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတစ်ခုအပေါ်မှာလည်း အာရုံစိုက်နေပါတယ်။ ဒါကကျိန်းသေလုနီးပါးဖြစ်နေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားရဖို့ဖြစ်နေပြီး ကစားသမားတွေကို ပြောင်းရွှေ့ချင်လာအောင် စည်းရုံးတဲ့အပိုင်းနဲ့ပတ်သက်တဲ့ ကစားသမားသစ်စုဆောင်းမှု အဆင့်အတန်းနဲ့ အပိုငွေကြေးတွေက ဒီလူစာရင်းရဲ့ အနာဂတ်ကို လုံးဝကို ကြောက်မက်ဖွယ်ရာဖြစ်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြဌာန်းပြီးသားဖြစ်တဲ့ ယဉ်ကျေးမှုနဲ့ အမာခံလူငယ်အင်အားစုတွေက အရည်အသွေးရှိတဲ့ ကစားသမားတွေအတွက် နေချင်စဖွယ် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်မရှိဘဲနဲ့တောင် ဂါဘရီယဲလ် ဂျေးဇု၊ ဇင်ချန်ကို၊ ဖေဘီယို ဗီယာရာ၊ အသင်းကို ပြန်လာတဲ့ ဝီလီယံ ဆာလီဘာတို့ကို ခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီကလန် ရိုက်စ်လိုမျိုး နွေရာသီပစ်မှတ်တွေဟာ အမ်းမရိတ်စ်ကို ပြောင်းဖို့ စဉ်းစားလာကြပြီဖြစ်ပြီး ခုပြောခဲ့တဲ့အားလုံးက အမှန်ဖြစ်လာတော့မှာပါ။ ကမ္ဘာ့အဆင့် အရည်အချင်းရှိတဲ့ကစားသမားတွေကို ခေါ်ယူခြင်းအားဖြင့် အသင်းကို နောက်ထပ်အဆင့်တစ်ခုကို ပို့ဆောင်ပေးနိုင်မှာဖြစ်ပြီး လက်ရှိအချိန် ဇယားထိပ်မှာ ၅ မှတ်ဖြတ်ထားနိုင်တာက ပြည်တွင်းမှာရော ပြည်ပမှာပါ အောင်မြင်တဲ့အနာဂတ်ရှိလာနိုင်တဲ့ လက္ခဏာပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္အသင္းဟာ ဘုန္းေမာက္ကို ၃-၂ နဲ႔ ထူးျခားတဲ့ ႏိုင္ပြဲ ရရွိခဲ့မႈနဲ႔အတူ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ၿပီး ၎တို႔ရဲ႕ ဆုဖလား ကံၾကမၼာကို အာမခံခ်က္ အခိုင္အမာ ရယူခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ အဲဗာတန္ကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ စေနေန႔ပြဲစဥ္ကို ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ပြဲကစားဖို႔ က်န္ေနတဲ့ အေရးႀကီးတဲ့ပြဲစဥ္ေတြအားလုံးကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ အထူးျခားဆုံးႏိုင္ပြဲကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ ၿပိဳင္ပြဲမွာ ဦးေဆာင္သူေနရာကေန သက္ေတာင့္သက္သာ ရပ္တည္ေနတာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ ယခုအခါ အထင္ႀကီးဖြယ္ ေဘာလုံးရာသီကို ပိုင္ဆိုင္ေနၿပီး အမွတ္ေပးဇယား ထိပ္ဆုံးမွာ ကာလရွည္ၾကာ ဦးေဆာင္ေနႏိုင္မႈေၾကာင့္ ျကီးမားတဲ့ အက်ိဳးအျမတ္ ၂ ခု ရရိွေနျပီး အဲဒီအရာေတြကေတာ့..
ျပန္လာႏိုင္စြမ္း
ၿပိဳင္ဘက္ပရိသတ္ေတြဟာ အဲဗာတန္ကို ဂြတ္ဒီဆင္ပါ့ခ္မွာ ရႈံးနိမ့္မႈ၊ ဘရန႔္တ္ဖို႔ဒ္နဲ႔ သေရပြဲ၊ မန္စီးတီးကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့မႈက ဂန္းနားေတြရဲ႕ က်ဆုံးခန္းအစလို႔ ယူဆခဲ့ေပမယ့္လည္း အထင္နဲ႔အျမင္ တက္တက္စင္ေအာင္လြဲခဲ့ၿပီး အာတီတာရဲ႕အသင္းဟာ ႏိုင္ပြဲနဲ႔အတူ ျပန္လာႏိုင္တာေတာင္မွ ၄ ပြဲဆက္ႏိုင္ပြဲနဲ႔ ျပန္လာျပခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းက ၅မွတ္အသာနဲ႔ ဦးေဆာင္ေနတာက ႀကီးမားတဲ့ ရမွတ္ကြာဟခ်က္မဟုတ္ေပမယ့္ ေနာက္ဆံုးမိနစ္ေတြမွာ ရႈံးေနရာကေန ျပန္လာၿပီး ရမွတ္ကြာဟမႈကို ျပန္လည္ရယူႏိုင္ခဲ့တာက ခ်န္ပီယံျဖစ္လိုစိတ္နဲ႔ ကစားေနတဲ့ အသင္းရဲ႔ ႀကံ့ႀကံ့ခံႏိုင္စြမ္း၊ ယွဥ္ၿပိဳင္ႏိုင္စြမ္း၊ စိတ္ဆႏၵ၊ တိုက္ပြဲဝင္လိုစိတ္၊ စိတ္ပိုင္းျဖတ္မႈအစရိွတာေတြကို ရရိွေနခဲ့တာျဖစ္ပါတယ္။
ကံ ဉာဏ္ ၀ရိယဆိုတဲ့အတိုင္း ကံတရားကလည္း အာဆင္နယ္ဘက္မွာ ေဖးမေနၿပီး လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကဆိုရင္ ၉၇ မိနစ္မွာ ရိစ္ နယ္လ္ဆန္ဆီ ေရာက္သြားတဲ့ေဘာလုံးက ေဘးေခ်ာ္တာ၊ ဒါမွမဟုတ္ မိုးေပၚေထာင္တာမ်ိဳး ျဖစ္ခဲ့မွာျဖစ္ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ အြန္နရီကို ျပန္ျမင္လိုက္ရသလိုမ်ိဳး ခံစားခဲ့ရတာျဖစ္ပါတယ္။
၂။ အခုမွ အစပဲရွိေသးတယ္ဆိုၿပီး ကစားေကာင္းေတြကို ဆြဲေဆာင္ႏိုင္မႈ
ပရီးမီးယားလိဂ္ဖလားက အာဆင္နယ္ရဲ႕ ပန္းတိုင္ျဖစ္ေပမယ့္လည္း ယခုရာသီမွာ ဂန္းနားေတြအတြက္ ေနာက္ထပ္ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈတစ္ခုအေပၚမွာလည္း အာ႐ုံစိုက္ေနပါတယ္။ ဒါကက်ိန္းေသလုနီးပါးျဖစ္ေနတဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားရဖို႔ျဖစ္ေနၿပီး ကစားသမားေတြကို ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ စည္း႐ုံးတဲ့အပိုင္းနဲ႔ပတ္သက္တဲ့ ကစားသမားသစ္စုေဆာင္းမႈ အဆင့္အတန္းနဲ႔ အပိုေငြေၾကးေတြက ဒီလူစာရင္းရဲ႕ အနာဂတ္ကို လုံးဝကို ေၾကာက္မက္ဖြယ္ရာျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ျပဌာန္းၿပီးသားျဖစ္တဲ့ ယဥ္ေက်းမႈနဲ႔ အမာခံလူငယ္အင္အားစုေတြက အရည္အေသြးရွိတဲ့ ကစားသမားေတြအတြက္ ေနခ်င္စဖြယ္ ပတ္ဝန္းက်င္ကို ဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ဝင္ခြင့္မရွိဘဲနဲ႔ေတာင္ ဂါဘရီယဲလ္ ေဂ်းဇု၊ ဇင္ခ်န္ကို၊ ေဖဘီယို ဗီယာရာ၊ အသင္းကို ျပန္လာတဲ့ ဝီလီယံ ဆာလီဘာတို႔ကို ေခၚယူႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဒီကလန္ ႐ိုက္စ္လိုမ်ိဳး ေႏြရာသီပစ္မွတ္ေတြဟာ အမ္းမရိတ္စ္ကို ေျပာင္းဖို႔ စဥ္းစားလာၾကျပီျဖစ္ၿပီး ခုေျပာခဲ့တဲ့အားလုံးက အမွန္ျဖစ္လာေတာ့မွာပါ။ ကမာၻ႔အဆင့္ အရည္အခ်င္းရွိတဲ့ကစားသမားေတြကို ေခၚယူျခင္းအားျဖင့္ အသင္းကို ေနာက္ထပ္အဆင့္တစ္ခုကို ပို႔ေဆာင္ေပးႏိုင္မွာျဖစ္ၿပီး လက္ရွိအခ်ိန္ ဇယားထိပ္မွာ ၅ မွတ္ျဖတ္ထားႏိုင္တာက ျပည္တြင္းမွာေရာ ျပည္ပမွာပါ ေအာင္ျမင္တဲ့အနာဂတ္ရွိလာႏိုင္တဲ့ လကၡဏာပါတယ္။
Arsenal Myanmar
Ref: Internet