ရိုက်စ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ဖို့ပြင်နေချိန်မှာ နှုတ်ဆက်လိုက်တဲ့ကွင်းလယ်ကစားသမား
အာဆင်နယ်လူငယ်ကြယ်ပွင့် မတ် စမစ်ဟာ အမ်းမရိတ်စ်မှာ ၁၆ နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာတော့မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
စမစ်ဟာ ဆွင်ဒန်တောင်း၊ ချာလ်တန်၊ ဒွန်ကတ်စတာ ရိုးဗားစ်တို့ကို ပြီးခဲ့တဲ့နှစ်တွေမှာ အငှား ချခြင်းခံခဲ့ရပြီးနောက် ဂန်းနားတွေအတွက် စီနီယာပွဲစဉ် တစ်ပွဲမှ ပါဝင်ကစားပေးခဲ့ဖူးခြင်း မရှိသူဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ကွင်းလယ်ခံစစ်အဖြစ် ကစားခဲ့ပေမယ့်လည်း ကျေးဇူးတင်ပါတယ် ဂန်းနားတွေလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပြီးနောက် အသင်းကို စွန့်ခွာတော့မယ်ဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။
“ကျေးဇူးတင်ပါတယ် ဂန်းနားတွေ။ ကျွန်တော့် မိခင်ကလပ်အသင်းမှာ ၁၆ နှစ်ကြာ ကစားပြီးနောက် ကျွန်တော့်ကစားသမားဘဝ နောက်ထပ် စာမျက်နှာကို ရှာဖွေဖို့အတွက် အချိန်ကျပါပြီ။ ဒီခရီးလမ်းတလျှောက် အသင်းမှာ ကျွန်တော့်ကို အချိန်ပေးခဲ့ကြတဲ့သူအားလုံးရဲ့ နာမည်ကို ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်တယ်လို့ပဲ ပြောနိုင်ပြီး တသက်လုံးလည်း ကျေးဇူးတင်နေမှာပါ။ ဒီကလပ်အသင်းကို ဆက်လက်အားပေးနေတဲ့သူတွေကြောင့် အောင်မြင်မှုဟာ မဝေးလှတဲ့ နေရာမှာ ရောက်ရှိနေပါပြီ။ တစ်ခါတုန်းက ဂွန်းနားဖြစ်ဖူးရင် အမြဲတမ်း ဂွန်းနားပါပဲ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
စမစ်ဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာမယ့် တစ်ဦးတည်းသော ကွင်းလယ်ကစားသမားမဟုတ်ဘဲ ဂရာနစ် ချာကာကလည်း အာဆင်နယ်က အစားထိုးခေါ်ယူမှုပြုလုပ်ပြီးတာနဲ့ လေဗာကူဆင်ကို ပေါင် ၁၃ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့မှာဖြစ်ပါတယ်။
အာတီတာဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ယခုနွေရာသီရဲ့ အဓိကဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပြီး ဂန်းနားတွေရဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၁၀ သန်းပါဝင်တဲ့ ကနဦး ကမ်းလှမ်းမှု ပေါင်သန်း ၈၀ ကို ဝက်စ်ဟမ်းက ပယ်ချခဲ့ပေမယ်ာ့လည်း အာဆင်နယ်က ပေါင်သန်း ၁၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုအသစ် ပြုလုပ်သွားဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။
သောမတ်စ် ပါတေးကလည်း ယခုနွေရာသီမှာ အသင်းကို စွန့်ခွာနိုင်ပြီး ဂါနာကွင်းလယ်လူရဲ့ ရာသီကုန်ခါနီးမှာ စွမ်းဆောင်ရည် ကျဆင်းသွားမှုနဲ့ပတ်သက်ပြီး အသင်းမှာရှိနေတဲ့ သူအချို့က မပျော်မရွှင်ဖြစ်ခဲ့ကြတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။
သောမတ်စ် ပါတေးရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၅ သန်းရှိတယ်လို့ CIES Football Observatory ရဲ့ ဖော်ပြချက်အရ သိရပြီး ဂန်းနားတွေဟာ ဘရိုက်တန်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုအပေါ် စိတ်ဝင်စားမှု အေးစက်လာပေမယ့် မန်စီးတီးအသင်းခေါင်းဆောင် ဂန်ဒိုဝမ်ကတော့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး စမစ်လိုမျိုး လူငယ်ကြယ်ပွင့်တွေအနေနဲ့ လာမယ့်နှစ်တွေမှာ ပထမအသင်းပွဲကစားခွင့်ရရှိဖို့ တခြားတစ်နေရာရာမှာပဲ မဖြစ်မနေ သွားရောက် ရှာဖွေရတော့မှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News