စပို့စ်တင်း လစ္စဘွန်းနဲ့ပွဲအတွက် ဂျေးဇုး၊ အန်ကီးတီးယား၊ ထရော့စ်ဆာ့ဒ်တို့ရဲ့ ယနေ့ နောက်ဆုံးရ ဒဏ်ရသတင်း
ဂါဘရီယဲလ် ဂျေးဇုဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် အာဆင်နယ်အသင်းရဲ့ ပေါ်တူဂီခရီးစဉ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သတင်းများက ဆိုပါတယ်။ သို့သော်လည်း ဂျေးဇုတစ်ယောက် ပေါ်တူဂီကို လိုက်ပါခြင်း မရှိဘူးလားဆိုတာကိုတော့ အာဆင်နယ်အသင်းကတော့ လုံးလုံးလျားလျား ငြင်းဆိုထားခြင်းမရှိသေးပါ။
ဘုန်းမောက်ပွဲအပြီးတွင် ဘရာဇီးလ်သားကို အာဆင်နယ်အရန်ကစားသမားတွေနဲ့ အတူ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးဂျာစီကို ဝတ်ဆင်ထားတာကို တွေ့ရှိရသည့်အတွက် အာဆင်နယ်သတင်းထောက် ချားလ်ဝတ်စ်ကို မေးမြန်းသည့်အခါ “ဂျေးဇုအနေနဲ့ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေး ဂျာစီကို ဝတ်ဆင်ထားရခြင်းမှာ အရန်ခုံမှ လူစားဝင်မကစားဖြစ်သည့် ကစားသမားများနှင့်အတူ ပွဲအပြီးတွင် သွေးပူလေ့ကျင့်ခန်း တူတူလုပ်ရန်ဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်သားအနေနဲ့ သူ့ရဲ့အသင်းဖော်များနှင့် လေ့ကျင့်ရေးမှာ ပါဝင်ခွင့်ရခြင်းက အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းတွေမှာ ရွေးချယ်ခံရဖို့အတွက်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပေမယ့် ဘယ်အချိန်မှာ ပြန်လည်ရွေးချယ်ကစားခိုင်းမလဲဆိုတာ နည်းပြအာတီတာပေါ် မူတည်နေပါတယ်။
ခြေကျင်းဝတ် ဒဏ်ရာရရှိထားတဲ့ အန်ကီးတီးယားအနေနဲ့ ဘုန်းမောက်ပွဲကို လွဲချော်ခဲ့ပြီး စပို့တင်း လစ္စဘွန်းနဲ့ ပွဲကိုလည်း လွဲချော်ဖို့ များနေပါတယ်။ ခရီးစဉ်ကို လိုက်ပါနိုင်ခြင်းရှိမရှိကို ပေါ်တူဂီသို့ မသွားရောက်ခင် နာရီပိုင်းအလိုမှာ ကြံ့ခိုင်မှု စစ်ဆေးပြီးမှ သိရမယ်လို့ သိရှိရပါတယ်။ အန်ကီးတီးယား ဒဏ်ရာရနေချိန်တွင် အထောင်တိုက်စစ်မှူးနေရာမှာ ဝင်ရောက်ကစားခဲ့တဲ့ ထရော့စ်ဆာ့ဒ်လည်း ဘုန်းမောက်နဲ့ ပွဲမှာ ရရှိသွားတဲ့ ဒဏ်ရာကြောင့် ကြာသပတေးနေ့မှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကိုတော့ သေချာပေါက်လွဲချော်သွားမှာဖြစ်တာပြီး အာဆင်နယ်အသင်းအနေနဲ့ ဒီကာလတိုအတွက် တိုက်စစ်ပိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရဖွယ် ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ထရောဆာဒ်ရဲ့ ဒဏ်ရာအခြေအနေ မပြင်းထန်ဘူးလို့ အပြည့်အဝ ယုံကြည်နေပြီး ရက်သတ္တပတ် (၂) ပတ်အတွင်းမှာ ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ခန့်မှန်းခြေအားဖြင့် နိုင်ငံတကာပွဲရက်တွေမတိုင်မီမှာပဲ အသက် (၂၈) နှစ်သားကို ပြန်လည်မြင်တွေ့ရမှာဖြစ်တာကြောင့် တိုက်စစ်ပိုင်းအတွက်တော့ သတင်းကောင်းတရပ် ဖြစ်လာခဲ့ပါတယ်။
အန်ကီးတီးယားသာ ပေါ်တူဂီခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိလျှင် နည်းပြအာတီတာအနေနဲ့ ဘယ်တောင်ပံတိုက်စစ်မှာ စမစ်ရိုး သို့မဟုတ် ရီးစ် နယ်လ်ဆန်ကို အသုံးပြုဖွယ်ရှိပြီး မာတင်နယ်လီကိုတော့ လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူးနေရာထား ကစားဖွယ်ရှိနေပါတယ်။ စမစ် ရိုးအနေနဲ့ ဒဏ်ရာကြောင့်နားနေရရာမှာ ပြန်လာတာ မကြာသေးသည့်အတွက် ဘုန်းမောက်နဲ့ပွဲမှာ ဝင်ရောက်ကစားစေဖို့ အစီအစဉ်မရှိသေးပေမယ့် ထရော့စ်ဆာ့ဒ် ဒဏ်ရာရသွားလို့ အစောပိုင်းကတည်းက လူစားဝင်ကစားခဲ့ရခြင်းဖြစ်ပါတယ်။ အလားတူ ဒဏ်ရာက ပြန်ကောင်းလာတဲ့ ရီးစ် နယ်လ်ဆန်လည်း လူစားဝင်ကစားပြီး အထင်ကြီးဖွယ် ခြေစွမ်းကို ပြသခဲ့ပါတယ်။ အာဆင်နယ် နည်းပြအာတီတာအနေနဲ့ လာမယ့်ကြာသပတေးနေ့မှာ ကစားမယ့် စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ လူငယ်တောင်ပံ တိုက်စစ်မှူးတွေဖြစ်တဲ့ စမစ်ရိုး၊ ရီးစ် နယ်လ်ဆန်နဲ့ မာတင်နယ်လီတို့ ၃ ယောက်ကို ဘယ်တောင်ပံတိုက်စစ်နဲ့ အထောင်တိုက်စစ်နေရာ ၂ နေရာအတွက် ဘယ်သူတွေကို ဘယ်နေရာကနေ ဘယ်လိုထားကစားစေမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
ARSENAL MYANMAR
ZAWGYI:ဂါဘရီယဲလ္ ေဂ်းဇုဟာ ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာေပမယ့္ အာဆင္နယ္အသင္းရဲ႕ ေပၚတူဂီခရီးစဥ္မွာ ပါဝင္ႏိုင္ဦးမွာ မဟုတ္ဘူးလို႔ သတင္းမ်ားက ဆိုပါတယ္။ သို႔ေသာ္လည္း ေဂ်းဇုတစ္ေယာက္ ေပၚတူဂီကို လိုက္ပါျခင္း မရွိဘူးလားဆိုတာကိုေတာ့ အာဆင္နယ္အသင္းကေတာ့ လုံးလုံးလ်ားလ်ား ျငင္းဆိုထားျခင္းမရွိေသးပါ။
ဘုန္းေမာက္ပြဲအၿပီးတြင္ ဘရာဇီးလ္သားကို အာဆင္နယ္အရန္ကစားသမားေတြနဲ႔ အတူ အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ေရးဂ်ာစီကို ဝတ္ဆင္ထားတာကို ေတြ႕ရွိရသည့္အတြက္ အာဆင္နယ္သတင္းေထာက္ ခ်ားလ္ဝတ္စ္ကို ေမးျမန္းသည့္အခါ “ေဂ်းဇုအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ေရး ဂ်ာစီကို ဝတ္ဆင္ထားရျခင္းမွာ အရန္ခုံမွ လူစားဝင္မကစားျဖစ္သည့္ ကစားသမားမ်ားႏွင့္အတူ ပြဲအၿပီးတြင္ ေသြးပူေလ့က်င့္ခန္း တူတူလုပ္ရန္ျဖစ္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားအေနနဲ႔ သူ႔ရဲ႕အသင္းေဖာ္မ်ားႏွင့္ ေလ့က်င့္ေရးမွာ ပါဝင္ခြင့္ရျခင္းက အာဆင္နယ္အသင္းရဲ႕ ပြဲထြက္လူစာရင္းေတြမွာ ေ႐ြးခ်ယ္ခံရဖို႔အတြက္ႀကီးမားတဲ့ေျခလွမ္းတစ္ခုျဖစ္ေပမယ့္ ဘယ္အခ်ိန္မွာ ျပန္လည္ေ႐ြးခ်ယ္ကစားခိုင္းမလဲဆိုတာ နည္းျပအာတီတာေပၚ မူတည္ေနပါတယ္။
ေျခက်င္းဝတ္ ဒဏ္ရာရရွိထားတဲ့ အန္ကီးတီးယားအေနနဲ႔ ဘုန္းေမာက္ပြဲကို လြဲေခ်ာ္ခဲ့ၿပီး စပို႔တင္း လစၥဘြန္းနဲ႔ ပြဲကိုလည္း လြဲေခ်ာ္ဖို႔ မ်ားေနပါတယ္။ ခရီးစဥ္ကို လိုက္ပါႏိုင္ျခင္းရွိမရွိကို ေပၚတူဂီသို႔ မသြားေရာက္ခင္ နာရီပိုင္းအလိုမွာ ႀကံ့ခိုင္မႈ စစ္ေဆးၿပီးမွ သိရမယ္လို႔ သိရွိရပါတယ္။ အန္ကီးတီးယား ဒဏ္ရာရေနခ်ိန္တြင္ အေထာင္တိုက္စစ္မႉးေနရာမွာ ဝင္ေရာက္ကစားခဲ့တဲ့ ထေရာ့စ္ဆာ့ဒ္လည္း ဘုန္းေမာက္နဲ႔ ပြဲမွာ ရရွိသြားတဲ့ ဒဏ္ရာေၾကာင့္ ၾကာသပေတးေန႔မွာ စပို႔တင္းလစၥဘြန္းနဲ႔ ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္ကိုေတာ့ ေသခ်ာေပါက္လြဲေခ်ာ္သြားမွာျဖစ္တာၿပီး အာဆင္နယ္အသင္းအေနနဲ႔ ဒီကာလတိုအတြက္ တိုက္စစ္ပိုင္းကို အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ရဖြယ္ ရွိေနပါတယ္။
အာဆင္နယ္အသင္းဟာ ထေရာဆာဒ္ရဲ႕ ဒဏ္ရာအေျခအေန မျပင္းထန္ဘူးလို႔ အျပည့္အဝ ယုံၾကည္ေနၿပီး ရက္သတၱပတ္ (၂) ပတ္အတြင္းမွာ ျပန္ကစားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း သိရပါတယ္။ ခန႔္မွန္းေျခအားျဖင့္ ႏိုင္ငံတကာပြဲရက္ေတြမတိုင္မီမွာပဲ အသက္ (၂၈) ႏွစ္သားကို ျပန္လည္ျမင္ေတြ႕ရမွာျဖစ္တာေၾကာင့္ တိုက္စစ္ပိုင္းအတြက္ေတာ့ သတင္းေကာင္းတရပ္ ျဖစ္လာခဲ့ပါတယ္။
အန္ကီးတီးယားသာ ေပၚတူဂီခရီးစဥ္ကို လိုက္ပါႏိုင္ျခင္းမရွိလွ်င္ နည္းျပအာတီတာအေနနဲ႔ ဘယ္ေတာင္ပံတိုက္စစ္မွာ စမစ္႐ိုး သို႔မဟုတ္ ရီးစ္ နယ္လ္ဆန္ကို အသုံးျပဳဖြယ္ရွိၿပီး မာတင္နယ္လီကိုေတာ့ လိုအပ္ေနတဲ့ အေထာင္တိုက္စစ္မႉးေနရာထား ကစားဖြယ္ရွိေနပါတယ္။ စမစ္ ႐ိုးအေနနဲ႔ ဒဏ္ရာေၾကာင့္နားေနရရာမွာ ျပန္လာတာ မၾကာေသးသည့္အတြက္ ဘုန္းေမာက္နဲ႔ပြဲမွာ ဝင္ေရာက္ကစားေစဖို႔ အစီအစဥ္မရွိေသးေပမယ့္ ထေရာ့စ္ဆာ့ဒ္ ဒဏ္ရာရသြားလို႔ အေစာပိုင္းကတည္းက လူစားဝင္ကစားခဲ့ရျခင္းျဖစ္ပါတယ္။ အလားတူ ဒဏ္ရာက ျပန္ေကာင္းလာတဲ့ ရီးစ္ နယ္လ္ဆန္လည္း လူစားဝင္ကစားၿပီး အထင္ႀကီးဖြယ္ ေျခစြမ္းကို ျပသခဲ့ပါတယ္။ အာဆင္နယ္ နည္းျပအာတီတာအေနနဲ႔ လာမယ့္ၾကာသပေတးေန႔မွာ ကစားမယ့္ စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ လူငယ္ေတာင္ပံ တိုက္စစ္မႉးေတြျဖစ္တဲ့ စမစ္႐ိုး၊ ရီးစ္ နယ္လ္ဆန္နဲ႔ မာတင္နယ္လီတို႔ ၃ ေယာက္ကို ဘယ္ေတာင္ပံတိုက္စစ္နဲ႔ အေထာင္တိုက္စစ္ေနရာ ၂ ေနရာအတြက္ ဘယ္သူေတြကို ဘယ္ေနရာကေန ဘယ္လိုထားကစားေစမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းလွပါတယ္။
ARSENAL MYANMAR
- Posted In:
- Articles