ဖီဖာရဲ့စည်းမျဉ်းနဲ့ အင်္ဂလန်ရဲ့ကြေညာချက်ကြောင့် အမြတ်ထွက်တော့မယ့် အာဆင်နယ်
ဒီအပတ်ဟာ အာဆင်နယ်ရဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး တိုးတက်မှုအချို့ကို မြင်ရနိုင်တဲ့ ရက်သတ္တပတ်ဖြစ်ပြီး အထူးသဖြင့် နွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ ဗုဒ္ဓဟူးနေ့မှာ တရားဝင် ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။
အာတီတာအနေနဲ့ လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် ဆုဖလားစိန်ခေါ်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့အတွက် ယခုနွေရာသီမှာ ဝက်စ်ဟမ်း ကွင်းလယ်ကြယ်ပွင့်ကို ဦးစားပေး ခေါ်ယူမှုအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
ချာကာကလည်း လေဗာကူဆင်အသင်းကို ပေါင် ၁၃ သန်းနဲ့ ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် ဒီကလန် ရိုက်စ်ဟာ ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ နေရာမှာ အလိုအလျောက်အစားထိုးခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး တိုက်စစ်ကို ပိုမိုလိုက်ပါတဲ့အခန်းကဏ္ဍမှာ ကစားရဖွယ်ရှိပါတယ်။
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ ခံစစ် ၄ ဦးထဲမှာလည်း ကစားနိုင်တာကြောင့် အာဆင်နယ်ကိုသာ ပြောင်းရွှေ့လာမယ်ဆိုရင် သောမတ်စ် ပါတေးနဲ့ ဂျော်ဂျင်ညိုတို့အတွက် ယှဉ်ပြိုင်မှု ပေးနိုင်မှာဖြစ်ပြီး ၂၀၂၂၂-၂၀၂၃ ရာသီက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပဲ ပြီးသွားပြီဖြစ်ပေမယ့်လည်း ဝက်စ်ဟမ်းအသင်းက ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲ ကစားခဲ့ရတာကြောင့် ဂန်းနားတွေဟာ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့အထိ တရားဝင်ကမ်းလှမ်းမှုကို ဆိုင်းငံ့ထားခဲ့ရတာဖြစ်ပါတယ်။
ဖီအိုရင်တီးနားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပါကွန်းဖရင့်လိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းဥက္ကဌ ဒေးဗစ် ဆူလီဗန်က ဒီကလန် ရိုက်စ်ဟာ အသင်းအတွက် နောက်ဆုံး ပါဝင်ကစားပေးခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
“ဒါက သူ့ရဲ့နောက်ဆုံးပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ သူ့ကို သွားချင်ရင် သွားနိုင်တယ်လို့ ကတိပေးခဲ့တယ်။ သူ့နှလုံးသားနောက်ကို သူ လိုက်တော့မှာပါ။ ခင်ဗျား ဒီရာသီမှာ ကျွန်တော်တို့အတွက် ပိုပြီး ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ကို တောင်းဆိုလို့ မရနိုင်ပါဘူး။ အချိန်တန်ရင် သူ သွားရမှာဖြစ်ပြီး ကျွန်တော်တို့လည်း အစားခေါ်ယူမှုတစ်ခု ဒါမှမဟုတ် အများအပြား ပြုလုပ်ရမှာပါ။ အဲဒါက ကျွန်တော်တို့ မဖြစ်ချင်တဲ့အရာပါ။ ကျွန်တော်တို့ သူ့ကို တစ်ပတ် ပေါင် ၂ သိန်းနဲ့ လွန်ခဲ့တဲ့ ၁၈ လတုန်းက ကမ်းလှမ်းခဲ့တယ်။ သူ အဲဒါကို ငြင်းခဲ့တယ်။ အဲဒီအချိန်တုန်းက ဝက်စ်ဟမ်းမှာ ဆက်နေဖို့ သူ ပေါင် ၁၀ သန်း လက်လွှတ်ခဲ့တယ်။ ပြီးတော့ သူ သွားချင်နေတယ်။ ခင်ဗျား မနေချင်တဲ့ ကစားသမားကို ဆက်ပြီး ထိန်းသိမ်းထားလို့ မရနိုင်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းရဲ့ ရာသီက လက်ရှိမှာ ပြီးဆုံးသွားပြီဖြစ်တာကြောင့် အာဆင်နယ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဒီကလန် ရိက်စ်အတွက် ပေါင် ၉၂ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက်က ဇွန်လ ၁၄ ရက်နေ့မှ ဖွင့်မှာဖြစ်ပါတယ်။
ဖီဖာရဲ့ အပြောင်းအရွှေ့စျေးကွက် ပြက္ခဒိန်အရ ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်၊ စကော့တလန်အသင်းတွေသာ ကစားသမားခေါ်ယူမှု ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပြီး အဲဒါကြောင့် အာဆင်နယ်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူအတွက် ဒီနေ့ကနေ ဗုဒ္ဓဟူးနေ့အတွင်း သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ဒီကလန် ရိုက်စ်ကို ချက်ချင်း အသင်းလူစာရင်းမှာ စာရင်းသွင်းနိုင်မှာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်း ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်လုပွဲအထိ ကစားခဲ့ရတာကြောင့် ဒီကလန် ရိုက်စ် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းခင် ဒီအပြောင်းအရွှေ့ကို အာဆင်နယ်အနေနဲ့ အရှိန်မြှင့် လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။
ဂါးရတ် ဆောက်ဂိတ်က လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေအတွက် ပဏာမ ၂၅ ဦးစာရင်းကို သတ်မှတ်ခဲ့ချိန်မှာ “လူစာရင်းထဲက အများစုက ကစားရမယ့်ပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခင် ဇွန်လ ၁၂ ရက်နေ့မှာ စိန့် ဂျော့ဂျ်ပါ့ခ်ကို သတင်းပို့ရမှာပါ။ ဥရောပဗိုလ်လုပွဲတွေ ကစားခဲ့တဲ့ အသင်းတွေက ကစားသမားတွေကတော့ နည်းနည်းနောက်ကျပြီးမှ ပူးပေါင်းမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီကလန် ရိုက်စ်ဟာ အားလပ်ရက် အနည်းငယ် ရရှိမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ သောကြာနေ့ မော်လ်တာနဲ့ ယူရိုခြေစစ်ပွဲ ပထမဆုံးပွဲမတိုင်ခင် ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို အပြီးသတ်ခေါ်ယူဖို့ အချိန်ပိုမို ရရှိမှာဖြစ်ပါတယ်။
ယခုနွေရာသီမှာ ဂန်းနားတွေအနေနဲ့ ပထမဦးစားပေးပစ်မှတ်ကို စောစောခေါ်ယူနိုင်မယ့် အခြေအနေကောင်း ရှိနေပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေမပြီးခင် မှာ ခေါ်ယူနိုင်မယ်ဆိုရင်တောင်မှ ယူရိုပွဲတွေအပြီးမှာ ဒီကလန် ရိုက်စ်ဟာ အားလပ်ရက် အပန်းဖြေဦးမယ်လို့ ယူဆရပါတယ်။
အဲဒါကြောင့် ဒီကလန် ရိုက်စ်ဟာ ဇူလိုင်လအစ ရာသီကြိုလေ့ကျင့်ရေးအတွက် လန်ဒန် ကိုလ်နီကို ပြန်လည်ရောက်ရှိလာမယ့် အသင်းဖော်သစ်တွေနဲ့ ပူးပေါင်းနိုင်ဦးမှာမဟုတ်တဲ့အပြင် Adidas ဌာနချုပ် နုရင်ဘတ်က လေ့ကျင့်ရေးစခန်းကိုလည်း လိုက်ပါနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News