အရမ်းတည်ငြိမ်တဲ့ကစားသမားက ဂန်းနားတွေဆီပြောင်းမှာမဟုတ်ဘူးဆိုတဲ့ ဖာဒီနန်
ရီယို ဖာဒီနန်က မန်ချက်စတာစီးတီးအတွက် နောက်ထပ်တစ်ကြိမ် တောက်ပပြခဲ့တဲ့ အာဆင်နယ်အပြောင်းအရွှေ့ပစ်မှတ် ဂန်ဒိုဝမ်နဲ့ပတ်သက်ပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင်က အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကို အလွန်တည်ငြိမ်တဲ့ကစားသမားလို့ ချီးကျူးခဲ့ပြီး ယခုလကုန်မှာ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်းပြည့်တဲ့အချိန်ကျရင် ဘာစီလိုနာကို ပြောင်းရွှေ့မယ်ကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အာတီတာဟာ အစ်တီဟတ်ကနေ ကစားသမား ၂ ဦးအထိ ဝယ်ယူခဲ့ပြီးဖြစ်ပြီး ဂန်ဒိုဝမ်ကို တတိယမြောက် ခေါ်ယူမှုအဖြစ် ပြုလုပ်ချင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီကွင်းလယ်ကစားသမားရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေဆဲဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ဂန်ဒိုဝမ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။
ဂန်ဒိုဝမ်သာ ပရီးမီးယားလိဂ်ချန်ပီယံတွေကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းနဲ့ စွန့်ခွာမှာဖြစ်ပြီး အဲဒါကတော့ ဖလား ၃ လုံးတပြိုင်နက် အနိုင်ရရှိသူအဖြစ် ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းသာ ဖလား ၃ လုံးကို တပြိုင်နက် ဆွတ်ခူးနိုင်မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းခေါင်းဆောင်ဟာ အဲဒီအောင်မြင်မှုမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သူ ဖြစ်လာမှာဖြစ်ပြီး ဖာဒီနန်က ဂျာမန်ကွင်းလယ်လူရဲ့ အနာဂတ်ကို ဆွေးနွေးရာမှာ အာဆင်နယ်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ပြောစရာလိုတဲ့ လူတစ်ယောက်ကတော့ အသင်းခေါင်းဆောင် ဂန်ဒိုဝမ်ပါ။ သူက ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိခဲ့တယ်။ အရေးကြီးလာတဲ့အချိန်မှာ သူ ပေါ်လာပြီး သွင်းဂိုးတွေနဲ့ရော စွမ်းဆောင်ရည်နဲ့ပါ ပွဲအရှိန်ကို ထိန်းချုပ်ပြီး ပွဲအရှိန်အတက်အကျက သူနဲ့ ရိုဒရီဆီကနေ အချိန်တော်တော်များများမှာ သတ်မှတ်ပေးခဲ့တာပါ။ သူက ဒီအသင်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရာအားလုံးကို သတ်မှတ်ပေးနေတယ်လို့ ကျွန်တော် ထင်တယ်”
“သူက ဖိအားတွေအောက်မှာ အရမ်းတည်ငြိမ်တယ်။ ဘယ်တော့မှ စိတ်လှုပ်ရှားနေတဲ့ပုံမပေါ်ခဲ့ဘူး။ သူက အဲဒီမှာပဲ ရှိနေတယ်။ အဲဒါက ခင်ဗျားကို ဘာကြောင့် အသင်းခေါင်းဆောင်ဖြစ်နေတာလဲဆိုတာကို ပြသနေတာပါ။ သူ ခြေထောက် ၂ ဖက်စလုံးနဲ့ ကစားတယ်။ သက်တောင့်သက်သာနဲ့ ကွင်းထဲမှာ ဝင်ကစားတဲ့ပွဲတိုင်း အကျိုးသက်ရောက်မှု ပြသတယ်။ သူ့ကို ကျွန်တော် နှစ်သက်တယ်။ သူ့အနာဂတ်နဲ့ပတ်သက်ပြီး ကြားတာက ဘာဆာတဲ့။ ဒါက ကြီးမားတဲ့လစာပမာဏဖြစ်နေဦးမှာပါ။ မက်ဆီလည်း ရှိကောင်းရှိနိုင်တယ်။ ဘူးစကတ်ထွက်သွားတာက လစာပမာဏ တစ်ပတ် ပေါင် ၂ သိန်းလောက် သက်သာသွားတယ်။ ပီကေးနဲ့ အယ်လ်ဘာတို့အတွက်ရောပဲ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂန်ဒိုဝမ်ဟာ လက်ရှိမှာ ကမ်းလှမ်းမှု ၄ ခုအထိ ရရှိထားတယ်လို့ Arsenal Informer ရဲ့ ဖော်ပြချက်အရ သိရပြီး ဘာစီလိုနာက တစ်နှစ်လုပ်ခလစာ ယူရို ၉ သန်းနဲ့ ၃ နှစ်စာချုပ်၊ မန်ချက်စတာစီးတီးက ဘာစီလိုနာမှာ ရရှိမယ့် လစာထက် ပိုများတဲ့ပမာဏနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်၊ အာဆင်နယ်က ၂ နှစ်စာချုပ်(လစာပမာဏ မဖော်ပြထား)နဲ့ ဆော်ဒီ အာရေဗျကနေ ကမ်းလှမ်းမှုတွေ ရရှိထားပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk
- Team News