မာတီနက်ဇ်ရဲ့ လူချမှု၊ ရိုက်ရဲ့ပထမဆုံးပွဲထွက်ပါဝင်မှု အပါအဝင် အင်တာဗျူးမှာ အာတီတာပြောခဲ့သမျှ
အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ နယူးဂျာစီမှာ မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိချင်နေမယ့်အကြောင်းအရာတွေကို အဖြေပေးခဲ့ပါတယ်။
မေး- ရလဒ်မကောင်းခဲ့ပေမယ့်လည်းအကောင်းဘက်ကနေ ယူစရာတွေ ရှိခဲ့လား။
ဖြေ- ကောင်းတဲ့ဘက်ကနေဆိုရင် ဒါက စမ်းသပ်တဲ့ပွဲပါ။ ဒီလို အဆင့်မှာ ဒီအခြေအနေက ခင်ဗျားကို သတင်းအချက်အလက်တွေ အများကြီးပေးပါတယ်။ ဒါက အမြဲတမ်း အပြုသဘောဆောင်ပါတယ်။ သတင်းအချက်လက်က တိုးတက်အောင်လုပ်ရမယ့်အရာတွေ အများကြီးရှိသေးတယ်တဲ့။ ပင်နယ်တီဧရိယာထဲက အခွင့်အရေးတွေက အမြဲတမ်းလိုပဲ အရေးပါတယ်။ ဘာလို့လဲဆိုတော့ မာတီနယ်လီသာ အခွင့်အရေး ၂ ခုကို မလွဲချော်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ၁-၀ နဲ့ ဦးဆောင်နိုင်မှာဖြစ်ပြီး အဲဒီလိုသာဖြစ်ခဲ့ရင် နည်းနည်း ကွာခြားသွားနိုင်ပါတယ်။ အမှားဆိုတာကတော့ ဘောလုံးရဲ့ အစိတ်အပိုင်းဖြစ်ပြီး ခင်ဗျား အဲဒါကိုလည်း ဖြတ်ကျော်နိုင်ရမှာပါ။
ခြေစမ်းပွဲဖြစ်နေတာတောင်မှ ဘောလုံးပွဲတစ်ပွဲကို ရှုံးနိမ့်ရတာက ဘယ်လောက်နာကျင်ရလဲဆိုတာကို မြင်ရတဲ့ ခြေစမ်းပွဲတစ်ပွဲပါ။ ကျွန်တော် ကစားသမားတွေ နာကျင်နေပြီး ဒီရှုံးပွဲအပြီးမှာသူတို့တွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း မြင်ချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ တကယ်ကို တောင်းဆိုမှုတွေ ရှိခဲ့ပြီး ကစားသမားအချို့က သူတို့ လုပ်ခဲ့တာထက် ပိုပြီးတော့ နည်းနည်းထုတ်ဖော်ပြစေချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုကို တည်ဆောက်ချင်တဲ့ပုံစံကြောင့်ပါ။ အားလုံးခြုံပြောရရင် သူတို့တွေက ပိုထိရောက်တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်။ ကျွန်တော်တို့လည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပိုပြီး လွှမ်းမိုးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ကျိန်းသေပေါက်အသုံးမချနိုင်ခဲ့လို့ သူတို့တွေ အနိုင်ရသွားတာပါ။
မေး- မန်ယူနိုက်တက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ချဉ်းကပ်ပုံကို ဘယ်လိုလုပ်မလဲ။
ဖြေ- သူတို့က ဒီကို ယှဉ်ပြိုင်ဖို့ ရောက်လာတာဖြစ်ပြီး ကျွန်တော်တို့လိုပဲ အနိုင်ရဖို့ ကစားခဲ့တာပါ။ ရုပ်ပိုင်းဆိုင်ရာ ချဉ်းကပ်ပုံကို ရပ်တန့်ရမှာက ဒိုင်လူကြီးရဲ့ အလုပ်ပဲ။
မေး- သူတို့ရဲ့ ချဉ်းကပ်ပုံက ခင်ဗျားကစားသမားတွေအတွက် ခုလာမယ့်ရာသီမတိုင်ခင် သင်ခန်းစာကောင်းဖြစ်ခဲ့လား။
ဖြေ- ဖြစ်ခဲ့ပါတယ်။ ခင်ဗျား မနေ့က ကျွန်တော့်ကို ဒီလာမယ့်ရာသီက ဘယ်လောက်ခက်မလဲ ဒါမှမဟုတ် ဘယ်လောက်အထိ လွယ်ကူနိုင်မလဲလို့ မေးခဲ့တယ်။ အဲဒါက ပိုပြီးတော့ ခက်ခဲပြီး ပိုပြီးတော့ စိန်ခေါ်မှုရှိလာမှာပါ။ အသင်းတိုင်းရဲ့ အဆင့်အတန်းနဲ့ ကြိုတင်ပြင်ဆင်မှုတွေက အရမ်းကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ သိခဲ့ရတယ်။ သူတို့တွေ ဒီပွဲမတိုင်ခင် ၂ ပွဲကစားထားပြီးပြီ။ ကျွန်တော်တို့အနေနဲ့ ဒီခြေစမ်းပွဲက တကယ်ကို တောင်းဆိုမှုတွေ ရှိလိမ့်မယ်လို့ သိထားခဲ့ပြီးသားပါ။ ဗုဒ္ဓဟူးနေ့မှာလည်း ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
မေး- တင်းဘားရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုသဘောရလဲ။
ဖြေ- ယူရီယန်ရဲ့ စွမ်းဆောင်ရည်နဲ့ သူ့ကို လုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး တကယ်စိတ်ကျေနပ်မိခဲ့ပါတယ်။ သူက အသင်းမှာ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့တယ်။ ခင်ဗျား သူ ကစားခဲ့တဲ့ ယုံကြည်မှုနဲ့ စိတ်ပိုင်းဖြတ်မှုကို မြင်နိုင်ပါတယ်။
မေး- တစ်စုံတယောက်က ဒီနေ့ အန်ဂီ ပိုစတီဂလူ(စပါးစ်နည်းပြ)ကို ကိန်းရဲ့ ဘိုင်ယန်မြူးနစ်ရှပ်ကို ပေးခဲ့တယ်။ ခင်ဗျားရော သတင်းစာရှင်းလင်းပွဲမှာ ဒီလို ရူးသွပ်ချင်စရာကိစ္စမျိုးရှိခဲ့ဖူးလား။
ဖြေ- မရှိပါဘူး။ ကျွန်တော် လုပ်နိုင်တာဆိုလို့ အရမ်းပျင်းစရာကောင်းတဲ့သတင်းစာရှင်းလင်းပွဲပဲ ဖြစ်ပါလိမ့်မယ်
မေး- အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်နဲ့ ရိုက်တို့ ၃ ဦးကို ပထမဆုံးအကြိမ် သုံးတော့ ဘယ်လိုနေလဲ။
ဖြေ- သူတို့တွေ ၅၅ ကြိမ်လောက် အတူတူကစားပြီးတဲ့အခါမှာ ပိုကောင်းလာပါလိမ့်မယ်။ ပိုပြီးတော့ ကောင်းကောင်း စီးမျောနိုင်မှာပါ။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းပိုနားလည်လာမှာဖြစ်ပြီး ကျွန်တော်တို့ပိုပြီးတော့ လွှမ်းမိုးလာနိုင်မှာပါ။ ဒါပေမယ့် အရာအားလုံးက အချိန်ယူရပြီး အဲဒါကို ကျွန်တော်တို့ လေးစားမှုရှိရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကထက် အများကြီးပိုပြီး အပြုသဘောဆောင်တဲ့အရာတွေအများကြီး မြင်တွေ့ခဲ့ရပါတယ်။
မေး- ဒီပွဲက ခင်ဗျား ဘာကို သင်ခန်းစာယူနိုင်ခဲ့လဲ။
ဖြေ-ကျွန်တော် ရှုံးနိမ့်ရတာကို မုန်းတယ်။ကျွန်တော်တို့အားလုံးလည်း ရှုံးရတာကို မုန်းတယ်။ ဒါက အကြီးမားဆုံး သင်ခန်းစာပဲ။ ကျွန်တော် အခုအချိန် ဖြစ်နေတဲ့ ခံစားချက်ကို မကြိုက်ဘူး။ ကောင်လေးတွေက အခုအချိန်မှာ ငါတို့တွေ လာမယ့်ပွဲမှာ အနိုင်ရဖို့ ပိုကောင်းရမယ်ဆိုတဲ့အတွေးနဲ့ လေ့ကျင့်ရမှာပါ။
မေး- ဒီနေ့ ဘာလိုဂန် မကစားခဲ့တာကြောင့် တိုက်စစ်မှူးအခြေအနေ နောက်ဆုံးသတင်းကရော။
ဖြေ- ဟုတ်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှာ ရွေးချယ်စရာအချို့ ရှိပြီး ကျွန်တော်တို့ ကစားသမားအချို့ကို သုံးချင်တာကြောင့် ကစားသမားအချို့ကို မမြင်တွေ့ခဲ့ရတာပါ။ ဒါပေမယ့် သူတို့တွေကို လာမယ့်ပွဲမှာ မြင်တွေ့ခွင့်ရမှာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Exclusive Interview
- Manager's Talk
- News