မန်စီးတီးပွဲကြည့်မယ့် ကစားသမားတွေကို သတိပေးခဲ့တဲ့ အာတီတာ coyg

မန်စီးတီးပွဲကြည့်မယ့် ကစားသမားတွေကို သတိပေးခဲ့တဲ့ အာတီတာ

အာတီတာက မန်ချက်စတာစီးတီးပွဲကြည့်ရှုမယ့် ကစားသမားတွေကို တားဆီးမှာမဟုတ်ပေမယ့် အာဆင်နယ်အနေနဲ့ ဘယ်လို ခြေချော်မှုမျိုးကိုမဆို အခွင့်ကောင်းယူဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ သတိပေးခဲ့ပါတယ်။

ဂန်းနားနည်းပြ အာတီတာဟာ ယနေ့မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ ရှေ့ဆင့်နောက်ဆင့် ကစားရမှာဖြစ်တာကြောင့် ဆုဖလားပြိုင်ပွဲမှာ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုတာကို သိရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဲဗာတန်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အန္တရာယ်များတဲ့ပွဲစဉ်ဖြစ်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆင်နယ်ကလည်း နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပေမယ့်လည်း မန်ချက်စတာစီးတီးသာ ဂွတ်ဒီဆင် ပါ့ခ်မှာ ရမှတ် လျော့ကျခဲ့မယ်ဆိုရင် အမှတ်ပေးဖလား ထိပ်ဆုံးနေရာကို ပြန်လည် ရယူနိုင်ဖို့အတွက် စင်ရော်တွေနဲ့ပွဲက အကောင်းဆုံးအခွင့်အရေးဖြစ်လာမှာ ဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေဟာ အမ်းမရိတ်စ်မှာ ကစားရမယ့် ပွဲစဉ်အပေါ်မှာ အာရုံစိုက်ဖို့ ခက်ခဲနေပေမှာဖြစ်ပေမယ့်လည်း အာတီတာက ကစားသမားတွေအနေနဲ့ ဖိအားတွေကို ကိုင်တယွ်ဖြေရှင်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျိန်းသေပါတယ်။ ကျွန်တော်တို့ ကွင်းထဲမဝင်ခင်မှာ ရလဒ်ကို(စီးတီးပွဲ) သိနေမှာပါ။ အားလုံးကလည်း အဲဒါကို သိကြမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီသတင်းက ပြန့်လာမှာမို့လို့ပါ။ ကျွန်တော်တို့ အဲဒီပွဲကို စောင့်ကြည့်မှာလားဆိုရင် မကြည့်ရင်လည်း မကြည့်လောက်ဘူး။ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုအပေါ်မှာ အာရုံစိုက်ရမှာဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို ပြီးခဲ့တဲ့ ၁၀ ပွဲ၊ ၁၅ ပွဲမှာ လုပ်ခဲ့ပြီး ဘာမှမပြောင်းလဲပါဘူး။ ခင်ဗျား ဘာဖြစ်နေလဲဆိုတာကို မျက်စိဒေါက်ထောက်ကြည့်နေရမှာဖြစ်ပြီး သတင်းအချက်အလက်တွေလည်း ရှိရမယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ တောင်းဆိုမှုတွေက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲ ထိန်းချုပ်နိုင်ဖို့ပါ”

“ခင်ဗျား အနိုင်ရကို ရရမယ့်အချိန်ကျရင် အနိုင်ပြီးရင်း အနိုင်ယူရမယ်။ ကျွန်တော်တို့ အဲဒီအတိုင်းပဲ ပြီးခဲ့တဲ့ ၃ လမှာ လုပ်ခဲ့တာပါ။ အဲဒါက အလွန်အမင်း တောင်းဆိုမှုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အနေအထားနဲ့ မန်ချက်စတာစီးတီးကလည်း ပွဲတွေအများကြီး ကစားနေရတာ သိသာလို့ပါ။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ဒီမှာရှိနေရတဲ့အကြောင်းအရင်းပဲ။ အဲဒါက တနင်္ဂနွေနေ့မှာ နောက်ထပ်တစ်ကြိမ်ပြန်စမယ်။ ၃ ပွဲကစားဖို့ ကျန်တယ်။ ဒီပွဲက အရေးကြီးတဲ့ပွဲပဲ။ အရာအားလုံးအတွက် ကစားဖို့ ကျန်နေသေးတဲ့အတွက် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်နဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ချင်ပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet