ဘရိုက်တန်ကို ရှုံးပြီး ဆုဖလားပြိုင်ပွဲအဆုံးသတ်ခဲ့တဲ့ပွဲစဉ်က အာတီတာ မှားယွင်းခဲ့တဲ့အရာများ coyg

ဘရိုက်တန်ကို ရှုံးပြီး ဆုဖလားပြိုင်ပွဲအဆုံးသတ်ခဲ့တဲ့ပွဲစဉ်က အာတီတာ မှားယွင်းခဲ့တဲ့အရာများ

ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲဟာ အာဆင်နယ်အသင်းက ဘရိုက်တန်ကို အမ်းမရိတ်စ်မှာ ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးဆုံးသွားခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။

အမ်းမရိတ်စ်မှာ နှစ်သင်းစလုံးဟာ အခွင့်အရေးရတိုင်း တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှု တိုင်ထိသွားခဲ့တာက ပထမပိုင်းမှာ ဂန်းနားတွေရဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆ မိနစ်အကြာမှာ အန်ဆီဆိုက ဘရိုက်တန်အတွက် အဖွင့်ဂိုးကို သွင်းယူသွားခဲ့ပြီး အမ်ဒက်ဗ်က ဘောလုံးရှင်းထုတ်မှုက ဂရို့စ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းလာခဲ့ရာကနေ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

အက်စတူပီနန်က အိမ်ရှင် အာဆင်နယ်အသင်းအတွက် ပိုမိုဆိုးရွားတဲ့ ညနေခင်း ဖြစ်လာစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို နာကျင်အချိန်ပို ၈ မိနစ်မှာ သွင်းယူသွားခဲ့တာဖြစ်ပြီး အာတီတာဟာ ၎င်းရဲ့အသင်း အဆုံးသတ်ညံ့ဖျင်းမှုအချို့ကြောင့် စိတ်ပျက်ခဲ့ရပေမယ့်လည်း ကိုယ်တိုင်လည်း အမှားအယွင်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ခီဗီယောကို ယုံကြည်မှုပေးခဲ့ခြင်း-မှန်

ခီဗီယောအသင်းထဲမှာ စကစားခဲ့တဲ့အချိန်ကတည်းက ခံစစ်ကစားပုံ တိုးတက်လာခဲ့ပြီး လူငယ်နောက်ခံကစားသမားဟာ နည်းပြ အာတီတာလက်အောက်မှာ တိုးတက်လာမယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီး၊ နယူးကာဆယ်တို့နဲ့ ပွဲစဉ်မှာ အားကောင်းတဲ့ ခံစစ်ကစားပုံကို ပြသနိုင်ခဲ့ပြီးနောက် အသက် ၂၃ နှစ်အရွယ် နောက်ခံလူဟာ ဘရိုက်တန်နဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အာတီတာအနေနဲ့ ဆာလီဘာ နာသွားချိန်ကတည်းက ခီဗီယောကို မသုံးခဲ့မိတာ နောင်တရမဆုံးဖြစ်နေမှာဖြစ်ပြီး ဟိုးဒင်းကို အသုံးပြုခဲ့မှုက ဂန်းနားတွေကို ဒုက္ခရောက်စေခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ကို ကစားချင်တဲ့ပုံစံအတိုင်း ကစားခွင့်ပေးခဲ့ခြင်း-မှား

အာဆင်နယ်ဟာ ယခုရာသီမှာ အလွန်ထူးခြားကောင်းမွန်တဲ့ ကစားပုံနဲ့ ကစားခဲ့ပေမယ့်လည်း ဘရိုက်တန်က အကောင်းဆုံးပုံစံနဲ့ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာ ဖြစ်ပါတယ်။ အာတီတာဟာ ၎င်းရဲ့အသင်းကို ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်မယ်လို့ အမြဲတမ်း ထောက်ခံခဲ့ပေမယ့်လည်း ရောဘတ်တို ဒီဇာဘီရဲ့အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တာက ကောင်းတဲ့အကြံအစည်မဟုတ်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပွဲကစားချိန်အများစုမှာ ဒုတိယအကောင်းဆုံးဖြစ်နေခဲ့ပြီး ပြိုင်ဘက်တွေရဲ့ လမိုင်းကပ်နေမှုကို အနှောင့်အယှက်ပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပွဲကို ဒီထက်ပိုပြီး ဖြတ်တောက်နိုင်ခဲ့ရမှာဖြစ်ပြီး အခုတော့ အမ်းမရိတ်စ်မှာ အရာအားလုံးက လွယ်ကူနေခဲ့တာဖြစ်ပါတယ်။

လျင်မြန်တဲ့အပြောင်းအလဲတွေ ပြုလုပ်ခဲ့ခြင်း-မှန်

အာတီတာဟာ ပွဲစဉ်အတွင်း စီမံခန့်ခွဲမှုတွေမှာ အချိန်တော်တော်များများမှာ တုံ့ပြန်မှု နှေးကွေးခဲ့ပေမယ့်လည်း ဒီနေ့မှာ လျင်လျင်မြန်မြန် တွေးခဲ့တာကို ဝေဖန်ပြစ်တင်လို့မရပါဘူး။ နောက်ကနေ လိုက်ကစားနေရပြီးနောက် အာတီတာဟာ လျင်လျင်မြန်မြန်ပဲ ကွင်းလယ်အတွဲဖြစ်တဲ့ ဂျော်ဂျင်ညိုနဲ့ ချာကာတို့ကို ထုတ်ခဲ့ပြီး ရိစ် နယ်ဆန်နဲ့ ပါတေးတို့ကို ထည့်သွင်းခဲ့တာက မှန်ကန်တဲ့ လူစားလဲမှုဖြစ်ခဲ့ပေမယ့်လည်း လိုချင်တဲ့ ရလဒ်တော့ မထွက်လာခဲ့တာဖြစ်ပါတယ်။

အန်ကီးတီးယားကို အရန်ခုံထိုင်ခိုင်းခဲ့တာ ကြာသွားခြင်း-မှား

ဂါဘရီယဲလ် ဂျေးဇုဟာ အလွန်ကောင်းမွန်တဲ့ စွမ်းရည်ရှိသူဖြစ်ပြီး အာတီတာ သွတ်သွင်းခဲ့တဲ့ ကစားဟန်အတွက် အရေးကြီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးသွင်းယူဖို့က မူလပထမ ရည်ရွယ်ချက်ဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်သူဖြစ်ပေမယ့်လည်း ဘာဖန်တီးမှုမှ မပြုလုပ်ပေးနိုင်ချိန်မှာတော့ ဂိုးပေါက်ပျောက်တာ မဆန်းပါဘူး။ တနင်္ဂနွေနေ့ညနေ ဂိုးရှေ့မှာ စိတ်ပျက်ခဲ့ရတာ ဂျေးဇု တစ်ဦးတည်းသာ မဟုတ်ဘဲ အက်ဒီ အန်ကီးတီးယားကို အရန်ခုံမှာ အကြာကြီး ထိုင်ခိုင်းထားခဲ့တာကလည်း လုံးဝ အဓိပ္ပာယ်မရှိတာဖြစ်ပါတယ်။ အာတီတာဟာ အန်ကီးတီးယားရဲ့ အစွမ်းအစကို ပြသဖို့အတွက် ၁၀ မိနစ်လောက်လေး အချိန်ပေးရုံနဲ့ လုံလောက်မယ်လို့ ယူဆခဲ့လေသလားတော့ မပြောတတ်ပါဘူး။

Arsenal Myanmar

Ref: Internet