မာဒရစ်ခ်ထက် ၂ ဆကောင်းမွန်နေပြီးသားဖြစ်တဲ့ ဂန်းနားကြယ်ပွင့် coyg

မာဒရစ်ခ်ထက် ၂ ဆကောင်းမွန်နေပြီးသားဖြစ်တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ရဲ့ ဘူကာယို ဆာကာဟာ ချဲလ်ဆီးကစားသမားခေါ်ယူမှုဖြစ်တဲ့ မိုင်ခေလို မာဒရစ်ခ်ထက် ၂ ဆပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်နေပြီးသားလို့ ဂျာနယ်လစ် ပေါလ် ဘရောင်းက ပြောကြားခဲ့ပါတယ်။

မာဒရစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့ပြီးမှ ချဲလ်ဆီးအသင်းက ကြားဖြတ် ခေါ်ယူခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မာဒရစ်ခ်ကို ချဲလ်ဆီးအသင်း ခေါ်ယူနိုင်ခဲ့တာက အာဆင်နယ်က ကြိုးစားအားထုတ်မှုမရှိခဲ့တာမဟုတ်ဘဲ ဂန်းနားတွေက အနောက်လန်ဒန်ကလပ်အသင်းရဲ့ ကမ်းလှမ်းချက်အတိုင်း ကမ်းလှမ်းခဲ့တယ်လို့ ရှက်တာဒိုးနတ် စီအီးအို ပယ်လ်ကင်က ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း ထပ်ဆောင်းပေးချေမှုနဲ့ ဆုကြေးငွေအပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုတွေက အာဆင်နယ်ထက် ပိုမို လက်တွေ့ကျခဲ့တာကြောင့် မာဒရစ်ခ်က စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့သွားတာဖြစ်တယ်လို့ ပယ်လ်ကင်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက်တော့ လက်ရှိအချိန်အထိ ရှက်တာဒိုးနတ်ကနေ ပေါင် ၈၈.၅ သန်းနဲ့ ခေါ်ယူခဲ့ရတဲ့ အလောင်းအစားဟာ အကျိုးအမြတ်မရှိသေးဘဲ ယူကရိန်းကြယ်ပွင့်ဟာ အနောက်လန်ဒန်မှာ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

ဥရောပရဲ့ အလားအလာအရှိဆုံး ကစားသမားတွေထဲက တစ်ဦးကို ဆုံးရှုံးခဲ့ရပေမယ့်လည်း အာဆင်နယ်ဟာ မာဒရစ်ခ်ကို မခေါ်ယူနိုင်ခဲ့တာက ကံကောင်းသွားရုံတင်မကဘဲ အချို့က ဂန်းနားတွေမှာ ယူကရိန်းကြယ်ပွင့်ထက် အများကြီးပိုကောင်းတဲ့ကစားသမားရှိနေပြီးသားလို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

GIVEMESPORT နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂျာနယ်လစ် ပေါလ် ဘရောင်းက အာဆင်နယ်တောင်ပံကြယ်ပွင့် ဆာကာက စျေးကြီးပေးရတဲ့ မာဒရစ်ခ်ထက်တောင် အများကြီးပိုမို အဆင့်အတန်းမြင့်မားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးက မာဒရစ်ခ်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၉၀ ပေးခဲ့ရတယ်ဆိုရင် ဘူကာယို ဆာကာက အဲဒီကစားသမားထက် ၂ ဆပိုများပါလိမ့်မယ်။ အလားအလာက ဆာကာကတောင် ပိုမိုပိုမိုမြင့်မားနိုင်ပြီး အဲဒီတော့ သူသာ အာဆင်နယ်ကို စွန့်ခွာခဲ့မယ်ဆိုရင် ခင်ဗျား ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုရမှာပါလို့ ပြောကြားခဲ့ပါတယ်။

မာဒရစ်ခ်ဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ၁၀ ပွဲသာ ပါဝင်ကစားပေးခဲ့ရသေးတာကြောင့် ချဲလ်ဆီးအမာခံပရိသတ်တွေရဲ့ မျှော်မှန်းချက်တွေအတိုင်း လုပ်ဆောင်ပြနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် ပါဝင်ကစားပေးထားတဲ့ ၁၀ ပွဲအတွင်းမှာ မာဒရစ်ခ်က ဂိုးပေါက်ရှာတွေ့ခြင်းမရှိသေးဘဲ ပြိုင်ပွဲစုံမှာ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာကြောင့် ၎င်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာနေတာဖြစ်ပါတယ်။

ဆာကာကတော့ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အသင်းအတွက် တောက်ပတဲ့ ရာသီကို ပိုင်ဆိုင်နေပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သလို ယခုရာသီ ပရီးမီးယားလိဂ်စွမ်းဆောင်ရည်ကြောင့် ပျမ်းမျှ ရမှတ် ၇.၄၅ မှတ်အထိ ရရှိထားတာဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet