ပရီးမီးယားလိဂ်ဖလားရဖို့ ဂန်းနားတို့ပြင်ရမယ့် ပြဿနာကြီးကို ပြောပြလိုက်တဲ့ နဗီး coyg

ပရီးမီးယားလိဂ်ဖလားရဖို့ ဂန်းနားတို့ပြင်ရမယ့် ပြဿနာကြီးကို ပြောပြလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးဟာ မန်ချက်စတာစီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိသွားလိမ့်မယ်လို့ ထောက်ခံနေဆဲဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဖလားရဖို့ အခွင့်အရေးရှိအောင် ခံစစ်ကို ပိုမိုတောင့်တင်းအောင်လုပ်ဖို့လိုတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ စနေနေ့ညနေက ဘုန်းမောက်ကို ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ နောက်ကနေ အနိုင်လိုက်ကစားခဲ့တာဖြစ်ပြီး မန်ချက်စတာာစီးတီးအသင်းကလည်း စနေနေ့အစောပိုင်းမှာ နယူးကာဆယ်လ်ကို အနိုင်ရခဲ့ပေမယ့် ဂန်းနားတွေရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုက အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်ရီ နဗီးက ရိစ် နယ်လ်ဆန်ရဲ့ ထူးခြားတဲ့ နာကျင်အချိန်ပိုအနိုင်ဂိုးဟာ အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ ယုံကြည်ချက်နဲ့ ယုံကြည်မှုတွေကို ပေးစွမ်းခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း အာတီတာရဲ့အသင်းက ဂိုးတွေအများကြီး ပေးနေတယ်လို့ ခံစားနေရဆဲဖြစ်ပါတယ်။

“မန်စီးတီးက ပိုပြီးတော့ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက ရမှတ်ပိုလျော့ကျနိုင်တယ်လို့ စိတ်ထဲမှာ တွေးမိတယ်။ ကျွန်တော် ၂ သင်းစလုံးအနိုင်ရမယ်လို့ မထင်ခဲ့ပါဘူး။ အဲဒီတော့ စီးတီးက သူတို့အလုပ် သူတို့လုပ်ခဲ့ပြီး ပြီးတော့ ခင်ဗျား အာဆင်နယ်ကို သက်တောင့်သက်သာနိုင်ပွဲရဖို့ မျှော်မှန်းတယ်။ တကယ်လည်း သူတို့တွေ အနိုင်ရခဲ့ပြီး သူတို့အနိုင်ရခဲ့တဲ့ပုံစံက နောက်ထပ် အပိုစိတ်ဓာတ်ခွန်အား၊ အရှိန်အဟုန်တွေကို ပေးပါတယ်။ ဘာလို့လဲဆိတော့ အဲဒီပွဲက ခင်ျား ၂-၀ ဒါမှမဟုတ် ၃-၀ လောက်နဲ့ အနိုင်ရမယ်လို့ မှန်းထားတဲ့ပွဲမို့လို့ပါ။ ဘုန်းမောက်က အမှတ်ပေးဇယားအောက်ခြေကနေဆိုရင် ဒုတိယလေ”

“ဒါပေမယ့် သူတို့တွေ သူတို့ဘာသာ တကယ်ခက်ခဲအောင် လုပ်ခဲ့တယ်။ သူတို့တွေမှာ စစ်မှန်တဲ့ အရှိန်အဟုန်ရှိပါတယ်။ စိတ်ဓာတ်ပိုင်းအားကောင်းမှုရှိတယ်။ ပရိသတ်တွေကလည်း သူတို့နဲ့အတူရှိတယ်။ ကျွန်တော် သူတို့ကို ဂိုးတွေပေးနေတာတွေ ရပ်တော့လို့ ပြောရပါလိမ့်မယ်။ အဲဒီလို ပြောရတာ အရမ်းရိုးရှင်းတဲ့ပုံပါ။ ဒါပေမယ့် ခင်ဗျား ဆက်တိုက် ဂိုးတွေ ပေးနေရတဲ့အချိန်မှာ အဲဒါက တကယ်ခက်ခဲပြီး သူတို့တွေ ဘုန်းမောက်ကို ၂ ဂိုး၊ ဘရန့်တ်ဖို့ဒ်ကို ၁ ဂိုး၊ ယူနိုက်တက်ကိုလည်း ဂိုးပေးခဲ့တယ်။ ဗီလာ၊ စီးတီးကိုရောပဲ။ သူတို့တွေက တော်တော်လေးများတဲ့ဂိုးတွေ ပေးခဲ့ရပါတယ်။ ကျွန်တော် ထင်တယ်။ နောက်ဆုံး ၈ ပွဲမှာ ၁၁ ဂိုးလောက်ရှိမယ်”

“အဲဒီတော့ သူတို့တွေ အဲဒါကို နည်းနည်း စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် သူတို့တွေအခု ရာသီကုန်ဖို့ ၁၂ ပွဲ ကျန်သေးလို့ပါ။ စီးတီကလည်း သူတို့ရဲ့ အကောင်းဆုံးပုံစံမှာ မကစားနိုင်သေးဘူး။ ကျွန်တော်တို့ အရမ်းပြင်းထန်တဲ့ ဆုဖလားပြိုင်ပွဲနဲ့ ကြုံနေရပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ဂယ္ရီ နဗီးဟာ မန္ခ်က္စတာစီးတီးအသင္းက ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေထာက္ခံေနဆဲျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ ဖလားရဖို႔ အခြင့္အေရးရွိေအာင္ ခံစစ္ကို ပိုမိုေတာင့္တင္းေအာင္လုပ္ဖို႔လိုတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ စေနေန႔ညေနက ဘုန္းေမာက္ကို ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ေနာက္ကေန အႏိုင္လိုက္ကစားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာာစီးတီးအသင္းကလည္း စေနေန႔အေစာပိုင္းမွာ နယူးကာဆယ္လ္ကို အႏိုင္ရခဲ့ေပမယ့္ ဂန္းနားေတြရဲ႕ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္မႈက အားလုံးရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂယ္ရီ နဗီးက ရိစ္ နယ္လ္ဆန္ရဲ႕ ထူးျခားတဲ့ နာက်င္အခ်ိန္ပိုအႏိုင္ဂိုးဟာ အာဆင္နယ္အသင္းအတြက္ ႀကီးမားတဲ့ ယုံၾကည္ခ်က္နဲ႔ ယုံၾကည္မႈေတြကို ေပးစြမ္းခဲ့တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း အာတီတာရဲ႕အသင္းက ဂိုးေတြအမ်ားႀကီး ေပးေနတယ္လို႔ ခံစားေနရဆဲျဖစ္ပါတယ္။

“မန္စီးတီးက ပိုၿပီးေတာ့ ခက္ခဲတဲ့ပြဲစဥ္ျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြက ရမွတ္ပိုေလ်ာ့က်ႏိုင္တယ္လို႔ စိတ္ထဲမွာ ေတြးမိတယ္။ ကြၽန္ေတာ္ ၂ သင္းစလုံးအႏိုင္ရမယ္လို႔ မထင္ခဲ့ပါဘူး။ အဲဒီေတာ့ စီးတီးက သူတို႔အလုပ္ သူတို႔လုပ္ခဲ့ၿပီး ၿပီးေတာ့ ခင္ဗ်ား အာဆင္နယ္ကို သက္ေတာင့္သက္သာႏိုင္ပြဲရဖို႔ ေမွ်ာ္မွန္းတယ္။ တကယ္လည္း သူတို႔ေတြ အႏိုင္ရခဲ့ၿပီး သူတို႔အႏိုင္ရခဲ့တဲ့ပုံစံက ေနာက္ထပ္ အပိုစိတ္ဓာတ္ခြန္အား၊ အရွိန္အဟုန္ေတြကို ေပးပါတယ္။ ဘာလို႔လဲဆိေတာ့ အဲဒီပြဲက ခင္်ား ၂-၀ ဒါမွမဟုတ္ ၃-၀ ေလာက္နဲ႔ အႏိုင္ရမယ္လို႔ မွန္းထားတဲ့ပြဲမို႔လို႔ပါ။ ဘုန္းေမာက္က အမွတ္ေပးဇယားေအာက္ေျခကေနဆိုရင္ ဒုတိယေလ”

“ဒါေပမယ့္ သူတို႔ေတြ သူတို႔ဘာသာ တကယ္ခက္ခဲေအာင္ လုပ္ခဲ့တယ္။ သူတို႔ေတြမွာ စစ္မွန္တဲ့ အရွိန္အဟုန္ရွိပါတယ္။ စိတ္ဓာတ္ပိုင္းအားေကာင္းမႈရွိတယ္။ ပရိသတ္ေတြကလည္း သူတို႔နဲ႔အတူရွိတယ္။ ကြၽန္ေတာ္ သူတို႔ကို ဂိုးေတြေပးေနတာေတြ ရပ္ေတာ့လို႔ ေျပာရပါလိမ့္မယ္။ အဲဒီလို ေျပာရတာ အရမ္း႐ိုးရွင္းတဲ့ပုံပါ။ ဒါေပမယ့္ ခင္ဗ်ား ဆက္တိုက္ ဂိုးေတြ ေပးေနရတဲ့အခ်ိန္မွာ အဲဒါက တကယ္ခက္ခဲၿပီး သူတို႔ေတြ ဘုန္းေမာက္ကို ၂ ဂိုး၊ ဘရန႔္တ္ဖို႔ဒ္ကို ၁ ဂိုး၊ ယူႏိုက္တက္ကိုလည္း ဂိုးေပးခဲ့တယ္။ ဗီလာ၊ စီးတီးကိုေရာပဲ။ သူတို႔ေတြက ေတာ္ေတာ္ေလးမ်ားတဲ့ဂိုးေတြ ေပးခဲ့ရပါတယ္။ ကြၽန္ေတာ္ ထင္တယ္။ ေနာက္ဆုံး ၈ ပြဲမွာ ၁၁ ဂိုးေလာက္ရွိမယ္”

“အဲဒီေတာ့ သူတို႔ေတြ အဲဒါကို နည္းနည္း စီမံခန႔္ခြဲဖို႔ လိုအပ္ပါတယ္။ ဘာလို႔လဲဆိုရင္ သူတို႔ေတြအခု ရာသီကုန္ဖို႔ ၁၂ ပြဲ က်န္ေသးလို႔ပါ။ စီးတီကလည္း သူတို႔ရဲ႕ အေကာင္းဆုံးပုံစံမွာ မကစားႏိုင္ေသးဘူး။ ကြၽန္ေတာ္တို႔ အရမ္းျပင္းထန္တဲ့ ဆုဖလားၿပိဳင္ပြဲနဲ႔ ႀကဳံေနရပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet