ဘရိုက်တန်နဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ coyg

ဘရိုက်တန်နဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ

ဘရိုက်တန်အသင်းကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာတီတာက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှတွေကို ဖြေကြားပေးခဲ့ပါတယ်။

မေး- ပွဲအပေါ်မှာ ခင်ဗျား ဘယ်လို သုံးသပ်မလဲ။

ဖြေ- ပြီးခဲ့တဲ့တနင်္ဂနွေနေ့အပြီးနောက် ကျွန်တော်တို့ အားလုံး တကယ်ကို ကွဲပြားခြားနားတဲ့ ခံစားချက်တစ်ခု ရခဲ့တယ်။ ကျွန်တော်တို့ အဲဒီတုန်းက ဂုဏ်ယူတဲ့ ခံစားချက်မျိုး ခံစားခဲ့ရပြီး အနိုင်ရဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်ခဲ့တယ်။ ဒီနေ့မှာ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ စွမ်းဆောင်ရည်အတွက်ပါ။

မေး- ဆုဖလားပြိုင်ပွဲက ပြီးသွားပြီဆိုတာကို လက်ခံလား။

ဖြေ- ကျွန်တော် ပထမဆုံးလက်ခံရမှာက ဒုတိယပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ဟာကိုပါ။ အဲဒါကို ကျေညက်အောင်လုပ်မယ်။ ကျွန်တော်တို့ လာမယ့်ပွဲအတွက် တစ်ဦးချင်းစီ ကျွန်တော်တို့ အရမ်း ကွဲပြားခြားနားတဲ့ပုံစံနဲ့ လုပ်ရမယ့်ဟာက ဘာလဲဆိုတာကို ကြည့်မယ်။ အားလုံးအပြီးမှာ သင်္ချာနည်းအရ ဆုဖလားပြိုင်ပွဲက မပြီးသေးပါဘူး။ ဒုတိယနေရာကတော့ သေချာသွားပါပြီ။ အဲဒါက ပြောင်းလဲတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ခုဖြစ်ခဲ့တာတွေကို ချေဖျက်ရမှာဖြစ်ပြီး အဲဒါက ရက်အနည်းငယ်လောက် အချိန်ယူရပါမယ်။

မေး- ပထမဂိုးမှာ ခီဗီယောကို ပြစ်ဒဏ်ကျူးလွန်မှုရှိခဲ့တယ်လို့ထင်လား။

ဖြေ- ကျွန်တော် မသိဘူး။ ကျွန်တော်တို့ အဲဒါကို ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ပထမပိုင်းက ကျွန်တော်တို့ မျှော်လင့်ခဲ့တဲ့အတိုင်း အရမ်းကို ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့တယ်။ ကြားဝင်ဖျက်ထုတ်မှုတွေ အများကြီးရှိခဲ့တယ်။ ပွဲစဉ်အတွင်းမှာ ပြစ်ဒဏ်ကျူးလွန်မှု အကြိမ် ၃၀ အထိ ရှိခဲ့တယ်။ သူတို့တွေမှာ စီးမျောမှုမရှိခဲ့ဘူး။ ကျွန်တော်တို့က ကြီးမားတဲ့ အခိုက်အတန့်အချို့ရှိခဲ့တယ်။ အထူးဖြင့် ကျွန်တော်တို့ ဘောလုံးကို ပြိုင်ဘက် ကွင်းဘက်ခြမ်း တော်တော်ရောက်တဲ့အထိ ကစားနိုင်ခဲ့တဲ့အချိန်မှာပါ။ ကျွန်တော်တို့ အများကြီးပိုကောင်းအောင် လုပ်ခဲ့သင့်တဲ့ အခြေအနေတွေရှိပြီး သူတို့တွေက အဲဒီအတိုင်းပဲ နောက်ထပ်တစ်ကြိမ် ထပ်ပေးလာတဲ့အချိန်မှာ ခင်ဗျားအဲဒီအခိုက်အတန့်တွေမှာ လျင်လျင်မြန်မြန် အမြတ်ထုတ်နိုင်ရမယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပြေးလွှားနိုင်သူအချို့ကို ဆုံးရှုံးခဲ့တဲ့ အခိုက်အတန့်မှာ ကျွန်တော်တို့ ခံစစ်မှာ တစ်ဦးချင်းတိုက်ပွဲတွေအများကြီး စပြီး ရှုံးလာတယ်။ အရမ်း ဆိုးရွားတဲ့ ၂ ဂိုးပေးခဲ့တယ်။ ကျွန်တော်တို့မှာ အဲဒီအတွက် အဖြေမရှိခဲ့ဘူး။ ဒုတိယဘောအပြီးမှာ ဒါက ပကတိအမှန်တရားပဲ။ ကျွန်တော်တို့မှာ အဲဒီအတွက် အဖြေမရှိဘူး။ ကျွန်တော်က အဲဒီအတွက် တာဝန်ရှိတဲ့သူပါ။

မေး- မန်စီးတီးနဲ့ အဲဗာတန်တို့ရဲ့ ပွဲက ရလဒ်က ခင်ဗျားတို့ စွမ်းဆောင်ရည်အပေါ်မှာ အကျိုးသက်ရောက်မှုရှိခဲ့လား။

ဖြေ- ကျွန်တော် မသိဘူး။ ဒါပေမယ့် ဒီဟာနဲ့ ဒုတိယပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို အကြောင်းပြလို့ မရဘူး။ ပထမပိုင်းမှာတုန်း ဘာမှမဖြစ်ခဲ့ဘူး။ အရမ်း ကြားဝင်ဖြတ်တောက်မှုတွေရှိခဲ့ပြီး စီးမျောမှု အားနည်းခဲ့တယ်။ တစ်ဦးချင်း တိုက်ပွဲတွေလည်း အများကြီးရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ လူလူချင်းတွေ့ကြတဲ့ ပွဲမို့လို့ပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အဲဒီအရာတွေမှာ ရှုံးနိမ့်ခဲ့တယ်။ အာရုံစိုက်မှု ပျောက်ဆုံးခဲ့တယ်။ ကျွန်တော်တို့ အတွဲတွေ ဆုံးရှုံးခဲ့ပြီး ကစားဖို့ အရမ်း အန္တရာယ်ရှိတဲ့ ပွဲစဉ်ဖြစ်လာခဲ့တယ်။

မေး- မာတီနယ်လီရဲ့ ဒဏ်ရာအခြေအနေကရော။

ဖြေ- ကျွန်တော်တို့ မသိသေးဘူး။ သူက အခုအချိန်မှာ ဖိနပ်ဝတ်ထားတုန်းပဲ။ သူ့အတွက် လမ်းလျှောက်ဖို့က အရမ်း သက်တောင့်သက်သာ မဖြစ်ခဲ့ဘူး။ သူ ဆက်မကစားနိုင်ခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို ဓာတ်မှန်ရိုက်ပြီး ဒဏ်ရာအတိမ်အနက်ကို ကြည့်ဖို့လိုတာ သိသာပါတယ်။

မေး- ငယ်ရွယ်တဲ့အသင်းက အကန့်အသတ်တစ်ခုထိ ရောက်အောင် တွန်းပို့ခံခဲ့ရတယ်ဆိုတာကို လက်ခံလား။

ဖြေ- ကျွန်တော် မသိဘူး။ ကျွန်တော်က ဒီနေ့ဖြစ်ခဲ့တာတွေအတွက် တာဝန်ရှိသူပါ။ ကျွန်တော့်အလုပ်က တစ်ဦးချင်းစီတိုင်းဆီက အကောင်းဆုံးပုံစံရအောင် လုပ်ဖို့ ဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို နောက်ဆုံး ၄ လခွဲလောက်မှာ လုပ်ဖို့ လိုအပ်ခဲ့တယ်ဆိုရင် ကျွန်တော် လုပ်မှာပါ။ ကျွန်တော် အဲဒါကို လုပ်ဖို့ အကောင်းဆုံး အရည်အချင်းနဲ့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ အဲဒါကို မလုပ်နိုင်ခဲ့တာ သိသာပါတယ်။

မေး- အိမ်ကွင်းမှာ ၂၅ ဂိုး ခွင့်ပြုခဲ့ရတဲ့အပေါ်မှာရော ဘယ်လိုအရာတွေကြောင့်လဲ။

ဖြေ- မတူညီတဲ့ အကြောင်းအရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ ခင်ဗျား ဒီနေ့ ကျွန်တော်တို့ ခွင့်ပြုခဲ့ရတဲ့ ဂိုးတွေကို ကြည့်လိုက်ရင် အဲဒါက အရမ်းရိုးရှင်းပါတယ်။

Arsenal Myanmar

Ref: Internet