ဂန်းနားတွေ နောက်ဆုံး ၃ ပွဲအနိုင်ရခဲ့ရင်လည်း အစီအစဉ်ရှိထားပြီးဖြစ်တဲ့ ဂွါဒီယိုလာ coyg

ဂန်းနားတွေ နောက်ဆုံး ၃ ပွဲအနိုင်ရခဲ့ရင်လည်း အစီအစဉ်ရှိထားပြီးဖြစ်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း အိုနူအိုဟာက ဂွါဒီယိုလာဟာ အာဆင်နယ်က ၎င်းတို့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲကို အနိုင်ရရှိခဲ့ရင်လည်း အစီအစဉ်ရှိထားပြီးသားလို့ ပြောကြားခဲ့ပါတယ်။

ဒုတိယနေရာက အာဆင်နယ်ဟာ လက်ရှိမှာ အမှတ်ပေးဇယား ဦးဆောင်သူ မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာမှာ ရပ်တည်နေပြီး ဘရိုက်တန်၊ နော်တင်ဟမ် ဖောရက်စ်၊ ဝုလ်ဗ်စ်တို့နဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

နောက်ဆုံး ၅ ရာသီမှာ ၄ ကြိမ်အထိ ချန်ပီယံဖြစ်ခဲ့တဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်ထက် တစ်ပွဲလျော့နေတာဖြစ်ပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ အဲဗာတန်၊ ချဲလ်ဆီး၊ ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ တွေ့ဆုံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ တတိယနေရာက နယူးကာဆယ်အိမ်ကွင်းမှာ တနင်္ဂနွေနေ့က အနိုင်ရရှိခဲ့ပြီး မန်ချက်စတာစီးတီးက ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်နေဆဲဖြစ်တာကြောင့် အချို့က အာတီတာရဲ့အသင်းက အရှိန်အဟုန် ပြန်ရနေပြီလို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နယူးကာဆယ်နဲ့ပွဲက နိုင်ပွဲနဲ့ အဲဒီနိုင်ပွဲက မန်စီးတီးအပေါ် အကျိုးသက်ရောက်မှုကို မေးမြန်းခံရချိန်မှာ အိုနူအိုဟာက အဲဒါက အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အရင်တုန်းက သူ ဘယ်လောက်အထိ အောင်မြင်ခဲ့လဲဆိုတာကို ကြည့်ရင် ဂွါဒီယိုလာက အာဆင်နယ်က သူတို့ပွဲစဉ်တွေအားလုံးကို အနိုင်ရရင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး အစီအစဉ် ရှိမှာပါ။ အလှည့်ကျပွဲထုတ်မှုရှိခဲ့ရင်(အဲဗာတန်နဲ့ပွဲ)အဲဒါက သူ့ထိန်းချုပ်မှုအောက်က ရလဒ်တွေထက်ပိုတဲ့ အခြား အကြောင်းအရင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ သူက သူ ထိန်းချုပ်နိုင်တာကိုဆို ထိန်းချုပ်ပါလိမ့်မယ်။ ကျွန်တော် အာဆင်နယ်ကို နယူးကာဆယ်နဲ့ပွဲမှာ အနိုင်ရမယ်လို့ ယုံခဲ့ပါတယ်။ နယူးကာဆယ်လိုမျိုးပဲ အာဆင်နယ်က ရမှတ် ၉၀ နဲ့ ရာသီကုန်ဆုံးနိုင်ပါတယ်”

“မန်စီးတီးက အာဆင်နယ်က အဲဒီရမှတ် ရမယ်လို့ မျှော်မှန်းထားပြီးသားဖြစ်ပါလိမ့်မယ်။ သူတို့တွေက လက်ရှိမှာ ရမှတ် ၉၁ မှတ်ရနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ အာဆင်နယ်ကို သူတို့တွေ ရှုံးမယ်လို့ လူတွေ ထင်ခဲ့တဲ့ အဝေးကွင်းတစ်နေရာရာမှာ အနိုင်ရတာကို မြင်ရတာက ဘာမှမထူးပါဘူး။ နေ့တစ်နေ့ရဲ့အဆုံးမှာ သူတို့တွေ ရမှတ်ရရှိသွားမှာဖြစ်ပြီး ဘာလို့လဲဆိုတော့ သူတို့တွေ ခြေစွမ်းပိုင်းတည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့အရာမို့လို့ပါ။ ဂွါဒီယိုလာအတွက် သူ့ရဲ့ အလှည့်ကျပွဲထုတ်မယ့် အကြံ ဒါမှမဟုတ် အစီအစဉ်က ပြောင်းလဲမှာမဟုတ်ပါဘူး။ ပွဲအားလုံးက ဗိုလ်လုပွဲဖြစ်မှာပါ။ ဒါပေမယ့် ခင်ဗျား တစ်နည်းနည်းနဲ့ တစ်ပွဲရှုံးရင် ခင်ဗျားအိပ်မက်တွေက လေထဲလွင့်ပါသွားမယ်ဆိုတာကို ဒီမတိုင်ခင်ကတည်းက သိနေပြီးသားပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet