လီယာ ဝီလီယံဆန် ဒဏ်ရာရရှိစေခဲ့တဲ့ ကွင်းကို ပြစ်တင်ခဲ့တဲ့ အာဆင်နယ်နည်းပြ
အင်္ဂလန်အသင်းခေါင်းဆောင် လီယာ ဝီလီယံဆန်ဟာ အမျိုးသမီး စူပါလိဂ်ဦးဆောင်သူတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အမျိုးသမီးအသင်းကို ဂန်းနားလေဒီတွေ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ကမ္ဘာ့ဖလားက သူမရဲ့ နေရာအတွက် ခြိမ်းခြောက်မှုမဖြစ်လာဖို့ မျှော်လင့်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းရဲ့ နောက်ဆုံးကန်ချက်နဲ့အတူ အရေးကြီးတဲ့ ၁-၀ နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပြီး အလက်စီယာ ရူဆိုက ၁၂ ကိုက်အကွာကနေ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ချဲလ်ဆီးအသင်းနဲ့ ၄ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညနေရဲ့ အကြီးမားဆုံးသတင်းကတော့ ဝီလီယံဆန်ရဲ့ ဒဏ်ရာဖြစ်ပြီး Leigh Sports Village မှာ ကစားခဲ့တဲ့ပွဲစဉ် ၁၂ မိနစ်မှာ နာကျင်မှုကြောင့် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။
လီယာ ဝီလီယံဆန်ဟာ မြက်ခင်းပြင်နဲ့ ခလုတ်တိုက်လဲကျသွားခဲ့ပြီးနောက် ဒူးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပုံပေါ်ပြီး ဂန်းနားကြယ်ပွင့်ဟာ အရန်ခုံတန်းဘက်ကို ကုသမှုပေးဖို့ ချက်ချင်းပဲ အမူအရာပြခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဝီလီယံဆန်ကို ကွင်းထဲကနေ ထွက်ခွာနိင်အောင် ကူညီပေးခဲ့ရပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားစတင်ဖို့ ရက် ၁၀၀ တောင်မလိုတော့တဲ့အချိန်မှာ နိုဝင်ဘာလတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာပဲ ဒူးရွတ်အရှေ့ပိုင်းစုတ်ပြဲဒဏ်ရာကြောင့် အာဆင်နယ်တိုက်စစ်မှူး ဘက်သ် မိဒ်ကို ဆုံးရှုံးခဲ့ပြီးဖြစ်တဲ့ အင်္ဂလန်အမျိုးသမီးအသင်းအတွက်တော့ သတင်းဆိုး ဖြစ်လာတာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ ဂျိုးနတ်စ် အိုက်ဒီဗောလ်က ပွဲအပြီးမှာ ခန့်မှန်းဖို့ စောလွန်းသေးတယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ကွင်းမျက်နှာပြင်အရည်အသွေးကို ပြစ်တင်သွားခဲ့ပုံ ပေါ်ပါတယ်။
“ဟုတ်တာပေါ့။ သူ့ကို လူစားလဲခဲ့ရတာက မကောင်းပါဘူး။ ကျွန်တော့်မှာ အဲဒီအချိန်မှာ ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ အဆက်အစပ်ရှိတဲ့ တခြားလူတွေရှိပါတယ်။ သူ့ကိုတော့ မတွေ့ရသေးပါဘူး။ ကျွန်တော်တို့မှာရှိနေတဲ့ အချိန်စာရင်း၊ ဒီလို ကွင်းမျိုးတွေနဲ့ ဆက်ပြီး ကစားသွားရမယ်လို့ ထင်ပါတယ်။ ကစားသမားတွေကတော့ ဒဏ်ရာ ရတော့မှာပါ။ ဒါက ကျွန်တော်တို့ကစားနေတဲ့ အဆောက်အအုံတွေလို ကျွန်တော်တို့ အားလုံး တိုးတက်အောင် လုပ်ရမယ့် တစ်စုံတရာပါ။ အဲဒါမှ ကျွန်တော်တို့ ကစားသမားတွေကို ကွင်းထဲမှာ ဆက်ထိန်းသိမ်းထားနိုင်မှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet