ဂါဘရီယဲလ်ကို အာတီတာ သံသယစဝင်လာပြီလို့ ပြောခဲ့တဲ့ ဖာဒီနန် coyg

ဂါဘရီယဲလ်ကို အာတီတာ သံသယစဝင်လာပြီလို့ ပြောခဲ့တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က အာတီတာအနေနဲ့ ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ အလျင်စလိုနိုင်တဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်ကို စတင်ပြီး သံသယဝင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂန်းနားတွေဟာ ဝက်စ်ဟမ်းကို ၂-၀ နဲ့အစောပိုင်းမှာပဲ ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၆ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေးဗစ် မွိုက်စ်ရဲ့အသင်းဟာ ဂါဘရီယဲလ်က ပါကယ်တာကို အာဆင်နယ်အသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာ လှဲချခဲ့ချိန်မှာ ပွဲထဲကို ပြန်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဘန်ရာမာက ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘူကာယို ဆာကာက ပြီးတဲ့နောက်မှာ အာဆင်နယ်ရဲ့ ၂ ဂိုးအသာနဲ့ ဦးဆောင်ထားမှုကို ပြန်လည်ရယူနိုင်မယ့်အခွင့်အရေးကို ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ဖြုန်းတီးမိခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဝက်စ်ဟမ်းအတွက် ဘိုဝင်ရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

“သူတို့တွေ သူတို့ဘာသာ စိတ်ပျက်အောင်လုပ်ခဲ့ကြတာလို့ ကျွန်တော်တွေးမိခဲ့တယ်။ သူတို့တွေ ဝက်စ်ဟမ်းကို သွန်လိုသွန် မှောက်လိုမှောက်လုပ်လို့ရခဲ့တယ်။ ပထမပိုင်းက ၂-၀ နဲ့ ပြီးသွားတယ်။ ခင်ဗျား အဲဒီပွဲကို အေးအေးဆေးဆေး အနိုင်ရနိုင်တယ်။ ဒါပေမယ့် အလျင်စလိုနိုင်မှု။ ကျွန်တော် ဂါဘရီယဲလ်နဲ့ပတ်သက်ပြီး အကြိမ်အနည်းငယ်လောက် ဒီကိစ္စကို ပြောဖူးတယ်။ သူက အလျင်စလိုနိုင်တယ်။ သူက ရူးသွပ်ပြီး အဆင်အခြင်မဲ့တဲ့ဆုံးဖြတ်ချက်တွေ ချတယ်”

“နောက်ခံကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျား စိတ်အေးအေးထားရမယ်။ သူ လုပ်ခဲ့တာမျိုး လုပ်ဖို့ မလိုပါဘူး။ အဲဒါက သွေးဆူလွယ်တာမျိုးပါ။ ခင်ဗျား အဲဒီအကျင့်ကို ဖျောက်ပစ်ရမယ်။ သူ့ရဲ့ ပွဲစဉ်ထဲက ဒါကို လျင်လျင်မြန်မြန်ပဲ ထုတ်ပစ်ရမယ်။ နည်းပြတစ်ယောက်အနေနဲ့ ခင်ဗျား အဲဒါကို မြင်ချင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအရာမျိုးက အကြိမ်ပေါင်းများစွာ ထိခိုက်ပျက်စီးစေခဲ့ပြီးပြီမို့လို့ပါ။ အဲဒါက သူတို့တွေရဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုး စဖြစ်လာပြီဖြစ်ပြီး ခင်ဗျားက နေစမ်းပါဦး ငါ ဒီကောင့်ကို အားကိုးလို့ ရပါ့မလားဆိုပြီး ဖြစ်လာမှာပါ”

“သူက အရမ်းထူးခြားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်မျိုးတွေက အရမ်းကို ပေးဆပ်ရမှုကြီးမားနိုင်ပြီး သူက အခု ပြိုင်ပွဲရဲ့ နောက်ဆုံးအပိုင်းမှာ ရှိနေတာပါ။ သူတို့တွေ ရမှတ်တွေလျော့ကျခဲ့တဲ့ပုံစံကြောင့် ဒါက နာကျင်ရပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet