အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာ user

အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာ

အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာအာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ပီအက်စ်ဗွီကြယ်ပွင့် ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလကို အကောင်းဆုံးပုံစံနဲ့ စတင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့သလို ဒီကလန် ရိုက်စ်နဲ့ ယူရီယန် တင်းဘားတို့ကိုလည်း မကြာမီအချိန်အတွင်း မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်ဟာ ယူရီယန် တင်းဘားရဲ့ လက်ရွေးစင်အသင်းဖော်တွေထဲက တစ်ဦးဖြစ်တဲ့ ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ အခွင့်အရေး ရရှိခဲ့ပြီဖြစ်တယ်လို့ ဂျာနယ်လစ် ပေါလ် ဘရောင်းက Givemesport ကို ပြောကြားခဲ့ပါတယ်။

ဇာဗီ ဆိုင်မွန်ဟာ ပြီးခဲ့တဲ့ရာသီမှာ စိတ်လှုပ်ရှားဖွယ် ရာသီကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး နယ်သာလန်ကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာက အံ့အားသင့်စရာမဟုတ်တော့တာ ဖြစ်ပါတယ်။ ပါရမီရှင် ဒတ်ချ်လူငယ်ကစားသမားဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ကစားသမားတစ်ယောက်အတွက်ကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကိန်းဂဏန်းတွေဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဆိုင်မွန်ကို ယခုနွေရာသီမှာ ပေါင် ၅ သန်းလောက်နဲ့ ပြန်ခေါ်ဖို့ ရွေးချယ်ခွင့်ရှိပေမယ့်လည်း အဲဒီလို လုပ်ချင်တယ်ဆိုရင်တောင်မှ ဒတ်ချ်လူငယ်ကြယ်ပွင့်က သဘောတူညီမှသာ ဖြစ်နိုင်မှာဖြစ်ပါတယ်။ ပေါလ် ဘရောင်းက လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ပီအက်စ်ဗွီလူငယ်ကြယ်ပွင့်လေးကို ခေါ်ယူဖို့ အခွင့်အရေး ကမ်းလှမ်းခြင်း ခံခဲ့ရပြီဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ ကျွန်တော် သိထားတယ်။ သူတို့တွေ စိတ်ဝင်စားမှု ရှိနေပေမယ့်လည်း ဘာမှတော့ ဆက်မလုပ်သေးပါဘူး။ ရိုမီယို လာဗီယာကို ခေါ်ယူဖို့ သူတို့တွေ စုံစမ်းမေးမြန်းခဲ့တာ ရှင်းလင်းပြီး သူက အမ်းမရိတ်စ်ကို ပြောင်းနိုင်ခြေပိုရှိတဲ့သူတွေထဲက တစ်ဦးပါ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ ဒီကလန် ရိုက်ကို အပြီးသတ်ခေါ်ယူပြီးတာနဲ့ အာဆင်နယ်က နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦးကို ဝယ်ယူသွားမယ်ထင်တယ်။ သူတို့တွေ တစ်ယောက်ယောက်ကိုတော့ အရင်ဆုံး ရောင်းထုတ်မယ်လို့ ထင်တယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဇာဗီ ဆိုင်မွန်ဟာ အခုမှ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့်လည်း ဥရောပမှာ ၎င်းရဲ့ နာမည်ကို သိနေခဲ့ကြတာ နှစ်အနည်းငယ်ရှိနေပြီဖြစ်ပြီး အာတီတာက ပြီးခဲ့တဲ့ရာသီမစခင်ကတည်းက ဒတ်ချ်လူငယ်ကြယ်ပွင့်လေးအကြောင်း အားလုံးသိခဲ့တာဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း ဂန်းနားနည်းပြဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းက ပီအက်စ်ဗွီနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ၂ ကြိမ်စလုံးမှာ အနီးကပ် သေချာကြည့်ရှုခွင့် ရရှိခဲ့တာဖြစ်ပြီး ဆိုင်မွန်အနေနဲ့ အာဆင်နယ်ကို ၂ ပွဲစလုံးမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မပြုလုပ်နိုင်ခဲ့ပေမယ့် နယ်သာလန်မြေမှာ ဂန်းနားတွေ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အာတီတာကို အထင်ကြီးစေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်း ကီဗင် ကမ်းဘဲလ်ဟာ နယ်သာလန် လူငယ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်ခဲ့ရပြီး ပြီးခဲ့လတုန်းက Egal Talks Football ကို “ကျွန်တော် သူ့ကို နှစ်သက်တယ်။ သူက ပီအက်စ်ဗွီမှာ အရမ်းကောင်းမွန်ခဲ့တယ်လို့ တွေးမိခဲ့တယ်။ သူ့ကို အာဆင်နယ်နဲ့ ရင်ဆိုင်ကစားတာကို ကြည့်ရှုခဲ့ချိန်မှာလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ တွေးမိခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet