ဆာလီဘာ သဲလွန်စ၊ ချာကာအဖြေ၊ ဟာဗတ်ဇ်အခန်းကဏ္ဍနဲ့ လေ့ကျင့်ရေးမှာ မြင်ခဲ့ရတဲ့အရာ ၅ ခု user

ဆာလီဘာ သဲလွန်စ၊ ချာကာအဖြေ၊ ဟာဗတ်ဇ်အခန်းကဏ္ဍနဲ့ လေ့ကျင့်ရေးမှာ မြင်ခဲ့ရတဲ့အရာ ၅ ခု

အာဆင်နယ်အသင်းဟာ ယခုလမှာ နိုင်ငံတကာပွဲစဉ် မကစားရတဲ့ ပထမအသင်း ကစားသမားတွေထဲက အချို့ကို ပြန်လည်ကြိုဆိုသွားမှာဖြစ်ပြီး အခြားကစာသးမားတွေကတော့ ထပ်တိုး အားလပ်ရက်တွေအပြီးမှာ ရာသီသစ်အတွက် အာရုံစိုက်ကြတော့မှ ဖြစ်ပါတယ်။

အမ်းမရိတ်စ်ကို သိပ်မကြာခင်မှာ မျက်နှာသစ်ကစာသးမားတွေ ရောက်ရှိလာတော့မှာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ ဆက်ဆံရေးအသစ်ကို တည်ဆောက်ကြတော့မှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ခိုင် ဟာဗတ်ဇ် ရောက်ရှိလာမှုကို အတည်ပြုခဲ့ပြီးဖြစ်သလို ဒီကလန် ရိုက်စ်နဲ့ တင်းဘားတို့ကိုလည်း ယခုအပတ်မှာ အပြီးသတ် ခေါ်ယူသွားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းကနေ ထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမားတွေ၊ ဒဏ်ရာပြဿနာတွေနဲ့ ကစားသမားသစ် ရောက်ရှိလာမှုတွေအားလုံးကို လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရပြီး အာဆင်နယ်အသင်း ထုတ်ပြန်ခဲ့တဲ့ လေ့ကျင့်ရေးဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ အရာ ၅ ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

မရေရာတဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတဲ့ ချာကာ

ချာကာက ၎င်းရဲ့ အနာဂတ်ဟာ ဝုလ်ဗ်စ်နဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ အဖြေထွက်လိမ့်မယ်လို့ ပြောခဲ့ပေမယ့်လည်း လေဗာကူဆင်အသင်းကို ပြောင်းရွှေ့မယ့်ကိစ္စက အခုအချိန်အထိ အဖြူအမည်း မသဲကွဲသေးတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းနဲ့ ဒီကလန် ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိခဲ့ပြီး အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေတာတောင်မှပဲ ချာကာရဲ့ အနာဂတ်အတွက် ချက်ချင်း အဖြေပေးနိုင်မယ့်ပုံမပေါ်သေးတာဖြစ်ပါတယ်။ လေ့ကျင့်ရေး ပြန်ဆင်းဖို့ အားလုံးက စိုင်းပြင်းနေချိန်မှာ ချာကာအနေနဲ့ မမျှော်လင့်ထားဘဲ လန်ဒန်ကိုနီကွင်းကို ပြန်လာနိုင်ပြီး ဆွစ်ဇာလန်ရဲ့ အန်ဒိုရာ၊ ရိုမေးနီးယားတို့နဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲ ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာကြောင့် လေ့ကျင့်ရေးကို ပထမဆုံးပြန်လာမယ့် ကစားသမားတွေထဲက တစ်ဦးမဟုတ်တာဖြစ်တဲ့အတွက် အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိအောင်လုပ်ဖို့ အချိန်ရှိနေသေးတာဖြစ်ပါတယ်။

အဖြေမထွက်သေးတဲ့ ဘာလိုဂန်ရဲ့ အနာဂတ်

ဘာလိုဂန်ဟာ ကနေဒါနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ယူအက်စ်အေအတွက် ပွဲထွက်ပါဝင်ကစားပေးပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ၂၀၂၃-၂၀၂၄ ရာသီကို ဘယ်အသင်းမှာ ကစားရမလဲဆိုတာ မသိရသေးတာဖြစ်ပါတယ်။ ဘာလိုဂန်ကလည်း ချာကာလိုမျိုး ထပ်တိုး အားလပ်ရက်အပြီးမှာ အသင်းကို ပြန်လာနိုင်ပြီး ၎င်းရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်အတွက် အသင်းနဲ့ စကားပြောသွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။ ဂန်းနားလူငယ်တိုက်စစ်မှူးရဲ့ ပြင်သစ်က အငှားကစားသမားဘဝ သွင်းဂိုးတွေက ထိပ်တန်းအဆင့်မှာ ပုံမှန်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ညွှန်ပြနေတာဖြစ်ပေမယ့်လည်း ဂျေးဇုနဲ့ ပွဲထွက်ကစားချိန်မှာ ယှဉ်နိုင်မှာမဟုတ်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာလိုဂန်အနေနဲ့ သိပ်မကြာခင်မှာ လေ့ကျင့်ရေး ပြန်ဆင်းပြီး အသင်းနဲ့အတူ ဆက်နေဖို့ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။

