ဒီရာသီမှာ အံ့အားသင့်အောင်အလုပ်နိုင်ဆုံးကစားသမားကို သတ်မှတ်ခဲ့တဲ့ အီယန် ရိုက်
အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ဂရာနစ် ချာကာဟာ ယခုရာသီမှာ ၎င်းကို ကျန်တဲ့ အာဆင်နယ်ကစားသမားတွေအားလုံးထက် ပိုပြီး အံ့အားသင့်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ချာကာဟာ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ယခုရာသီမှာ ပရီးမီးယားလိဂ်တစ်ခုတည်းမှာပဲ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကြောင့် ဆုဖလားအတွက် စိန်ခေါ်နေတဲ့ အာတီတာရဲ့အသင်းကို အကူအညီပေးနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ လက်ရှိမှာ အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးရဲ့ နောက် ၁ မှတ်အကွာမှာ ရပ်တည်နေပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက တစ်ပွဲလျော့နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂန်းနားဂန္တဝင် အီယန် ရိုက်က ဆွစ်ဇာလန် ကွင်းလယ်ကြယ်ပွင့်အပေါ် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပြီး အာတီတာကို အသက် ၃၀ အရွယ်ကစားသမားကို တိုက်စစ်ပိုမိုလိုက်ပါတဲ့အခန်းကဏ္ဍမှာ အသုံးပြုခဲ့တဲ့အတွက် ချီးကျူးခဲ့ပါတယ်။
“ဘယ်သူက အံ့အားသင့်စရာဖြစ်ခဲ့လဲဆိုရင်က ကျွန်တော် ဂရာနစ် ချာကာလို့ ပြောရပါလိမ့်မယ်။ သူက ဒီအချိန်အထိ အသင်းကို အလွန်ကောင်းမွန်တဲ့ အလုပ်အကျွေးပြုလုပ်ခဲ့တယ်။ နည်းပြတိုင်းက သူ့ကို ယုံကြည်ခဲ့ကြတယ်။ သူက အဝတ်လဲခန်းထဲမှာလည်း ကြီးကျယ်ခမ်းနားတယ်။ ဒီရာသီ မီခေးလ်က သူ့ကို တိုက်စစ်ပိုမို လိုက်ပါတဲ့နေရာမှာ အသုံးပြုခဲ့ပြီး ခု ခင်ဗျားမြင်နေရတာက သူ ပြစ်ဒဏ်ကျူးလွန်မှုတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိတော့ဘဲ အဲဒီလို ကိစ္စတွေမှာ မပါတော့ဘူး။ အဲဒါက သူ့ရဲ့ ပွဲစဉ်မှာ အားသာချက် မဟုတ်ခဲ့ပါဘူး”
“သူက အသင်းကို မောင်းနှေင်နေတဲ့ အဓိကအားတွေထဲက တစ်ခုပါ။ မီခေးလ်က သူ့ကို အသိအမှတ်ပြုခဲ့တာကို ကျွန်တော် အရမ်းကျေနပ်မိပြီး သူက ကျွန်တော်တို့ အရာအားလုံးကို လိုအပ်နေချိန်မှာ ဖယ်ထုတ်ဖို့ ခက်တဲ့ကစားသမားအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ကျွန်တော်က သူ့ကို ဝေဖန်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့တယ်။ ခင်ဗျား သူက သင့်တော်တဲ့နေရာမှာ ရှိနေခဲ့တဲ့အချိန်မှာတုန်းက သူ အမှားတွေ လုပ်တာကို မြင်ခဲ့တယ်။ ကျွန်တော် ချာကာအပေါ်မှာ မှားယွင်းခဲ့ပြီး တောင်းပန်ခဲ့ပြီးသားပါ။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူ ဝင်လာပြီး လူတွေအများစုက မှားနေတယ်ဆိုတာ သက်သေပြသခဲ့လို့ပါ။ မီခေးလ်းက အဲဒီအတွက် ချီးကျူးမှုအများကြီး ရရမှာပါ။ ဘာလို့လဲဆိုတော့ သူက သူ ထူးချွန်မယ့် နေရာမှာ ကစားခိုင်းပြီး ကျွန်တော်တို့အသင်း ကောင်းမွန်နေရတဲ့အကြောင်းအရင်းက သူက အဲဒီအသင်းထဲက အဓိကကျတဲ့ ခွေးသွားစိပ်တွေထဲက တစ်ခုဖြစ်နေလို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- News
- Team News