ကိုင်ဆေဒိုကို နှစ်သက်နေတဲ့ အာတီတာကြောင့် မြင်သာလာတဲ့ ဂန်းနားတွေရဲ့အပြောင်းအရွှေ့ဗျူဟာ
အာဆင်နယ်ရဲ့ ဘရိုက်တန်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုကို ဇန်နဝါရီလမှာ ခေါ်ယူဖို့ စိတ်ဝင်စားမှုက ဂန်းနားတွေအနေနဲ့ ဘာကြောင့် အီကွေဒေါကွင်းလယ်လူကို အရမ်းခေါ်ယူချင်နေတာလဲဆိုတာ ပိုမို ရှင်းလင်းလာပါတယ်။
အာဆင်နယ်ဟာ ယခုနှစ်အစောပိုင်း ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အီကွေဒေါကွင်းလယ်ကစားသမားအတွက် ကမ်းလှမ်းမှု အများအပြား ပြုလုပ်ခဲ့ပြီး အမြင့်ဆုံးကမ်းလှမ်းမှုအနေနဲ့ ပေါင်သန်း ၇၀ အထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းချက်တွေကို ကြယ်ပွင့်ကစာသးမားအတွက် အများကြီးပိုပြီး မျှော်မှန်းထားတဲ့ ဘရိုက်တန်အသင်းက ပယ်ချခဲ့ပြီး ကိုင်ဆေဒိုက စင်ရော်တွေနဲ့ မက်မောလောက်ဖွယ် စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ကိုင်ဆေဒိုဟာ ဒီနွေရာသီမှာလည်း စျေးပေါပေါနဲ့ ခေါ်လို့ရမှာမဟုတ်တော့တာ ကျိန်းသေပြီး ယခုနှစ်အစမှာ အငြင်းခံခဲ့ရပေမယ့်လည်း အာဆင်နယ်က အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကို လာမယ့်လပိုင်းအတွင်း ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေသေးတဲ့အထဲမှာ နေရာစုံကစားနိုင်စွမ်းက တစ်စိတ်တပိုင်းပါနေတာဖြစ်ပါတယ်။
အဲဒါက ယခုနွေရာသီမှာ အာတီတာရဲ့ အဓိကရည်မှန်းချက်က ရောက်လာတဲ့ ကစားသမားတွေအားလုံးဟာ မတူညီတဲ့နေရာတွေမှာ ကစားနိုင်လောက်တဲ့ အရည်အသွေးရှိဖို့လိုတယ်ဆိုတာ ထင်ရှားလာစေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြဟာ ကိုင်ဆေဒိုကို ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ်အဖြစ် ရှေ့တက်ကစားဖို့အပါအဝင် မတူညီတဲ့ အခန်းကဏ္ဍတွေမှာ အသုံးပြုနိုင်တယ်ဆိုတဲ့အချက်ကို သဘောကျနေတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဘရိုက်တန်မှာ ရာသီကုန်ခါနီး လအနည်းငယ်အတွင်း မကြာခဏ ညာနောက်ခံနေရာမှာပါ ကစားခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီကလန် ရိုက်စ်က အာဆင်နယ်ထိပ်ပိုင်း တာဝန်ရှိသူတွေရဲ့ အဓိကအာရုံစိုက်စရာဖြစ်နေပေမယ့်လည်း ကိုင်ဆေဒိုကို ခေါ်ယူမယ့်ကိစ္စကိုတော့ ငြင်းပယ်ခြင်းမရှိသေးတာဖြစ်ပြီး ဂန်းနားတွေအနေနဲ့ ဒီကစားသမား ၂ ဦးစလုံးကို ခေါ်မယ်ဆိုရင် ပေါင်သန်း ၂၀၀ လောက် ကုန်ကျဖွယ်ရှိပါတယ်။
ဒီလောက်ပမာဏကို အသုံးပြုနိုင်ဖို့အတွက်ဆိုရင် အာဆင်နယ်အသင်းအနေနဲ့ ပထမအသင်းကစားသမားအချို့နဲ့ လမ်းခွဲပြီး အိပ်မက် မက်ထားတဲ့ ကွင်းလယ်အတွက် ငွေကြေးရှာဖွေသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ကိုင်ဆေဒိုကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းဟာ ကွန်တေရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘရိုက်တန်ကွင်းလယ်လူကို မျက်စိကျနေတာဖြစ်ပါတယ်။
ကိုင်ဆေဒိုက ကွန်တေကို စံပြပုဂ္ဂိုလ်အဖြစ် ကြည့်ရှုရင်း ကြီးပြင်းခဲ့တာကြောင့် ချဲလ်ဆီးအသင်းက ဘရိုက်တန်ကြယ်ပွင့်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ အသာစီးရနေတယ်လို့ ခံစားနေရနိုင်ပြီး အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားတာကြောင့် ဘရိုက်တန်အသင်းကလည်း အားကောင်းတဲ့အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။
ဘရိုက်တန်နည်းပြ ဒီဇာဘီက အီကွေဒေါကွင်းလယ်ကစားသမားကို ဆုံးရှုံးရမယ်ဆိုတာကို လက်ခံထားပြီးဖြစ်ပုံပေါ်ပြီး “သေချာတာတော့ ကျွန်တော်တို့ ကစားသမားအချို့ကို ဆုံးရှုံးရပါလိမ့်မယ်။ ကိုင်ဆေဒိုနဲ့ မက်ကယ်လစ္စတာတို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မက်ကယ်လစ္စတာက လီဗာပူးလ်ကို ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်တာကြောင့် ဘရိုက်တန်အသင်းပရိသတ်တွေအတွက်တော့ ၎င်းတို့ရဲ့ အားကောင်းတဲ့ ကွင်းလယ်ကြယ်ပွင့်ကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ချက်က မရှိသလောက် နည်းပါးနေပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News