အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက်ကို သတ်မှတ်လိုက်တဲ့ ဒေးဗစ် မွိုက်စ် coyg

အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက်ကို သတ်မှတ်လိုက်တဲ့ ဒေးဗစ် မွိုက်စ်

ဒေးဗစ် မွိုက်စ်က အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်နဲ့ ပွဲမှာ ရမှတ် ၂ မှတ်လျော့ကျခဲ့ပေမယ့်လည်း နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့အတွက် အားကောင်းတဲ့အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

၂-၀ နဲ့ ဦးဆောင်နိုင်ပြီးမှ ချေပဂိုး ၂ ဂိုး ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် မန်ချက်စတာစီးတီးဟာ တစ်ပွဲလျော့နဲ့ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ်သာ ကွာဟတော့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ နောက်ထပ်တစ်ကြိမ် ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူသွားနိုင်ပြီး ရာသီကုန်တဲ့အထိ ဆုဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

အာတီတာရဲ့ ကစားသမားဘဝ အကောင်းဆုံးနှစ်တွေအတွင်း အဲဗာတန်မှာ နည်းပြပေးခဲ့ဖူးတဲ့ ဒေးဗစ် မွိုက်စ်က စပိန်လူမျိုးနည်းပြလက်အောက်မှာ ဂန်းနားတွေရဲ့ တိုးတက်လာမှုကြောင့် အံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ်။

သူတို့တွေ အရမ်းကောင်းတဲ့ အခွင့်အရေးရှိပါတယ်။ သူတို့တွေ လိဂ်ကို အနိုင်ရမလား ကျွန်တော် မသိဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေမှာ မန်စီးတီးရဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုရှိနေလို့ပါ။ ဒါပေမယ့် သူတို့တွေ အရမ်းကောင်းတဲ့ဘောလုံးကစားပုံအချို့ကို ကစားခဲ့ကြပါတယ်

သူတို့တွေ သူတို့ကိုယ် သူတို့ အရမ်းကောင်းတဲ့ အနေအထားမှာရှိနေအောင် လုပ်ထားနိင်ပါတယ်(လိဂ်ဖလား ရနိုင်ခြေရှိတဲ့အနေအထား)။ သူတို့တွေက အရမ်းကောင်းတယ်။ သူတို့တွေက ဆုဖလားပြိုင်ပွဲတလျှောက်မှာ ကောင်းမွန်တဲ့မှတ်တမ်းတွေရှိခဲ့တယ်။ အဲဒါက ဒီပွဲကို ခက်ခဲတဲ့ပွဲဖြစ်စေမှာပါ

ဒါပေမယ့် ကျွန်တော်တို့ အာဆင်နယ်နဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့အချိန်မှာ ကောင်းမွန်တဲ့ပွဲအများအပြားရှိခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet