ဆုဖလားပြိုင်ပွဲမှာ လဲပြိုပြီးနောက် ခံစားနေရတဲ့ဖိအားကို ဖွင့်ဟခဲ့တဲ့ ဆာကာ coyg

ဆုဖလားပြိုင်ပွဲမှာ လဲပြိုပြီးနောက် ခံစားနေရတဲ့ဖိအားကို ဖွင့်ဟခဲ့တဲ့ ဆာကာ

ဘူကာယို ဆာကာဟာ ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အာဆင်နယ်အသင်းရဲ့ ဆုဖလားမျှော်လင့်ချက်ဟာ အဆုံးသတ်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဖိအားတွေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့လဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

ဂန်းနားတောင်ပံကစားသမားဟာ ယခုရာသီ အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ဆာကာဟာ အခြားကစားသမားတွေနည်းတူပဲ ရာသီကုန်ခါနီးမှာ ပွဲပမ်းမှုနဲ့ သက်တောင့်သက်သာမဖြစ်မှု လက္ခဏာတွေ ပြသခဲ့ပုံပေါ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ယခုရာသီ အချိန်အများစုကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဧပြီလမှာ စိတ်ပျက်ဖွယ် ရလဒ်တွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိမှာ မန်စီးတီးက ဖလားကိုင်မြှောက်ဖို့ နိုင်ပွဲ ၁ ပွဲသာ လိုတော့တာဖြစ်ပါတယ်။

အများစုက အချိန်တော်တော်ကြာတဲ့အထိ ဆုဖလားပြိုင်ပွဲမှာ ပါဝင်ပတ်သက်နိုင်ခြင်းမရှိခဲ့တဲ့ အာဆင်နယ်ဟာ ရည်မှန်းချက်အတိုင်း လုပ်နိုင်တော့မယ့်ပုံ စပေါ်လာတဲ့အချိန်မှာ မျှော်မှန်းချက်တွေရဲ့ ဖိအားတွေအောက်မှာ နစ်မွန်းခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ကို အဝေးကွင်းမှာ ၂-၀ နဲ့ ဦးဆောင်ပြီးမှ ၂ ဂိုးပြန်ပေးခဲ့ရပြီး သရေကျခဲ့သလို တန်းဆင်းနေခဲ့ပြီးဖြစ်တဲ့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ သရေကျခဲ့တဲ့ ဂန်းနားတွေဟာ မျှော်မှန်းချက်တွေ မြင့်မားနေချိန်မှာ ထင်သလို မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက အလွန်ငယ်ရွယ်တဲ့ကစားသမားတစ်ယောက်အနေနဲ့ ဖိအားတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ရှင်းပြခဲ့ပြီး အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ဂန်းနားတွေအတွက် အရေးကြီးတဲ့အချိန်တွေမှာ ရုန်းကန်ခဲ့ရမှုကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

“ဘယ်သူကမှ ကျွန်တော့်အပေါ် ဖိအားတွေ မပေးခင် ကျွန်တော့်ဘာသာ အဆ တစ်ထောင်လောက် ဖိအားတွေ ကိုယ့်ဘာသာ ပေးခဲ့တယ်။ ကျွန်တော့်ကိုယ်ကို ဝေဖန်နိုင်တာထက် ဘယ်သူကမှ ကျွန်တော့်ကို ဝေဖန်နိုင်မယ်လို့ မထင်ပါဘူး။ ကျွန်တော် ကိုယ့်ဘာသာ စောင့်ကြည့်ခဲ့ပြီး ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီတော့ ဖိအားဆိုတာက ပြင်ပကနေ လာတယ်လို့ ကျွန်တော် တကယ် မခံစားရပါဘူး။ အဲဒါက အထဲကနေ လာတာပါ။ ကျွန်တော် လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့အချိန်မှာ ကောင်းမွန်တဲ့ လွှမ်းမိုးမှုတွေ၊ ကစားသမားကောင်းတွေ၊ နည်းပြကောင်းတွေ၊ လူကောင်းတွေ ဒီနေရာမှာ အများကြီးရှိနေတာ သိသာပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ နော်တင်ဟမ် ဖောရက်စ်၊ ဝုလ်ဗ်စ်တို့နဲ့ ကစားရမယ့် နောက်ဆုံး ၂ ပွဲမှာ အနိုင်ကစားနိုင်မယ်ဆိုရင် ရမှတ် ၈၇ မှတ်နဲ့ ရာသီကို အထင်ကြီးဖွယ် အဆုံးသတ်နိုင်မယ့် အခွင့်အရေးရှိနေဆဲဖြစ်ပြီး ဆာကာကလည်း ယခုရာသီမှာ ပရီးမီးယားလိဂ်တစ်ခုတည်းမှာတင် သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet