သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တဲ့အသင်းကို ပြောပြခဲ့တဲ့ ဂန်းနားပစ်မှတ်ရဲ့အေးဂျင့်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ
-အာဆင်နယ်ဟာ သောမတ်စ် ပါတေးကို ယခုနွေရာသီမှာ ချာကာနဲ့အတူ ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီး နှစ်ဦးစလုံးဟာ လာမယ့်ရက်သတ္တပတ်တွေမှာ အသင်းကို စွန့်ခွာတော့မယ်လို့ သိရပါတယ်။ အာတီတာဟာ ယခုနွေရာသီမှာ ကွင်းလယ်ကို သွေးသစ်လောင်းဖို့ မျှော်လင့်ထားတာကြောင့် ဒီကလန် ရိုက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ပြီးခဲ့တဲ့အပတ်မှာ အင်္ဂလန်ကြယ်ပွင့်အတွက် အဖွင့်ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းအသင်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ Daily Telegraph ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ သင့်တော်တဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဂါနာကွင်းလယ်ကြယ်ပွင့်ကို ရောင်းထုတ်ပြီး ငွေကြေးရှာဖွေသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။
– အဲရစ် တန်ဟက်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ အားထုတ်မှုမှာ တိုးတက်မှုမရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်ကို ယခုနွေရာသီမှာ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေပုံပေါ်ပေမယ့်လည်း ၎င်းတို့ရဲ့ ပေါင်သန်း ၈၀ နဲ့ အဖွင့်ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ရိုက်စ်ဟာ မြောက်လန်ဒန်ကို ပိုမို ပြောင်းရွှေ့ချင်နေတယ်လို့ နားလည်ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ မန်စီးတီးတို့ကလည်း အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူချင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Sun ရဲ့ ဖော်ပြချက်အရ တန်ဟက်က မန်ယူနိုက်တက်ရဲ့ ရိုက်စ်ကို ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်မှုကို အသင်းလွှဲပြောင်းရောင်းချဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေက နှောင့်နှေးကြန့်ကြာစေတဲ့အတွက် ဒေါသထွက်နေတယ်လို့ သိရပြီး ဂန်းနားတွေအတွက် ခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဘက်ဖြစ်လာဖို့ တော်တော်လေး အလှမ်းဝေးနေတာဖြစ်ပါတယ်။
– အလက်ဆစ် ဆန်းချက်ဇ်က အာဆင်နယ်ကို ယခုနွေရာသီမှာ ပြန်လည်ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေပြီး ၎င်းရဲ့ ကိုယ်စားလှယ်တွေဟာ ဂန်းနားတွေနဲ့ ဆက်သွယ်ခဲ့ပြီးဖြစ်တယ်လို့ ချီလီက သတင်းတွေအရ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ ယခုလကုန်မှာ မာဆေးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း လိဂူးဝမ်းကလပ်အသင်းဟာ ချီလီ လက်ရွေးစင်ကြယ်ပွင့်ကို နောက်ထပ်တစ်ရာသီ စာချုပ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ ဆန်းချက်ဇ်က ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်ရဲ့ အထူးချွန်ဆုံး စွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီးနောက် လိဂူးဝမ်းကလပ်အသင်းက အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။
ချီလီသတင်းစာ La Tercera ရဲ့ ဖော်ပြချက်အရ ဆန်းချက်ဇ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်နေဆဲဖြစ်ပြီး ဆော်ဒီ ပရိုလိဂ်က ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ရဲ့ အေးဂျင့်ဟာ ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို ပြန်လည်ပြောင်းရွှေ့နိုင်ခြေကို ဆွေးနွေးဖို့အတွက် အာတီတာကို တိုက်ရိုက် ဖုန်းခေါ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ အသင်းဖော်ဟောင်း ပြန်လာချင်တဲ့ဆန္ဒကို ကောင်းကောင်း သတိပြုမိခဲ့တယ်လို့ နားလည်ရပါတယ်။ ဒါပေမယ့်လည်း အာတီတာဟာ ဆန်းချက်ဇ်ရဲ့ ကိုယ်စားလှယ်တွေကို တိုက်ရိုက် တုံ့ပြန်ခဲ့ပြီး ၎င်းရဲ့ ဂန်းနားအသင်းဖော်ဟောင်းဟာ ရှေ့ဆက်သွားမယ့် စီမံကိန်းထဲမှာ အံဝင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
-ဂန်ဒိုဝမ်ရဲ့ အေးဂျင့်က တနင်္ဂနွေနေ့မှာ ဘာစီလိုနာကို ရောက်ရှိခဲ့ပြီး အာဆင်နယ်ပစ်မှတ်ဟာ ယခုနွေရာသီမှာ ကတ်တလန် ထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ မန်ချက်စတာစီးတီးကြယ်ပွင့် ဂန်ဒိုဝမ်ကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ အနိုင်ရရှိမယ်လို့ အကောင်းမြင်နေတယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပြီး ဂျာမန်ကွင်းလယ်လူရဲ့ အနာဂတ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအစောပိုင်းမှာ လူပြောအများဆုံးအကြောင်းအရာတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂန်ဒိုဝမ်ဟာ မန်ချက်စတာစီးတီးနဲ့အတူ ဆုဖလား ၃ လုံး တပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယခုလကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့်လည်း ဂျာမနီကွင်းလယ်ကစားသမားက အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ ခေါ်ယူဖို့ ကြိုးပမ်းခြင်းကို ခံနေရတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဆော်ဒီ အာရေဗျဆီကနေလည်း ကမ်းလှမ်းမှုတွေ ရှရိထားပြီး Marca ရဲ့ ဖော်ပြချက်အရ မန်စီးတီးကြယ်ပွင့်ဟာ အာဆင်နယ်၊ ဘာစီလိုနာနဲ့ မန်စီးတီးတို့ကို ၎င်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ဖို့ အချိန်ပိုမိုလိုအပ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News