စိန့်တွေနဲ့ပွဲမှာ ပြန်လာနိုင်ခဲ့ပေမယ့် နောင်တတွေနဲ့ ကျန်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ coyg

စိန့်တွေနဲ့ပွဲမှာ ပြန်လာနိုင်ခဲ့ပေမယ့် နောင်တတွေနဲ့ ကျန်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မှာ မဖြစ်မနေ နိုင်ပွဲရယူရမယ့်အစား အံ့အားသင့်ဖွယ် ခြေစွမ်းပိုင်းမတည်ငြိမ်မှုကို ဆက်လက် ပြသခဲ့ပြီး မန်စီးတီးကို ဆုဖလားပြိုင်ပွဲမှာ ထိန်းချုပ်နိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း စစချင်း ၁၈ စက္ကန့်အကြာမှာပဲ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ ရိုးရှင်းတဲ့ ဘောလုံးပေးပို့မှု ပြုလုပ်ခဲ့ရာမှာ အယ်လ်ကာရက်ဇ်က ကြားဝင်ရယူပြီး အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၁၄ မိနစ်မှာ အာဆင်နယ်ကြယ်ပွင့်ဟောင်း သီယို ဝဲလ်ကော့တ်က အာရွန် ရမ်းစ်ဒေး ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူပြီး ဆောက်သမ်တန်အသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ချိန်မှာတော့ အမ်းမရိတ်စ်ကွင်းထဲမှာ စိတ်လှုပ်ရှားမှုတွေက ပိုပြီး ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

မိနစ် ၂၀ မှာ ဂါဘရီယဲလ် မာတီနယ်လီက ဘူကာယို ဆာကာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ချေပဂိုးကို ပြန်သွင်းယူပေးခဲ့ပမေယ့်လည်း ကလီတာ-ကားက ဒုတိယပိုင်းမှာ ဆောက်သမ်တန်ရဲ့ ရှားရှားပါးပါး တိုက်စစ်ဆင်မှုကနေ ခေါင်းတိုက်သွင်းယူပြီး အိမ်ရှင်တွေကို ၃-၁ နဲ့ ဦးဆောင်နိင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်ဟာ ပြိုလဲသွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း မာတင်အော်ဒီဂွါဒ်နဲ့ ဆာကာတို့က အာဆင်နယ်အတွက် နောက်ကျချေပဂိုးတွေ သွင်းယူပြီး သရေ ၁ မှတ်ကို ရယူပေးခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာတော့ မန်ချက်စတာစီးတီးထက် ၂ ပွဲ ပိုကစားပြီး ရမှတ် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဥိးဆောင်ထားတာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ အစ်တီဟတ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

၁။ အပြောင်းအလဲတွေ ပိုမိုပြုလုပ်ခဲ့တဲ့ အာတီတာ

ည ၇ နာရီမှာ အသင်းလူစာရင်းထွက်လာချိန်မှာ အာဆင်နယ်ပရိသတ်တွေဟာ ဇင်ချန်ကို ကို ပွဲထွက်လူစာရင်းထဲ မြင်လိုက်ရလို့ စိတ်သက်သာရာရခဲ့ပေမယ့် ချာကာကတော့ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ သောကြာနေ့မနက်မှာ ချာကာဟာ နာမကျန်းဖြစ်ခဲ့တာကြောင့် အသင်းဟိုတယ်ကို ရောက်မလာနိုင်ခဲ့ဘူးလို့ အာတီတာက ပွဲမတိုင်ခင်မှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဂန်းနားတွေဟာ ဆာလီဘာမပါဘဲ ဒီရာသီကို ကုန်ဆုံးရဖွယ်ရှိနေချိန်မှာ နောက်ထပ်ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

၂။ ဒဟေးယားကို အတုမြင်အတတ်သင်တဲ့ ရမ်းစ်ဒေးလ်

၂၀၂၃ ခုနှစ်အတွင်း တောင်ဘက်ကမ်းရိုးတန်းက တန်းဆင်းဇုန်ထဲက အသင်းတစ်သင်းဟာ အမ်းမရိတ်စ်မှာ ပရိသတ်တွေ အကုန် ထိုင်ခုံပေါ် မထိုင်ရသေးချိန်မှာ ဂိုးသွင်းယူခဲ့တာ ဒါက ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ မတ်လတုန်းက ဘုန်းမောက်အသင်းက ၁၀ စက္ကန့်အကြာမှာပဲ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဆောက်သမ်တန်ဟာ စောစောစီးစီး ဂိုးရလိမ့်မယ်လို့ စိတ်တောင် ကူးမိခဲ့မှာမဟုတ်တာဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကြာသပတေးနေ့က ဂေါင်းကြီးနဲ့ ပေါင်းပြီး တလွဲတွေ လုပ်ခဲ့တဲ့ ဒဟေးယားကို အတုမြင်အတတ်သင်ခဲ့တဲ့ အာရွန် ရမ်းစ်ဒေးလ်က ၁၈ စက္ကန့်မှာပဲ အယ်လ်ကာရက်ဇ်ဆီ ဘောလုံးတန်းတန်းမတ်မတ် ပေးမိခဲ့ပြီး ဆောက်သမ်တန်ရဲ့ ဇန်နဝါရီကစားသမားခေါ်ယူမှုက စိန့်တွေအတွက် ယခုရာသီ ၃ ဂိုးမြောက်သွင်းဂိုးကို အားမနာတမ်း သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၃။ အသင်းဟောင်းကို တုန်လှုပ်စေခဲ့တဲ့ ဝဲလ်ကော့တ်

ဆိုးရွားတဲ့စတင်မှု ပြုလုပ်ခဲ့ပြီးနောက် အာဆင်နယ်အတွက်တော့ ဘယ်အရာကမှ ပိုပြီး ဆိုးရွားစေနိုင်တော့မှာမဟုတ်တာ သေချာခဲ့ပါတယ်။ ဂန်းနားတွေဟာ မာတင် အော်ဒီဂွါဒ်က ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီးနောက် အယ်လ်ကာရက်ဇ်က ဝဲလ်ကော့တ်ဆီ ဘောလုံး မျှောထိုးပေးခဲ့ရာမှာ ဂန်းနားကြယ်ပွင့်ဟောင်းက ဂါဘရီယဲလ်ကို ကျော်ပြေးပြီး အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ သီယို ဝဲလ်ကော့တ်ဟာ အာဆင်နယ်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့မှုကို လေးစားဖွယ်ကောင်းစွာနဲ့ အောင်ပွဲမခံဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

၄။ ဝိန်း ရူနီနဲ့ ရော်နယ်လ်ဒိုတို့ စံချိန်ကို လိုက်မီခဲ့တဲ့ ဆာကာနဲ့ မာတီနယ်လီ

ဆာကာနဲ့ မာတီနယ်လီတို့ဟာ အလွန်ထူးခြားတဲ့ အရည်အချင်းတွေရှိကြပြီး အာဆင်နယ်က ဂိုးတွေ အသည်းအသန်လိုအပ်နေချိန်မှာ ဆာကာက ညာတောင်ပံကနေ ထုံးစံအတိုင်း အကြောက်အလန့်မရှိ ပြေးလွှားလာပြီး ဂိုးပေါက်နားမှာ စောင့်ဆိုင်းနေတဲ့ မာတီနယ်လီဆီ ပေးပို့ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးက ညာခြေနဲ့ ပတ်ကန်သွားခဲ့ပြီး ဂန်းနားတွေ ပြိုင်ပွဲထဲ ပြန်လည် ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးက ဆာကာနဲ့ မာတီနယ်လီတို့ဟာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း နှစ်ဦးစလုံး ဂိုး ၂၀ နဲ့ အထက် စံချိန်တင် ပါဝင်ပတ်သက်နိုင်ခဲ့တဲ့ အသက် ၂၁ နဲ့ အသက် ၂၁ နှစ်အောက် အသင်းဖော် ၂ ဦးဖြစ်ခဲ့တဲ့ ဝိန်း ရူနီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို လိုက်မီခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

၅။ ပြင်းထန်စွာ ထိခိုက်မိခြင်း လုပ်ငန်းစဉ်အသက်ဝင်လာခြင်း

ကြားနေပရိသတ်တွေအတွက် ပထမပိုင်းအတွင်းမှာ အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုရှိခဲ့ပြီး အဲဒီအခိုက်အတန့်ဟာ ၃၈ မိနစ်မှာ မာတီနယ်လီက ဆောက်သမ်တန် နောက်ခံလူ ဘက်နာရက်ခ်နဲ့ ခေါင်းယှဉ်တိုက်ချိန်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘက်နာရက်ခ်ဟာ မြက်ခင်းပေါ်ကို လည်ပင်းနဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားနဲ့ ပြန်ကျခဲ့တာကြောင့် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားခဲ့ရပုံပေါ်ခဲ့တာကို ကုသမှုခံယူနေချိန်အတွင်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘက်နာရက်ခ်က မတ်တပ်ပြန်ရပ်နိုင်တာကြောင့် ကွင်းထဲမှာ ဆက်ကစားခွင့်ပေးသင့်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပေမယ့်လည်း ဆောက်သမ်တန်ဆေးအဖွဲ့က ရေတိုနဲ့ ရေရှည် ၂ ခုစလုံးမှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုမျိုးကို ရှောင်လွှဲနိုင်ဖို့ ပိုလန်နောက်ခံလူအနေနဲ့ လူစားလဲလှယ်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဆရာဝန် ဒေါက်တာ ဂယ်ရီ အိုဒရစ်ကောတောင်မှ လူစားလဲမခံချင်တဲ့ ဘက်နာရက်ခ်ကို လာရောက်ဖျောင်းဖျခဲ့တာကို မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေက လှပတဲ့ ပြိုင်ပွဲအတွင်းမှာ မကြာခဏဆိုသလို သတိမမူမိခဲ့ကြတဲ့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိမှု ကြီးထွားလာခြင်းနဲ့ ပြင်းထန်တဲ့ ဒဏ်ရာပြဿနာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဂန်းနားဆေးအဖွဲ့ကို ချီးကျူးပြောဆိုခဲ့ကြပါတယ်။

၆။ Super sub ကလီတာ ကား

ဆဲလက်စ်ရဲ့ အယ်လ်ကာရက်ဇ်ကို ထုတ်ပြီး ခံစစ် ၅ ဦး ကစားပုံအပြောင်းအလဲကြောင့် ဘယ်သူကမှ ဆောက်သမ်တန်က နောက်ထပ်ဂိုးသွင်းမယ့်အသင်းအဖြစ် လောင်းကြေးထပ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဆောက်သမ်တန်အသင်း ဒုတိယပိုင်းအတွင်း ပထမဆုံးအကြိမ် တိုက်စစ်ဆင်ခွင့်အဖြစ် ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေတဆင့် ကလီတာ ကားက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး ဂိုးသွင်းယူသွားခဲ့တာဖြစ်ပြီး ဘယ်လာ-ကော့ချက်က ရော့ဘ် ဟိုးဒင်းကို အလဲထိုးပြီး ခေါင်းတိုက်ခဲ့တဲ့ ဘောလုံးကို ဘယ်ဖက်ဂိုးတိုင်နားမှာ ရှိနေတဲ့ လူစားဝင်ကစားသမား ကလီတာ ကားက ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၇။ ကယ်တင်ရှင် ဆာကာ

အာဆင်နယ်ပရိသတ်တွေဟာ အော်ဒီဂွါဒ်ရဲ့ ဂိုးကန်သွင်းမှုအပြီးမှာ နောက်ထပ် ချေပဂိုး ရရှိနိုင်လိမ့်မယ်လို့ မထင်ထားချိန်မှာ ဆာကာက ရိစ် နယ်လ်ဆန် ကန်သွင်းရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဆောက်သမ်တန် နောက်ခံလူတွေကြားကနေ ပိတ်သွင်းယူပြီး အရေးကြီးတဲ့ သရေ ၁ မှတ်ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ နာကျင်အချိန်ပို ၈ မိနစ်အတွင်း နောက်ကျအနိုင်ဂိုးရဖို့ ဆက်လက်တွန်းအားပေးခဲ့ပေမယ့်လည်း ဆောက်သမ်တန်ခံစစ်က အဝေးကွင်းမှာ သရေ ၁ မှတ်အရယူဖို့ အခိုင်အမာ ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet