ဘောလုံးသမား မဖြစ်လာလျှင် ဘယ်လိုအလုပ်ကို ရွေးချယ်မလဲနဲ့ ဘောလုံးကစားခြင်းအပေါ် ခံယူထားတဲ့ သဘောထားကို အံ့အားသင့်ဖွယ်ပြောသွားတဲ့ ဘန် ဝှိုက် admin

ဘောလုံးသမား မဖြစ်လာလျှင် ဘယ်လိုအလုပ်ကို ရွေးချယ်မလဲနဲ့ ဘောလုံးကစားခြင်းအပေါ် ခံယူထားတဲ့ သဘောထားကို အံ့အားသင့်ဖွယ်ပြောသွားတဲ့ ဘန် ဝှိုက်

ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘန် ဝှိုက်ဟာ ဘုန်းမောက်နဲ့ ပွဲမှာ သူ့ရဲ့ အာဆင်နယ်ကစားသမား ဘ၀ ပထမဆုံး ဂိုးကို သွင်းယူခဲ့နိုင်ပါတယ်။ ယခုလို ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် မဖြစ်လာခဲ့လျှင် သူရွေးချယ်လုပ်ကိုင်မယ့် တခြားနယ်ပယ်တစ်ခုက ဘာဖြစ်နေမလဲဆိုတာ အံ့အားသင့်ဖွယ် ပြောသွားခဲ့ပါတယ်။

ဘန် ဝှိုက်က ” ကျွန်တော် ဘောလုံးသမားတစ်ယောက် မဟုတ်ခဲ့ မဖြစ်လာခဲ့ရင် အဖေနဲ့ အလုပ်အတူတွဲလုပ်ဖြစ်မှာပါ။ အဖေက ဥယျာဉ်မှူးဖြစ်ခဲ့ဖူးတယ်လေ။ ဒီအလုပ်မှာ ဘာဖိအားတွေမှ မရှိပဲ ကြီးပြင်းလာရပြီး ကျွန်တော် အရမ်းပျော်ခဲ့ပါတယ်” လို့ ပြောခဲ့ပြီး သူ့အနေနဲ့ ယခုလို အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်မလာလျှင် ဥယျာဉ်မှူးအလုပ်ကို ရွေးချယ်မှာ ဖြစ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

ကျွန်တော်ဘောလုံးလောကထဲကို ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အဖေလုပ်တဲ့ အလုပ်(ဥယျာဉ်မှူး)ကို လုပ်ခဲ့မယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ ကျွန်တော်က ကိုယ်တိုင်ရွေးချယ်ထားတဲ့အလုပ်ကို အကောင်းဆုံးနဲ့ တစိုက်မတ်မတ် အောင်မြင်အောင် လုပ်တတ်တဲ့ သူမလို့ပါ။ ကျွန်တော်က ကိုယ်ကျင်လည်တဲ့ နယ်ပယ်မှာ အောင်မြင်သူဖြစ်ဖို့ အကောင်းဆုံးကြိုးစားဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျွန်တော့်အနေနဲ့ ဥယျာဉ်မှူးတစ်ယောက်လုပ်ဖြစ်ခဲ့ရင်လည်း အောင်မြင်မယ်လို့ ထင်ပါတယ်။

ဘောလုံးပွဲတွေကို ကြည့်လေ့မရှိဘူးလို့ အစောပိုင်းကဆိုတဲ့ ဘန် ဝှိုက်ဟာ ဘောလုံးကစားခြင်းအလုပ်ကိုလည်း အိမ်ပြန်သည့်အခါ သယ်ဆောင်သွားလေ့မရှိပဲ အလုပ်ကို အလုပ်ထဲမှာ ထားခဲ့တတ်တဲ့ အမူအကျင့်ရှိတယ်လို့လည်း Arsenal MatchDay အစီအစဉ်မှာ အခုလိုပြောခဲ့ပါတယ်။

” ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ် (ဘောလုံးကစားခြင်း)က လူတော်တော်များများရဲ့ ဝါသနာတစ်ခုဖြစ်နေပြီး သူတို့က စနေနေ့တိုင်း ပွဲကြည့်ဖို့ စောင့်မျှော်နေကြတယ်။ အဲဒါက အရမ်းကောင်းပါတယ်။( Customer များလို့ အလုပ်အကိုင် ပေါများတဲ့ သဘောမျိုး)။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကွင်းထဲမှာ ကစားတိုင်း အကောင်းဆုံးဖြစ်အောင် နေ့တိုင်းအမြဲကြိုးစားနေဖို့ပါ။ ဒီလိုကြိုးစားရတာ ကျွန်တော် တကယ်ချစ်ပါတယ်။ ဘောလုံးပွဲတွေတော့ သိပ်ကြည့်လေ့ မရှိဘူးဗျ။ ငယ်ငယ်တုန်းကဆိုရင် ၅ မိနစ်လောက် ဘောလုံးပွဲ ကြည့်ပြီးရင် ငြီးငွေ့ပြီး အပြင်ထွက် ဘောလုံးကစားတော့တာပါပဲ။ ” လို့ ဘန် ဝှိုက်က ပြောအပြီး မယုံနိုင်လောက်အောင် ဖြစ်သွားတဲ့ အင်တာဗျူးမေးသူက တကယ်မကြည့်ဘူးလားလို့ ထပ်မေးတဲ့အခါ.. “ဟုတ်တယ် ကျွန်တော် တကယ်မကြည့်ဘူးဗျ။ ကိုယ်တိုင် ဘောလုံးကစားရတာကို ပိုကြိုက်တယ်။ အခုထိလည်း ဘောလုံးပွဲတွေ မကြည့်ဖြစ်ပါဘူး”

“ကျွန်တော့်ကို တိုးတက်အောင် အကူအညီရဖို့ ကိုယ်ပိုင်ကလစ်တွေနဲ့ ကိုယ်ပိုင် ဗီဒီယိုတွေကိုတော့ ကြည့်ပါတယ်။ ဒါပေမယ့် အပျော်တမ်းအနေနဲ့တော့ ဘောလုံးပွဲတွေကို မကြည့်ပါဘူး။ ကျွန်တော့်မိသားစုမှာ ဘယ်သူမှ ဘောလုံး မကစားဖူးကြဘူး၊ တစ်ခါမှကို မကစားဖူးကြတာပါ။ ကျွန်တော့် မိဘတွေက ဘောလုံးပရိသတ်တွေလည်း မဟုတ်တဲ့အတွက် ကျွန်တော့်ကို ဘယ်အရာမှ အတင်း မတိုက်တွန်းခဲ့ပါဘူး။ ဒါပေမယ့် သူတို့ တတ်နိုင်သမျှ ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့အတွက် ကျွန်တော်ကို သူတို့ ရင်ထဲမှာ ဘယ်လောက်ချစ်သလဲဆိုတာ မြင်ရပါတယ်။”

“ပွင့်ပွင့်လင်းလင်း အရိုးသားဆုံးပြောရရင် ကျွန်တော့်အဖေက ဘောလုံးအကြောင်း တလုံးမှ မသိဘူးဗျ။ တော်တော်တော့ ရယ်စရာကောင်းပါတယ်။ ဒါပေမယ့် ဒါလည်း ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဘောလုံးအသင်းတွေမှာ ကျွန်တော်သိလိုတာ သင်ယူလိုတာတွေနဲ့ မရှင်းတာတွေကို မေးလို့ရမယ့် နည်းပြတွေ ရှိနေတာပဲလေ။ သူတို့ဆီကနေ မေးမြန်းသင်ယူပါတယ်။ မိသားစုနဲ့ နေတဲ့အခါ ဘောလုံးအကြောင်း မပြောဖြစ်တော့ အပြင်မှာ အပိုဖိအားတွေ မရှိတော့ဘူပေါ့ဗျာ။ ဒါကြောင့် တဖက်က တွေးကြည့်ရင်လည်း ကောင်းပါတယ်လို့ ပြောခဲ့တာပါ။”

“ဒါကတော့ ကျွန်တော့် ဘဝရဲ့ စီမံခန့်ခွဲမှုပါ။ ကျွန်တော် လေ့ကျင့်ရေးကွင်းကို ရောက်တဲ့အခါ ဘောလုံးနဲ့ပတ်သတ်တာကို ၁၀၀ ရာခိုင်နှုန်းအပြည့် အာရုံစိုက်လုပ်ဆောင်ပါတယ်။ ပြီးလို့ ကျွန်တော် ပြန်သွားတဲ့အခါ ဘောလုံးနဲ့ပတ်သတ်တဲ့အရာတွေကို စိတ်ထဲက ထုတ်ပစ်လိုက်တဲ့အထိ ပြောင်းလဲလိုက်ပါတယ်။ တချို့ကစားသမားတွေက သူတို့စိတ်ထဲ ၂၄/၇ လုံး ဘောလုံးအကြောင်းပဲ စဉ်းစားနေကြတယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော့်ကတော့ အဲလို မလုပ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲလိုလုပ်ခဲ့ရင် ကျွန်တော်အားလုံးကို (မိသားစုဝင်တွေကို အချိန် (သို့) ဂရုစိုက်မှုတွေ) ပေးနိုင်မှာ မဟုတ်လို့ပါ။”

“ဒါကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေပြီးခဲ့တဲ့အခါ ကျွန်တော် ဘောလုံးနဲ့ ပတ်သတ်တာတွေကို ဘောလုံးကွင်းမှာပဲ ထားခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။ ဒါက ကောင်းမွန်တဲ့ မျှတစွာနေထိုင်မှုလို့ ကျွန်တော်ထင်ပါတယ်” လို့ အလုပ်ကို အလုပ်မှာပဲ ထားပြီး အိမ်ကို သယ်မသွားဘူးဆိုတဲ့ အလေ့အကျင့်အတိုင်း ဘန် ဝှိုက်အနေနဲ့ ဘောလုံးကစားခြင်းကို အလုပ်တခုလို စိတ်ထဲထားကာ ပြုမှုနေထိုင်နေတယ်ဆိုတာ ပြောသွားခဲ့ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဘရိုက်တန်အသင်းမှာ အတူတွဲကစားဖူးပြီး သူ့အကြောင်းကို သိနေခဲ့တဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဘရိုက်တန်ကနေပြောင်းလာခဲ့တဲ့ အာဆင်နယ်ကစားသမားသစ် ထရော့စ်ဆာ့ဒ်က ဘန် ဝှိုက်နဲ့ အတူတူရှိခဲ့တဲ့ စတေဒီယမ် အက်စ်ထရိုရဲ့ အင်တာဗျူးအစီအစဉ်မှာ ဘန် ဝှိုက်အတွက် တနေ့တာ အနှစ်သက်ဆုံးအချိန်က ဘယ်အချိန်လဲလို့ အင်တာဗျူးသူက မေးတဲ့အခါ ” လေ့ကျင့်ရေးအစီအစဉ်တွေပြီးလို့ အိမ်ပြန်တဲ့အချိန်”လို့ ဝင်ရောက် အရွှမ်းဖောက်ခဲ့ခြင်းဖြစ်ပါတယ်။
#AM
PHOTOS CREDIT

ZAWGYI:

ဘ႐ိုက္တန္အသင္းကေန အာဆင္နယ္အသင္းကို ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ ဘန္ ဝႈိက္ဟာ ဘုန္းေမာက္နဲ႔ ပြဲမွာ သူ႔ရဲ႕ အာဆင္နယ္ကစားသမား ဘ၀ ပထမဆုံး ဂိုးကို သြင္းယူခဲ့ႏိုင္ပါတယ္။ ယခုလို ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမား တစ္ေယာက္ မျဖစ္လာခဲ့လွ်င္ သူေ႐ြးခ်ယ္လုပ္ကိုင္မယ့္ တျခားနယ္ပယ္တစ္ခုက ဘာျဖစ္ေနမလဲဆိုတာ အံ့အားသင့္ဖြယ္ ေျပာသြားခဲ့ပါတယ္။

ဘန္ ဝႈိက္က ” ကြၽန္ေတာ္ ေဘာလုံးသမားတစ္ေယာက္ မဟုတ္ခဲ့ မျဖစ္လာခဲ့ရင္ အေဖနဲ႔ အလုပ္အတူတြဲလုပ္ျဖစ္မွာပါ။ အေဖက ဥယ်ာဥ္မႉးျဖစ္ခဲ့ဖူးတယ္ေလ။ ဒီအလုပ္မွာ ဘာဖိအားေတြမွ မရွိပဲ ႀကီးျပင္းလာရၿပီး ကြၽန္ေတာ္ အရမ္းေပ်ာ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ၿပီး သူ႔အေနနဲ႔ ယခုလို ေအာင္ျမင္တဲ့ ေဘာလုံးသမားတစ္ေယာက္ျဖစ္မလာလွ်င္ ဥယ်ာဥ္မႉးအလုပ္ကို ေ႐ြးခ်ယ္မွာ ျဖစ္ေၾကာင္း ေျပာခဲ့တာျဖစ္ပါတယ္။

ကြၽန္ေတာ္ေဘာလုံးေလာကထဲကို ဝင္ခဲ့ပါတယ္။ ဒါေပမယ့္ အေဖလုပ္တဲ့ အလုပ္(ဥယ်ာဥ္မႉး)ကို လုပ္ခဲ့မယ္ဆိုရင္လည္း ျပႆနာမရွိပါဘူး။ ကြၽန္ေတာ္က ကိုယ္တိုင္ေ႐ြးခ်ယ္ထားတဲ့အလုပ္ကို အေကာင္းဆုံးနဲ႔ တစိုက္မတ္မတ္ ေအာင္ျမင္ေအာင္ လုပ္တတ္တဲ့ သူမလို႔ပါ။ ကြၽန္ေတာ္က ကိုယ္က်င္လည္တဲ့ နယ္ပယ္မွာ ေအာင္ျမင္သူျဖစ္ဖို႔ အေကာင္းဆုံးႀကိဳးစားဖို႔ ဆုံးျဖတ္ထားတဲ့အတြက္ ကြၽန္ေတာ့္အေနနဲ႔ ဥယ်ာဥ္မႉးတစ္ေယာက္လုပ္ျဖစ္ခဲ့ရင္လည္း ေအာင္ျမင္မယ္လို႔ ထင္ပါတယ္။

ေဘာလုံးပြဲေတြကို ၾကည့္ေလ့မရွိဘူးလို႔ အေစာပိုင္းကဆိုတဲ့ ဘန္ ဝႈိက္ဟာ ေဘာလုံးကစားျခင္းအလုပ္ကိုလည္း အိမ္ျပန္သည့္အခါ သယ္ေဆာင္သြားေလ့မရွိပဲ အလုပ္ကို အလုပ္ထဲမွာ ထားခဲ့တတ္တဲ့ အမူူအက်င့္ရွိတယ္လို႔လည္း Arsenal MatchDay အစီအစဥ္မွာ အခုလိုေျပာခဲ့ပါတယ္။

” ကြၽန္ေတာ္လက္ရွိလုပ္ေနတဲ့အလုပ္ (ေဘာလုံးကစားျခင္း)က လူေတာ္ေတာ္မ်ားမ်ားရဲ႕ ဝါသနာတစ္ခုျဖစ္ေနၿပီး သူတို႔က စေနေန႔တိုင္း ပြဲၾကည့္ဖို႔ ေစာင့္ေမွ်ာ္ေနၾကတယ္။ အဲဒါက အရမ္းေကာင္းပါတယ္။( Customer မ်ားလို႔ အလုပ္အကိုင္ ေပါမ်ားတဲ့ သေဘာမ်ိဳး)။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ကြင္းထဲမွာ ကစားတိုင္း အေကာင္းဆုံးျဖစ္ေအာင္ ေန႔တိုင္းအၿမဲႀကိဳးစားေနဖို႔ပါ။ ဒီလိုႀကိဳးစားရတာ ကြၽန္ေတာ္ တကယ္ခ်စ္ပါတယ္။ ေဘာလုံးပြဲေတြေတာ့ သိပ္ၾကည့္ေလ့ မရွိဘူးဗ်။ ငယ္ငယ္တုန္းကဆိုရင္ ၅ မိနစ္ေလာက္ ေဘာလုံးပြဲ ၾကည့္ၿပီးရင္ ၿငီးေငြ႕ၿပီး အျပင္ထြက္ ေဘာလုံးကစားေတာ့တာပါပဲ။ ”
မယုံႏိုင္ေလာက္ေအာင္ ျဖစ္သြားတဲ့ အင္တာဗ်ဴးေမးသူက တကယ္မၾကည့္ဘူးလားလို႔ ထပ္ေမးတဲ့အခါ.. “ဟုတ္တယ္ ကြၽန္ေတာ္ တကယ္မၾကည့္ဘူးဗ်။ ကိုယ္တိုင္ ေဘာလုံးကစားရတာကို ပိုႀကိဳက္တယ္။ အခုထိလည္း ေဘာလုံးပြဲေတြ မၾကည့္ျဖစ္ပါဘူး”

“ကြၽန္ေတာ့္ကို တိုးတက္ေအာင္ အကူအညီရဖို႔ ကိုယ္ပိုင္ကလစ္ေတြနဲ႔ ကိုယ္ပိုင္ ဗီဒီယိုေတြကိုေတာ့ ၾကည့္ပါတယ္။ ဒါေပမယ့္ အေပ်ာ္တမ္းအေနနဲ႔ေတာ့ ေဘာလုံးပြဲေတြကို မၾကည့္ပါဘူး။ ကြၽန္ေတာ့္မိသားစုမွာ ဘယ္သူမွ ေဘာလုံး မကစားဖူးၾကဘူး၊ တစ္ခါမွကို မကစားဖူးၾကတာပါ။ ကြၽန္ေတာ့္ မိဘေတြက ေဘာလုံးပရိသတ္ေတြလည္း မဟုတ္တဲ့အတြက္ ကြၽန္ေတာ့္ကို ဘယ္အရာမွ အတင္း မတိုက္တြန္းခဲ့ပါဘူး။ ဒါေပမယ့္ သူတို႔ တတ္ႏိုင္သမွ် ကြၽန္ေတာ့္ကို ကူညီေပးခဲ့ၾကတဲ့အတြက္ ကြၽန္ေတာ္ကို သူတို႔ ရင္ထဲမွာ ဘယ္ေလာက္ခ်စ္သလဲဆိုတာ ျမင္ရပါတယ္။”

“ပြင့္ပြင့္လင္းလင္း အ႐ိုးသားဆုံးေျပာရရင္ ကြၽန္ေတာ့္အေဖက ေဘာလုံးအေၾကာင္း တလုံးမွ မသိဘူးဗ်။ ေတာ္ေတာ္ေတာ့ ရယ္စရာေကာင္းပါတယ္။ ဒါေပမယ့္ ဒါလည္း ေကာင္းပါတယ္။ ဘာပဲျဖစ္ျဖစ္ ေဘာလုံအသင္းေတြမွာ ကြၽန္ေတာ္သိလိုတာ သင္ယူလိုတာေတြနဲ႔ မရွင္းတာေတြကို ေမးလို႔ရမယ့္ နည္းျပေတြ ရွိေနတာပဲေလ။ သူတို႔ဆီကေန ေမးျမန္းသင္ယူပါတယ္။ မိသားစုနဲ႔ ေနတဲ့အခါ ေဘာလုံးအေၾကာင္း မေျပာျဖစ္ေတာ့ အျပင္မွာ ပိုဖိအားေတြ မရွိေတာ့ဘူေပါ့ဗ်ာ။ ဒါေၾကာင့္ တဖက္က ေတြးၾကည့္ရင္လည္း ေကာင္းပါတယ္လို႔ ေျပာခဲ့တာပါ။”

“ဒါကေတာ့ ကြၽန္ေတာ့္ ဘဝရဲ႕ စီမံခန႔္ခြဲမႈပါ။ ကြၽန္ေတာ္ ေလ့က်င့္ေရးကြင္းကို ေရာက္တဲ့အခါ ေဘာလုံးနဲ႔ပတ္သတ္တာကို ၁၀၀ ရာခိုင္ႏႈန္းအျပည့္ အာ႐ုံစိုက္လုပ္ေဆာင္ပါတယ္။ ၿပီးလို႔ ကြၽန္ေတာ္ ျပန္သြားတဲ့အခါ ေဘာလုံးနဲ႔ပတ္သတ္တဲ့အရာေတြကို စိတ္ထဲက ထုတ္ပစ္လိုက္တဲ့အထိ ေျပာင္းလဲလိုက္ပါတယ္။ တခ်ိဳ႕ကစားသမားေတြက သူတို႔စိတ္ထဲ ၂၄/၇ လုံး ေဘာလုံးအေၾကာင္းပဲ စဥ္းစားေနၾကတယ္ဆိုတာလည္း သိပါတယ္။ ကြၽန္ေတာ့္ကေတာ့ အဲလို မလုပ္ႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲလိုလုပ္ခဲ့ရင္ ကြၽန္ေတာ္အားလုံးကို (မိသားစုဝင္ေတြကို အခ်ိန္ (သို႔) ဂ႐ုစိုက္မႈေတြ) ေပးႏိုင္မွာ မဟုတ္လို႔ပါ။”

“ဒါေၾကာင့္ ေလ့က်င့္ေရးအစီအစဥ္ေတြၿပီးခဲ့တဲ့အခါ ကြၽန္ေတာ္ ေဘာလုံးနဲ႔ ပတ္သတ္တာေတြကို ေဘာလုံးကြင္းမွာပဲ ထားခဲ့ၿပီး အိမ္ျပန္ခဲ့ပါတယ္။ ဒါက ေကာင္းမြန္တဲ့ မွ်တစြာေနထိုင္မႈလို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ အလုပ္ကို အလုပ္မွာပဲ ထားၿပီး အိမ္ကို သယ္မသြားဘူးဆိုတဲ့ အေလ့အက်င့္အတိုင္း ဘန္ ဝႈိက္အေနနဲ႔ ေဘာလုံးကစားျခင္းကို အလုပ္တခုလို စိတ္ထဲထားကာ ျပဳမႈေနထိုင္ေနတယ္ဆိုတာ ေျပာသြားခဲ့ျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဘရိုက္တန္အသင္းမွာ အတူတြဲကစားဖူးျပီး သူ႕အေၾကာင္းကို သိေနခဲ့တဲ့ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႔မွာ ဘရိုက္တန္ကေနေျပာင္းလာခဲ့တဲ့ အာဆင္နယ္ကစားသမားသစ္ ထေရာ့စ္ဆာ့ဒ္က ဘန္ ၀ိႈက္နဲ႔ အတူတူရိွခ့ဲတဲ့ စေတဒီယမ္ အက္စ္ထရိုရဲ႔ အင္တာဗ်ဴးအစီအစဥ္မွာ ဘန္ ၀ိႈက္အတြက္ တေန႔တာ အႏွစ္သက္ဆံုးအခ်ိန္က ဘယ္အခ်ိန္လဲလို႔ အင္တာဗ်ဴးသူက ေမးတဲ့အခါ ” ေလ့က်င့္ေရးအစီအစဥ္ေတြျပီးလုိ႔ အိမ္ျပန္တဲ့အခ်ိန္”လို႔ ၀င္ေရာက္ အရႊမ္းေဖာက္ခဲ့ျခင္းျဖစ္ပါတယ္။

#AM
PHOTOS CREDIT