ခိုင်ဟာဗတ်ဇ်ရဲ့ အခန်းကဏ္ဍ

ခိုင် ဟာဗတ်ဇ်ဟာ ချဲလ်ဆီးနဲ့ စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့ရပြီး အဲဒီလိုဖြစ်ရတာကလည်း ကစားကွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အများစုက ဟာဗတ်ဇ်ရဲ့ အဆာင်နယ်ကို ပြောင်းရွှေ့မှုက ကွင်းလယ်မှာ ပြန်ကစားရနိုင်တယ်လို့ ယူဆထားပြီး မာတင် အော်ဒီဂွါဒ်နဲ့ တွဲကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။ လေ့ကျင့်ရေးက ပုံရိပ်တွေက ဟာဗတ်ဇ်ကို တကယ်ပဲ ကွင်းလယ်မှာ အသုံးပြုသွားမလားဆိုတာကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပေမယ့်လည်း ရာသီကြို ပွဲစဉ်တွေ မကစားခင်အထိတော့ အတည်ပြုဖို့တော့ ခက်နေဦးမှာဖြစ်ပါတယ်။

ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဆာလီဘာနဲ့ တိုမီယဆု

ဆာလီဘာနဲ့ တိုမီယဆုတို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ဒဏ်ရာကြောင့် အနားယူခဲ့ရသူဖြစ်တွေဖြစ်ပြီး နည်းပြ အာတီတာက ပြင်သစ်နောက်ခံကစားသမားအနေနဲ့ ရာသီကြိုအတွက် အဆင်သင့်ဖြစ်နေမှာလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အတိအကျ ပြောဖို့ စောလွန်းသေးပြီး ပြီးခဲ့တဲ့ ၂ လကထက်တော့ အများကြီးပိုပြီး အပြုသဘောဆောင်နေခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ တိုမီယဆုနဲ့ပတ်သက်ပြီးလည်း အာတီတာက ဆာလီဘာလိုပဲ ရာသီကြိုကာလမှာ ကောင်းမွန်တဲ့နေရာမှာ ရှိနေဖို့ အမှန်တကယ် နီးစပ်နေတယ်လို့ ယူဆကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် လေ့ကျင့်ရေးက ဒီကစားသမား ၂ ဦးက ဂျာမနီကို သွားမယ့် ခရီးအတွက် အဆင့်သင့်ဖြစ်၊ မဖြစ်ဆိုတာကို အကဲခတ်မှု ဖြစ်လာမှာဖြစ်ပြီး အဆင်သင့်မဖြစ်ဘူးဆိုရင် ယူအက်စ်အေကိုတော့ လိုက်ပါနိုင်ဖွယ်ရှိပါတယ်။

လူငယ်ကြယ်ပွင့်တွေရဲ့ လူတွေ့စစ်ဆေးမှု

ကစားသမားသစ်ခေါ်ယူမှုတွေကြောင့် စိတ်လှုပ်ရှားမှုတွေ ရှိနေချိန်မှာ ရာသီကြိုဟာ ဘယ်လူငယ်ကြယ်ပွင့်တွေက စီနီယာအဆင့်ကို တက်လှမ်းလာနိုင်မလဲဆိုတာကို မြင်တွေ့ခွင့်ရဖို့ အခွင့်အရေး အမြဲတမ်းဖြစ်ခဲ့တာဖြစ်ပါတယ်။ ရူရယ် ဝေါ်တာစ်တစ်ဦးတည်းသာ ပြီးခဲ့တဲ့နှစ်မှာ ယူအက်စ်အေကို ခေါ်ဆောင်သွားခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း အခြား လူငယ်ကြယ်ပွင့်အများအပြားကတော့ ဂျာမနီကို လိုက်ပါခွင့်ရခဲ့တာဖြစ်ပါတယ်။ ချာလီ ပါတီနိုရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေဆဲဖြစ်ပြီး အသင်းကနေ ထွက်ခွာမယ့် နောက်ထပ် လူငယ်ကြယ်ပွင့်တွေလည်း ရှိနေတာဖြစ်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်က ဘယ်ကစားသမားက ပထမအသင်းနဲ့အတူ စောစောကစားခွင့်ရမလဲဆိုတာနဲ့ ရာသီကြိုခရီးစဉ်အတွက် လေယာဉ်ပေါ်မှာ ဘယ်သူတွေပါမလဲဆိုတာကို ပြသခွင့်ရမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet