လာမယ့်ရာသီ စီးတီးကို ဂန်းနားတွေ စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ ထင်မြင်နေတဲ့ ရွိုင် ကီးန် coyg

လာမယ့်ရာသီ စီးတီးကို ဂန်းနားတွေ စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ ထင်မြင်နေတဲ့ ရွိုင် ကီးန်

ရွိုင် ကီးန်က ယခုရာသီ အမှတ်ပေးဖလားစိန်ခေါ်သူတွေဖြစ်တဲ့ ဂန်းနားတွေကို ငြင်းပယ်ပြီး မန်ချက်စတာယူနိုက်တက်က လာမယ့်ရာသီမှာ အာဆင်နယ်၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့လို အသင်းတွေရဲ့ အထက်မှာ မန်စီးတီးရဲ့ အဓိကဆုဖလားပြိုင်ဘက်ဖြစ်လာလိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၂၄၈ ရက်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးက အာတီတာရဲ့အသင်းကို ကျော်ဖြတ်ပြီး ၃ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက အာဆင်နယ်ထက် ၅ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့တာဖြစ်ပြီး တတိယနေရာက မန်ချက်စတာယူနိုက်တက်ကို ၁၄ မှတ်အထိ ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ တန်ဟက်လက်အောက်မှာ ဆိုးရွားတဲ့ရာသီစတင်မှုကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနာက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆုဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကိန်းက ၎င်းရဲ့အသင်းဟောင်းက လာမယ့်ရာသီမှာ နောက်ထပ်အဆင့်တစ်ခုကို သွားနိုင်ပြီး မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလားအတွက်တောင် စိန်ခေါ်နိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“လာမယ့်ရာသီ စီးတီးအတွက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ဘယ်အသင်းမြင်လဲဆိုရင် ကျွန်တော် မန်ချက်စတာယူနိုက်တက်ကိုပဲ ရွေးချယ်ရမှာပါ။ မန်ယူနိုက်တက်ဆီကနေ စိန်ခေါ်မှုရှိလာမယ်လို့ ကျွန်တော် မျှော်လင့်တယ်။ အဲဒါက အသင်းလက်လွှဲရောင်းချမှုနဲ့ ဒီနွေရာသီ လူအင်အားဖြည့်တင်းမှုအပေါ် မူတည်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး လိုအပ်နေလို့ပါ။ ခင်ဗျား လာမယ့်နှစ် မန်ယူနိုက်တက်က စိန်ခေါ်နိုင်မယ်လို့ မျှော်လင့်လို့ရမှာဖြစ်ပေမယ့် အဲ့ဒါက အရမ်းကို ခက်ခဲမှာပါ။ ဘာလို့လဲဆိုတော့ မန်စီးတီးက အရမ်းကောင်းနေပြီး အရမ်းတော်တဲ့ နည်းပြ ရှိနေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet