အာတီတာကို ဆုံးရှုံးရနိုင်တယ်လို့ သတိပေးခြင်းခံခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

အာတီတာကို ဆုံးရှုံးရနိုင်တယ်လို့ သတိပေးခြင်းခံခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်နည်းပြ အာတီတာဟာ ယခုလာမယ့်နွေရာသီမှာ ကာလို အန်ဆယ်လော့တီသာ စပိန်လာလီဂါကလပ်အသင်းကို စွန့်ခွာမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ကို သွားဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ကြားခဲ့ရတယ်လို့ ရီယို ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ “ပထမဦးဆုံး ခင်ဗျား အာတီတာကို ထိန်းသိမ်းရမယ်။ ကျွန်တော် တစ်ခုကြားခဲ့တယ်။ ကျွန်တော် ကြားခဲ့တာက ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်တဲ့။ သူတို့တွေ တံခါးလာခေါက်ချိန်မှာ ခင်ဗျားရဲ့ ကစားသမားတွေက နည်းပြမဲ့သွားပါလိမ့်မယ်။ ကျွန်တော် အန်ဆယ်လော့တီ ထွက်သွားနိုင်ပြီး အာတီတာက ရီးရဲလ်မက်ဒရစ်ကို သွားဖို့ ကြိုးပမ်းလိမ့်မယ်လို့ ကြားခဲ့တယ်။ ဒါက လမ်းပေါ်က ကောလာဟလတွေပါ။ လမ်းမတွေက စကားပြောနေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-မိုက်ကယ် အိုဝင်က မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာ ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို လိုက်မီနိုင်မှာမဟုတ်ဘူးလို့ သံသယရှိနေပြီး တန်ဟက်အနေနဲ့ ဘုတ်အဖွဲ့ဆီကနေ အားပေးထောက်ခံမှုတွေ ပိုမိုလိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အိုဝင်က မန်ယူနိုက်တက်အနေနဲ့ အနည်းဆုံးနောက်ထပ် တစ်ရာသီလောက်အထိ ဒီအမှန်တရားကို လက်ခံရမှာဖြစ်ပြီး မန်စီးတီးနဲ့ အာဆင်နယ်တို့နဲ့ အလှမ်းကွာနေသေးတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

-ဝီလီယံ ဆာလီဘာဟာ အလျင်စလို ပြန်လည်ကစားမယ်ဆိုရင် ဒဏ်ရာအနာတရဖြစ်မှာကို စိုးရိမ်ပေမယ့်လည်း အာဆင်နယ်ရဲ့ ဆုဖလားကိုင်မြှောက်ဖို့ ကြိုးပမ်းမှုမှာ ပါဝင်သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ ဘောလုံးသတင်းထောက် ဆာမီ မော့ခ်ဘဲလ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဆာလီဘာဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်ပေမယ့်လည်း အစ်တီဟတ်မှာ ကစားရမယ့် ဆုဖလားပြိုင်ပွဲရဲ့အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ ပွဲစဉ်အတွက် ၎င်းရဲ့ ကြံ့ခိုင်မှုကို သက်သေပြသဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။

-ဖရန့်ခ် လမ်းပတ်က ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရခဲ့တာကို ချဲလ်ဆီးပရိသတ်တွေကို သတိပေးခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းက အသင်းတိုင်း ချန်ပီယံလိဂ်မှာ ကစားခွင့်ရှိတာမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့ ဥရောပပြိုင်ပွဲမှာ ပါဝင်ခွင့် မရရှိခဲ့မှုကို ရည်ညွှန်းပြီးပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ၂ သင်းစလုံးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှစ်ပေါင်းများစွာ လွဲချော်ခဲ့ရပေမယ့်လည်း လာမယ့်ရာသီမှာတော့ ၂ သင်းစလုံးက ဥရောပပြိုင်ပွဲမှာ ပြန်လည်ပါဝင်ကစားဖို့ ကျိန်းသေလုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်သွားနေတဲ့ပုံစံက အရမ်းမြန်နေတယ်လို့ ကျွန်တော် ထင်တယ်။ အခင်းအကျင်းက ပြောင်းလဲသွားတယ်။ ဘယ်လို အသင်းမျိုးမဆို ထိပ်ဆုံးလေးနေရာနဲ့ ချန်ပီယံလိဂ်မှာပါဝင်ခွင့်ရဖို့က ခက်ခဲမှာပါ။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ်မှာ မပါဝင်ဘဲ အချိန်ကုန်ဆုံးခဲ့ရတယ်။ အာဆင်နယ်လည်း ချန်ပီယံလိဂ်မှာ မပါဝင်နိုင်ဘဲ အချိန်တွေ ကုန်ဆုံးခဲ့ရတယ်။ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်မရတဲ့ ကြီးမားတဲ့ ကလပ်အသင်းအများကြီးရှိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet