ဂန်းနားပရိသတ်တွေ ပျော်ရွှင်စေမယ့်သတင်းပေးခဲ့တဲ့ နာမည်ကျော်ဂျာနယ်လစ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ဂန်းနားပရိသတ်တွေ ပျော်ရွှင်စေမယ့်သတင်းပေးခဲ့တဲ့ နာမည်ကျော်ဂျာနယ်လစ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

လော်ရာ ဝုဒ်စ်က မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူဖို့ အသင်းရဲ့ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေကို ရယ်မောဖွယ်တုံ့ပြန်ခဲ့ပြီး ပရိသတ်တွေရဲ့ ခံစားချက်ကို မြင်အောင် ပြသခဲ့ပါတယ်။ အာဆင်နယ်ဟာ ကိုင်ဆေဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းက မာဒရစ်ခ်တုန်းကအတိုင်းပဲ ဂန်းနားတွေရဲ့ပစ်မှတ်ကို လုယူဖို့ ကြိုးပမ်းလာတာကြောင့် လော်ရာ ဝုဒ်စ်အပါအဝင် အာဆင်နယ်ပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ကျွန်မ နောက်ထပ် ချဲလ်ဆီးပစ်မှတ်တစ်ဦးကို သိထားတယ်။ သူတို့တွေ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူချင်နေတဲ့ပုံပေါ်ပဲ။ အိုး တကယ်ပါပဲ။လို့ ပြောကြားခဲ့ရာမှာ တွဲဖက်စီစဉ်တင်ဆက်သူ အယ်လီ မက်ကွိုက်စ်က ကျွန်တော်တို့က ဘရိုက်တန်မှာ ရှိသမျှ ကစားသမားတွေကို ဆွဲထုတ်နေတာပဲ။ အဲဒါက ဆိုးရွားလိုက်တာ။လို့ ကြားဖြတ်ပြောဆိုခဲ့ပြီး လော်ရာ ဝုဒ်က သတင်းထောက် အဲလက်စ် ခရွတ်ခ်ကို ဒီအပြောင်းအရွှေ့ကရော ဘယ်လိုမျိုး ဖြစ်သွားနိုင်သလဲလို့ စိုးရိမ်တကြီး မေးမြန်းခဲ့ပါတယ်။ ခရွတ်ခ်က တော်တော်လေး ဖြစ်နိုင်ခြေရှိတယ်လို့(ချဲလ်ဆီးက ခေါ်ယူသွားနိုင်ဖို့)ကျွန်တော် ထင်တယ်။လို့ ပြန်ပြောခဲ့ချိန်မှာ လော်ရာ ဝုဒ်စ်က ကြည့်ရှုသူတွေ မမြင်အောင် မျက်နှာကို စာရွက်နဲ့ ကာခဲ့ပေမယ့်လည်း ပြုံးနေခဲ့ပုံပေါ်ပါတယ်။

 ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ဟာ ယခုနွေရာသီမှာ အာဆင်နယ်ကို ပြောင်းဖို့ ပိုများတယ်လို့ နာမည်ကျော် ဂျာနယ်လစ်ဒင်း ဂျုံးစ်ရဲ့ ပြောကြားချက်အရ သိရပြီး အင်္ဂလန်ကွင်းလယ်ကစားသမား အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာနိုင်ခြေက ၇၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ရိုက်စ်နဲ့ မန်ယူနိုက်တက်တို့အကြောင်း မသိပါဘူး။ အဲဒါက သူ့အတွက် တိုးတက်မှုရှိလာမယ်လို့ ကျွန်တော် မထင်မိဘူး။ သူက အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ပါတယ်။ ကျွန်တော် တစ်နေ့က တစ်စုံတယောက်နဲ့ စကားပြောခဲ့ပြီး သူတို့တွေ ပြောတာက ကြည့်ရတာ အာဆင်နယ်က သူ သွားမယ့်အသင်းပုံစံ ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်တဲ့။လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့် ကန်ဆယ်လိုဟာ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ထဲက လက်သွက်တဲ့အသင်းနောက် ပါသွားနိုင်တယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရီုမာနိုက သတိပေးခဲ့ပါတယ်။ ဘာစီလိုနာအတွက် အရာအားလုံးက ငွေကြေးအကြပ်အတည်းကြောင့် နှေးကွေးနေတယ်။ မက်ဆီ ဦးစားပေးခေါ်ယူဖို့နဲ့ FFP အတွက် လာလီဂါနဲ့ စကားပြောနေရတယ်။ ဥပမာအားဖြင့် ဘာစီလိုနာက ကန်ဆယ်လိုကို ဒီအပတ်မှာ ခေါ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီဟာက နှေးကွေးတဲ့ သဘောတူညီမှု ဖြစ်လာမယ်ဆိုရင်တော့ ဘာစီလိုနာက ခေါ်ယူဖို့ ရှိနေပါလိမ့်မယ်။ သေချာတာတော့ ကန်ဆယ်လိုက အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေပါတယ်။လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ဂိုးသမား မတ် တန်နာက အငှားနဲ့ ထွက်ကစားနေတဲ့ ဘာလိုဂန်ဟာ အသင်းဖော်တွေကို မြှင့်တင်ပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး အမ်းမရိတ်စ်မှာပဲ ဆက်နေစေချင်နေတာ ဖြစ်ပါတယ်။ ကျွန်တော် သူနဲ့ ရာသီကြို ကစားခဲ့ပြီး တော်တော်လေးကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမယ့် ပြီးတော့ သူ အငှားထွက်သွားတယ်။ သူက အငှားကစားသမားကာလမှာ ဂိုးတွေအများကြီး သွင်းယူနိုင်ခဲ့ပြီး သူလုပ်ခဲ့တာ တကယ်ကောင်းပါတယ်။ စိတ်လှုပ်ရှားစရာတွေကို လုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း သိတာကြောင့် သူက ဒီအစုအဖွဲ့ထဲမှာ ကောင်းကောင်း အံဝင်မယ့်သူပါ။ ဖလိုက တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားဖြစ်ပြီး သူက အရမ်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့သူပါ။ အဲဒါက ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ ရှိပြီးသားလူတွေနဲ့ ကောင်းကောင်း အံဝင်ခွင်ကျဖြစ်မှာပါ။ ထပ်ပြောရရင် သူက အရမ်းကောင်းမွန်တဲ့ ဖြည့်စွက်မှုဖြစ်လာမှာဖြစ်ပြီး ကျောနံပါတ် ၉ နေရာအတွက် ယှဉ်ပြိုင်မှုတွေ ပိုပြီး ဖန်တီးပေးနိုင်မှာပါ။ ခင်ဗျားမှာ ဒီလိုမျိုး ယှဉ်ပြိုင်မှုမျိုး ရှိတဲ့အခါမှာ အားလုံးရဲ့ အရည်အချင်းကို မြှင့်တင်ပေးနိုင်မှာပါလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဓိကကစားသမားဖြစ်တဲ့ ဝီလီယံ ဆာလီဘာနဲ့ စာချုပ်သစ်ကိစ္စ ပြောဆိုဆွေးနွေးမှုတွေက မှန်ကန်တဲ့ ဦးတည်ချက်အတိုင်းသွားနေတယ်လို့ သိရပြီးပီအက်စ်ဂျီရဲ့ စိတ်ဝင်စားမှုခံနေရပေမယ့်လည်း ဂန်းနားတွေနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးမှုတွေက တိုးတက်မှုရှိတယ်လို့ Sky Sports ဂျာနယ်လစ် ဒါးမက်ရှ် ရှက်သ်က ပြောကြားခဲ့ပါတယ်။ ဆာလီဘာအတွက် စာချုပ်သစ် ပြောဆိုဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ တိုးတက်မှုရှိလာတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အာဆင်နယ်က ၂၀၂၄ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသက်သွင်းခဲ့ပြီးနောက် သူ့စာချုပ်က တစ်နှစ်ပဲ ကျန်တော့တယ်။ ဒါပေမယ့်လည်း နှစ်ဖက်စလုံးက ဒီသဘောတူညီမှုကို အပြီးသတ်ဖို့အတွက် စိတ်ဆန္ဒရှိနေတယ်လို့ ယူဆရပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet