ဂန်းနားတွေထက် မန်ယူနိုက်တက်က ပိုအောင်မြင်တဲ့ရာသီဖြစ်ခဲ့တယ်ဆိုတဲ့ သရဲနီဂန္တဝင် coyg

ဂန်းနားတွေထက် မန်ယူနိုက်တက်က ပိုအောင်မြင်တဲ့ရာသီဖြစ်ခဲ့တယ်ဆိုတဲ့ သရဲနီဂန္တဝင်

ရီယို ဖာဒီနန်က အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းက ပိုမိုကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ ၂၄၇ ရက်အထိ ဆုဖလားပြိုင်ပွဲမှာ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး လိဂ်ဖလားအတွက် ၁၉ နှစ်ကြာ စောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်နိုင်တော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ရာသီပြီးခါနီး ခြေချော်မှုကြောင့် နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ၆ ရာသီအတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေး ပြန်ရသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ ဆုဖလား ၃ လုံးတပြိုင်နက်တည်းရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ တခြား ပြိုင်ပွဲတွေကနေလည်း မျှော်မှန်းထားတာထက် စောပြီး ထွက်ခွာခဲ့ရပေမယ့်လည်း အနည်းဆုံးတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာရခဲ့တာဖြစ်ပြီး ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်မှာ ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း အဲရစ် တန်ဟက်ရဲ့ ပွဲဦးထွက်ရာသီ အဓိက ရည်မှန်းချက်ဖြစ်တဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ဒီအချိန်တုန်းက အသင်းက အခြေအနေတော်တော်လေး ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။

ရာသီနောက်ဆုံးနေ့ ရလဒ်အပေါ်မှာ မူတည်ပြီး မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ နေရာမှာ ရာသီပြီးဆုံးရမှာဖြစ်ပြီး အာတီတာရဲ့ အသင်းနဲ့ ၉ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲရစ် တန်ဟက်ရဲ့ အသင်းဟာ ယခုရာသီမှာ ကာရာဘောင်းဖလား ရရှိထားပြီးဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရရှိခဲ့မယ်ဆိုရင် ယခုရာသီကို ဆုဖလား ၂ လုံးနဲ့ ပြီးဆုံးနိုင်တော့မှာ ဖြစ်ပါတယ်။

ဖာဒီနန်က နောက်ထပ် ဆုဖလား ထပ်မံရရှိမှုက မန်ယူနိုက်တက်ဟာ အာဆင်နယ်ထက် ဘက်ပေါင်းစုံမှာ ပိုမိုအောင်မြင်တဲ့ရာသီပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“မန်ယူနိုက်တက်က အာဆင်နယ်ထက် ပိုကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့လားဆိုရင် ခင်ဗျား လှဲပြီး ကိုယ့်ကိုကိုယ် ကစားသမားတစ်ယောက်အနေနဲ့ စဉ်းစားကြည့်။ ခင်ဗျား အဆင့် ၄ နေရာနဲ့ ဖလားဆိုရင် ဘာဖလားပဲဖြစ်ဖြစ် ရပြီး အဆုံးသတ်ချင်လား။ ဒါမှမဟုတ် တတိယနေရာ၊ ဆုဖလားတစ်လုံးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဒါမှမဟုတ် ဒုတိယနေရာ ဘာဖလားတစ်လုံးမှ မရပေမယ့် ဆုဖလားပြိုင်ပွဲထဲမှာတော့ ပါဝင်ရမယ်ဆို ဘယ်ဟာဖြစ်ချင်လဲ”

“ကျွန်တော်ကတော့ ဆုဖလားပဲ ယူမယ်။ ဘယ်နေရာမှာ ရပ်တည်ရသည်ဖြစ်စေ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ပြီးတာပဲ။ ဒါက ပိုပြီးအောင်မြင်တဲ့ရာသီပါ။ ခင်ဗျား အာဆင်နယ်နဲ့ အာတီတာတို့က ကြီးမားတဲ့ ခြေလှမ်းတွေ လှမ်းခဲ့ကြတာကို ခင်ဗျား ကြည့်နိုင်တယ်။ အဲဒီတော့ ခင်ဗျားရဲ့ ဦးထုပ်ကို မပြီး သူတို့ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ သူတို့တွေက မန်စီးတီးနဲ့ ကွာဟမှုကို နီးစပ်အောင် သူတို့လုပ်ခဲ့တဲ့ပုံစံအတိုင်း ထူးထူးခြားခြား ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါက မတူညီတဲ့ စကားဝိုင်းပါ။ ကျွန်တော်တို့ နောက်တစ်ကြိမ်ကျမှ အဲဒီအကြောင်းကို ပြန်သွားနိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရာသီနောက်ဆုံးနေ့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းဟာ ဝုလ်ဗ်စ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ဖူလ်ဟမ်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet