ဘုန်းမောက်နဲ့ပွဲမှာ အောင်ပွဲခံမှုအတွက် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ admin

ဘုန်းမောက်နဲ့ပွဲမှာ အောင်ပွဲခံမှုအတွက် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

အာဆင်နယ်အသင်းနဲ့ပွဲမှာ ဘုန်းမောက်အသင်းဟာ ကံဆိုးခဲ့တယ်လို့ ပြောခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်
မန်ယူနိုက်တက်အသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီး လီဗာပူးလ်နည်းပြ ကလော့ပ်က အာတီတာ၏ အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ အနိုင်ရရှိခဲ့ခြင်းက အင်မတန် ကံကောင်းခဲ့ကြောင်း လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိတဲ့ အာဆင်နယ်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုးသွင်းပြီး အခက်တွေ့စေခဲ့ပြီး အာဆင်နယ်အသင်းက နောက်ဆုံး စက္ကန့်ထိ ဇွဲမလျော့ပဲ အကောင်းဆုံးတိုက်ပွဲဝင်ခဲ့လို့သာ ပွဲပြီးချိန်မှာ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် စနေနေ့မှာ ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းကို ၇ ဂိုးတိတိနဲ့ အလွယ်တကူ အနိုင်ရခဲ့ပေမယ့် ဘုန်းမောက်အသင်းနဲ့ ကစားရဖို့တော့ ခက်ခဲမှာဖြစ်တယ်ဆိုတာ သိတဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်က ” အခု ကျွန်တော်တို့ ဘုန်းမောက်အသင်းနဲ့ပွဲအတွက် ပြင်ဆင်ဖို့အတွက် ၅ ရက်အချိန်ရပါတယ်။ သူတို့ဟာ အရမ်းကောင်းခဲ့ပြီး စနေနေ့ညက အာဆင်နယ်နဲ့ပွဲမှာ ကံမကောင်းခဲ့လို့ တစ်မှတ်မှ မရခဲ့တာ။ ကျွန်တော်တို့ အသင်းအနေနဲ့ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက် ကစားဖို့ အသေအချာပြုလုပ်ထားရမှာပါ” လို့ ပြောသွားခဲ့ပါတယ်

ဇင်ချန်ကိုကို ချီးကျူးလိုက်ပြီး ပွဲထွက်ခွင့်အတွက် ကြိုးစားတိုက်ပွဲဝင်ဖို့ တီယာနီကို အားပေးလိုက်တဲ့ ဆီဗက်စ်စတား
အာဆင်နယ်နဲ့ မန်ယူနိုက်တက် ကစားသမားဟောင်းဖြစ်တဲ့ ဆေးလ်ဗက်စ်စတားက မန်စီးတီးကြယ်ပွင့်ဟောင်း ဇင်ချန်ကိုကို ချီးကျူးခဲ့ပြီး ယခုရာသီမှာ ပွဲထွက်ခွင့်မရသလောက်ဖြစ်နေသည့် အာဆင်နယ်ဘယ်နောက်ခံကစားသမား တီယာနီအနေနဲ့ စိတ်ရှည်ဖို့ လိုအပ်ပြီး လေ့ကျင့်ရေးကွင်းမှာ ကြိုးစားပြီး ပွဲထွက်ခွင့်အတွက်ထိုက်တန်ကြောင်း သက်သေပြမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘက်တင်းအိတ်ခ်စ်ပတ်ဒေါ့ကွန်းနဲ့ အင်တာဗျူးမှာ ဆေးလ်ဗက်စ်စတားက “ဇင်ချန်ကိုဟာ အထူးစပါယ်ရှယ်ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ အမြဲတမ်းကောင်းသထက်ကောင်းအောင်ကြိုးစားနေတဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ချိန်ပီယံဖြစ်ဖူးတဲ့ ကစားသမားတစ်ယောက်နဲ့ တီယာနီက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တီယာနီအနေဲ့ စိတ်ရှည်ရမယ်။ ဒါက ဒီအတိုင်း အသင်းကနေ ထွက်သွားဖို့နဲ့ ဒီတိုင်းစောင့်နေဖို့ကို ဆိုလိုတာ မဟုတ်ပါဘူး။ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အချိန်တိုင်း အကောင်းဆုံးလေ့ကျင့်နေပြီး ပွဲထွက်ကစားဖို့ ထိုက်တန်တယ်ဆိုတာ သက်သေပြရမှာပါ။ ဒါပေမယ့် ဟုတ်ပါတယ်။ အမှန်တရားကိုပြောရရင် ဇင်ချန်ကိုကို ပွဲထွက်ကစားမယ့်အသင်း လူစာရင်းကနေ ထုတ်ဖို့က ခက်ခဲ့လှပါတယ်။ တော်တော်ကို မဖြစ်နိုင်သလောက်ပါ” လို့ ပြောခဲ့ပါတယ်။

တီယာနီဟာ ယခုရာသီမှာ ယူရိုပါလိဂ် ပွဲစဉ်များသာ ပွဲထွက်ကစားခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာပွဲထွက်ခွင့်မရပဲ နောက်ဆုံးလိဂ်ပွဲစဉ် (၈)ပွဲတွင် ကိုးမိနစ်မျှသာ ပါဝင်ကစားထားရလို့ စိတ်ပျက်နေပြီး ပုံမှန်ပွဲထွက်ခွင့်ရသည့်အသင်းကို ပြောင်းရွှေ့လိုသည်ဟု သတင်းများ ထွက်ရှိနေပါတယ်။ ဒီစကော့တလန် ဘယ်နောက်ခံကစားသမား ကစားသည့်နေရာမှာ ဇင်ချန်ကိုက ပွဲထွက်ခွင့်ရရှိနေတာဖြစ်ပါတယ်။

နယူးကာဆယ်လ်ယူနိုက်တက်က တီယာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့အသင်းဟောင်း ဆဲလ်တစ်အသင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပေါင် ၂၅ သန်းနဲ့ ပြန်လည် ခေါ်ယူချင်နေတယ်လို့သတင်းများက ဆိုထားပါတယ်။ တီယာနီအနေနဲ့ ဆီဗက်စ်စတားပြောသလို ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဆက်လက်ကြိုးစား လေ့ကျင့်တိုက်ပွဲဝင်သွားမလား၊ စိတ်လျော့ပြီး လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့သွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတော့တယ်။

-အက်ဖ်အေဟာ စနေနေ့က ရိစ် နယ်လ်ဆန်ရဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးအပြီးမှာ အာဆင်နယ်ရဲ့ အောင်ပွဲခံမှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ဂန်းနားတွေဟာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၉၇ မိနစ်မှာ သွင်းယူခဲ့တဲ့ နယ်လ်ဆန်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အမ်းမရိတ်စ်မှာ အဖိုးတန် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးအပြီး အာဆင်နယ်အရန်ခုံတန်းက လူတွေအားလုံး ကွင်းထဲဝင် အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် ခရစ္စ ကက်ဗာနာက ဒီအောင်ပွဲခံမှုကို အက်ဖ်အေဆီ သတင်းပို့ခဲ့တယ်လို့ နားလည်ရပြီး တာဝန်ရှိသူတွေက လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ယူဆရပေမယ့်လည်း အာဆင်နယ်အနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ အိုရီဂီရဲ့နောက်ကျအနိုင်ဂိုးအတွက် ကွင်းထဲဝင်အောင်ပွဲခံခဲ့တဲ့အတွက် ပေါင် ၈၀၀၀ ဒဏ်ကြေးဆောင်ခဲ့ရတာဖြစ်ပါတယ်။

ဖူဟမ်လ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်း လီနိုနဲ့ စတန်းဒက် စပို့စ်တို့ရဲ့ အင်တာဗျူးအစီအစဉ်မှာ အာဆင်နယ်အသင်းက ထွက်ခွာလာခဲ့ရတာ နာကျင်ခဲ့ပေမယ့် မြောက်လန်ဒန်အသင်းအပေါ် မုန်းတီးနာကျည်းတဲ့ ဆိုးရွားတဲ့ ခံစားချက်တွေ မရှိပဲ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ လီနိုက “ကျွန်တော့်မှာ အာဆင်နယ်အသင်းနဲ့ပတ်သတ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ခံစားချက်တွေ၊ ဆိုးရွားတဲ့ မကောင်းတဲ့ စိတ်တွေမရှိပါဘူး။ ပြီးပြည့်စုံတဲ့ ထွက်ခွာခြင်းမျိုးနဲ့တော့ ကျွန်တော် မထွက်ခွာလာရပေမယ့် အမ်းမရိတ်စ်ရဲ့ ဧည့်ခံမှုကတော့ ကောင်းခဲ့ပါတယ်။ ဂန်းနားဖန်တွေကလည်း မင်း ၄ နှစ်တာ ကစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. မင်းအရမ်းကောင်းခဲ့တယ်လို့ လာပြောကြပါတယ်။”

“အာဆင်နယ်မှာ ကျွန်တော်ပြသနိုင်ခဲ့တဲ့ လက်စွမ်းအတွက် တကယ်ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဘာအမှားမှ မလုပ်မိပဲ အရန်ခုံမှာ ထိုင်ခဲ့ရပြီး ထွက်ခွာလာခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်က အရှေ့တံခါးက ဝင်လာပြီး အရှေ့တံခါးကပဲ ပြန်ထွက်လာခဲ့သူပါ။ အခုထိ အာဆင်နယ်အသင်းနဲ့ ကျွန်တော်အဆက်အသွယ်ရှိပါတယ်။ ကျွန်တော်ဖူဟမ်လ်အသင်းကို ပြောင်းရွှေ့ဖို့အတွက်လည်း အာဆင်နယ်ကသူတွေနဲ့ တိုင်ပင်ခဲ့ပြီး သူတို့က ဖူဟမ်လ်အသင်းဟာ မိသားစုဆန်တဲ့အသင်းကောင်းတခုဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။” လို့ အာဆင်နယ်အသင်းကထွက်ခွာလာရတဲ့ ခံစားချက်နဲ့ အသင်းနဲ့ဆက်ဆံရေးကို ပြောပြခဲ့ပါတယ်။ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းအပေါ် လီနိုက “သူတို့ချန်ပီယံဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့လုပ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်အသင်းနဲ့ပွဲမှာ လူစားဝင်လာပြီး အာဆင်နယ်အသင်းအတွက် အဖိုးတန် အနိုင် ၃ မှတ်ရရှိစေတဲ့ဂိုးကို သွင်းယူပေးခဲ့တဲ့ နယ်လ်ဆန်နဲ့ စာချုပ်အတွက် သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုဆွေးနွေးဖို့ အာဆင်နယ်အသင်းက တံခါးဖွင့်ထားလိုက်ကြောင်း သိရှိရပါတယ်။ ယခုအသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ နယ်လ်ဆန်ဟာ အာဆင်နယ်အသင်းကို အသက် ၈ နှစ်သားထဲက ရောက်ရှိလာခဲ့တဲ့ အာဆင်နယ်ဟေးအန့် အကယ်ဒမီထွက်ကစားသမားဖြစ်ပါတယ်။ အသက် ၁၇ နှစ်သားအရွယ်မှာတော့ အာဆင်နယ်အသင်းကြီးဆီရောက်ရှိလာခဲ့ပြီး ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လက်ရှိ အာဆင်နယ်အသင်းမှာ တပတ်လုပ်ခလစာ ပေါင် တစ်သောင်းခွဲသာ ရရှိနေပြီး ဇွန်လ၊ ၃၀ ရက်၊ ၂၀၂၃ မှာ စာချုပ်သက်တမ်းကုန်ဆုံးမည့် နယ်လ်ဆန်ရဲ့ စာချုပ်သက်တမ်းဟာ တနှစ်အောက်သာ ကျန်ရှိတော့တဲ့အတွက် ပရီးမီးယားလိဂ် ပြင်ပမှ အသင်းများအနေနဲ့ ယခုချိန်ကစပြီး အကြိုသဘောတူညီမှုနဲ့ ခေါ်ယူနိုင်နေပြီဖြစ်ပါတယ်။

ရီးစ် နယ်လ်ဆန်က “ကျွန်တော့်ကို ခေါ်ယူချင်တဲ့ အင်္ဂလန်ပြင်ပလိဂ်တွေက အသင်းတွေဆီကနေ ကမ်းလှမ်းမှုတွေ ရရှိထားခဲ့ပေမယ့် ကျွန်တော် လက်မခံထားပါဘူး။ အာဆင်နယ်အသင်းနဲ့သာ သက်တမ်းတိုး စာချုပ်သစ်ကိစ္စ အဆင်ပြေခဲ့ရင် ကျွန်တော် ၈ နှစ်သားထဲက ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းမှာသာ ဆက်လက်နေချင်တယ်” လို့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ ဆန္ဒကို ပြောဆိုခဲ့ဖူးပါတယ်။
အာတီတာအနေနဲ့ နယ်လ်ဆန်ရဲ့ အရည်အချင်းကို သိမြင်သဘောကျပြီး အာဆင်နယ်အသင်းမှာ ဆက်ရှိနေချင်လို့ စာချုပ်သစ်ချုပ်ဆိုချင်ပေမယ့် မကြာခဏ ဒဏ်ရာရသွားတတ်တဲ့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ပြီး ယခုလို စာချုပ်ကုန်ဆုံးမယ့်အချိန်ထိ မချုပ်ဆိုဖြစ်ခဲ့ခြင်းဖြစ်နေတာပါ။ ယခုရာသီအစောပိုင်း နော်တမ်ဖောရက်စ်အသင်းနဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၂၇ မိနစ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဆာကာအစား နယ်လ်ဆန်ဟာ လူစားဝင်ကစားခဲ့ပြီး အာဆင်နယ်အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယ်လ်ဆန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူဗင်တပ်စ်အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် ဒဏ်ရာပြန်ရသွားခဲ့ပြီး ယခုမှ ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်တဲ့ အတွက် ယခုတခါတော့ နယ်လ်ဆန်နဲ့ အာဆင်နယ်အသင်းတို့ စာချုပ်သစ် သက်တမ်းတိုးမှု အောင်မြင်ချောမွေ့မယ်လို့ မျှော်လင့်ရပါတယ်။

-အာဆင်နယ်အသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ ပေါင်ခြံဒဏ်ရာဟာ ပြင်းထန်တဲ့ဒဏ်ရာမဟုတ်ဘူးလို့ အကောင်းမြင်နေပြီး လာမယ့် ၂ ပတ်အတွင်း ရောက်ရှိလာမယ့် နိုင်ငံတကာအားလပ်ရက်မတိုင်ခင် ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ထရော့ဆာ့ဒ်ဟာ ထောင့်ကန်ဘောအပြီးမှာ ဘောလုံးနောက်ပြန်လိုက်ချိန်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပေမယ့်လည်း ဒဏ်ရာကို ကနဦး အကဲဖြတ်မှုတွေက အပေါင်းလက္ခဏာဖြစ်ခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ ယနေ့မှာ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပြီး စနေနေ့ညမှာ ဒဏ်ရာအခြေအနေ ပိုမဆိုးသွားအောင် ကာကွယ်တဲ့အနေနဲ့ လူစားလဲလှယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကြာသပတေးနေ့မှာ စပို့တင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ် ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကိုတော့ ထရော့ဆာ့ဒ် လွဲချော်ဖို့များပေမယ့် လာမယ့် ၂ ပတ်အတွင်း ပြန်ကစားပေးနိုင်မယ်လို့ ဂန်းနားတွေက မျှော်လင့်နေတာဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet

ZAWGYI:

အာဆင္နယ္အသင္းနဲ႔ပြဲမွာ ဘုန္းေမာက္အသင္းဟာ ကံဆိုးခဲ့တယ္လို႔ ေျပာခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္

မန္ယူႏိုက္တက္အသင္းကို ၇ ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့သည့္ ပြဲစဥ္အၿပီး လီဗာပူးလ္နည္းျပ ကေလာ့ပ္က အာတီတာ၏ အာဆင္နယ္အသင္းသည္ ဘုန္းေမာက္အသင္းကို အိမ္ကြင္း အမ္းမရိတ္စ္မွာ အႏိုင္ရရွိခဲ့ျခင္းက အင္မတန္ ကံေကာင္းခဲ့ေၾကာင္း လီဗာပူးလ္အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။ ဘုန္းေမာက္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာရွိတဲ့ အာဆင္နယ္အသင္းကို ဦးေဆာင္ဂိုး ၂ ဂိုးသြင္းၿပီး အခက္ေတြ႕ေစခဲ့ၿပီး အာဆင္နယ္အသင္းက ေနာက္ဆုံး စကၠန႔္ထိ ဇြဲမေလ်ာ့ပဲ အေကာင္းဆုံးတိုက္ပြဲဝင္ခဲ့လို႔သာ ပြဲၿပီးခ်ိန္မွာ အႏိုင္ရရွိခဲ့ျခင္းျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ လာမယ့္ စေနေန႔မွာ ဘုန္းေမာက္အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းကို ၇ ဂိုးတိတိနဲ႔ အလြယ္တကူ အႏိုင္ရခဲ့ေပမယ့္ ဘုန္းေမာက္အသင္းနဲ႔ ကစားရဖို႔ေတာ့ ခက္ခဲမွာျဖစ္တယ္ဆိုတာ သိတဲ့ လီဗာပူးလ္နည္းျပ ကေလာ့ပ္က ” အခု ကြၽန္ေတာ္တို႔ ဘုန္းေမာက္အသင္းနဲ႔ပြဲအတြက္ ျပင္ဆင္ဖို႔အတြက္ ၅ ရက္အခ်ိန္ရပါတယ္။ သူတို႔ဟာ အရမ္းေကာင္းခဲ့ၿပီး စေနေန႔ညက အာဆင္နယ္နဲ႔ပြဲမွာ ကံမေကာင္းခဲ့လို႔ တစ္မွတ္မွ မရခဲ့တာ။ ကြၽန္ေတာ္တို႔ အသင္းအေနနဲ႔ ဘုန္းေမာက္အသင္းနဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ ကစားဖို႔ အေသအခ်ာျပဳလုပ္ထားရမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္

ဇင္ခ်န္ကိုကို ခ်ီးက်ဴးလိုက္ၿပီး ပြဲထြက္ခြင့္အတြက္ ႀကိဳးစားတိုက္ပြဲဝင္ဖို႔ တီယာနီကို အားေပးလိုက္တဲ့ ဆီဗက္စ္စတား
အာဆင္နယ္နဲ႔ မန္ယူႏိုက္တက္ ကစားသမားေဟာင္းျဖစ္တဲ့ ေဆးလ္ဗက္စ္စတားက မန္စီးတီးၾကယ္ပြင့္ေဟာင္း ဇင္ခ်န္ကိုကို ခ်ီးက်ဴးခဲ့ၿပီး ယခုရာသီမွာ ပြဲထြက္ခြင့္မရသေလာက္ျဖစ္ေနသည့္ အာဆင္နယ္ဘယ္ေနာက္ခံကစားသမား တီယာနီအေနနဲ႔ စိတ္ရွည္ဖို႔ လိုအပ္ၿပီး ေလ့က်င့္ေရးကြင္းမွာ ႀကိဳးစားၿပီး ပြဲထြက္ခြင့္အတြက္ထိုက္တန္ေၾကာင္း သက္ေသျပမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘက္တင္းအိတ္ခ္စ္ပတ္ေဒါ့ကြန္းနဲ႔ အင္တာဗ်ဴးမွာ ေဆးလ္ဗက္စ္စတားက “ဇင္ခ်န္ကိုဟာ အထူးစပါယ္ရွယ္ေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ပါ။ အၿမဲတမ္းေကာင္းသထက္ေကာင္းေအာင္ႀကိဳးစားေနတဲ့ မန္စီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္ခ်ိန္ပီယံျဖစ္ဖူးတဲ့ ကစားသမားတစ္ေယာက္နဲ႔ တီယာနီက ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တီယာနီအေနဲ႔ စိတ္ရွည္ရမယ္။ ဒါက ဒီအတိုင္း အသင္းကေန ထြက္သြားဖို႔နဲ႔ ဒီတိုင္းေစာင့္ေနဖို႔ကို ဆိုလိုတာ မဟုတ္ပါဘူး။ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ အခ်ိန္တိုင္း အေကာင္းဆုံးေလ့က်င့္ေနၿပီး ပြဲထြက္ကစားဖို႔ ထိုက္တန္တယ္ဆိုတာ သက္ေသျပရမွာပါ။ ဒါေပမယ့္ ဟုတ္ပါတယ္။ အမွန္တရားကိုေျပာရရင္ ဇင္ခ်န္ကိုကို ပြဲထြက္ကစားမယ့္အသင္း လူစာရင္းကေန ထုတ္ဖို႔က ခက္ခဲ့လွပါတယ္။ ေတာ္ေတာ္ကို မျဖစ္ႏိုင္သေလာက္ပါ” လို႔ ေျပာခဲ့ပါတယ္။

တီယာနီဟာ ယခုရာသီမွာ ယူ႐ိုပါလိဂ္ ပြဲစဥ္မ်ားသာ ပြဲထြက္ကစားခဲ့ရၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာပြဲထြက္ခြင့္မရပဲ ေနာက္ဆုံးလိဂ္ပြဲစဥ္ (၈)ပြဲတြင္ ကိုးမိနစ္မွ်သာ ပါဝင္ကစားထားရလို႔ စိတ္ပ်က္ေနၿပီး ပုံမွန္ပြဲထြက္ခြင့္ရသည့္အသင္းကို ေျပာင္းေ႐ႊ႕လိုသည္ဟု သတင္းမ်ား ထြက္ရွိေနပါတယ္။ ဒီစေကာ့တလန္ ဘယ္ေနာက္ခံကစားသမား ကစားသည့္ေနရာမွာ ဇင္ခ်န္ကိုက ပြဲထြက္ခြင့္ရရွိေနတာျဖစ္ပါတယ္။

နယူးကာဆယ္လ္ယူႏိုက္တက္က တီယာနီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး သူ႔ရဲ႕အသင္းေဟာင္း ဆဲလ္တစ္အသင္းကလည္း သူတို႔ရဲ႕ ကစားသမားေဟာင္းကို ေပါင္ ၂၅ သန္းနဲ႔ ျပန္လည္ ေခၚယူခ်င္ေနတယ္လို႔သတင္းမ်ားက ဆိုထားပါတယ္။ တီယာနီအေနနဲ႔ ဆီဗက္စ္စတားေျပာသလို ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ဆက္လက္ႀကိဳးစား ေလ့က်င့္တိုက္ပြဲဝင္သြားမလား၊ စိတ္ေလ်ာ့ၿပီး လာမယ့္ရာသီမွာ အသင္းေျပာင္းေ႐ႊ႕သြားမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါေတာ့တယ္။

-အက္ဖ္ေအဟာ စေနေန႔က ရိစ္ နယ္လ္ဆန္ရဲ႕ ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ေနာက္က်အႏိုင္ဂိုးအၿပီးမွာ အာဆင္နယ္ရဲ႕ ေအာင္ပြဲခံမႈကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ဂန္းနားေတြဟာ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ၉၇ မိနစ္မွာ သြင္းယူခဲ့တဲ့ နယ္လ္ဆန္ရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ အမ္းမရိတ္စ္မွာ အဖိုးတန္ အႏိုင္ ၃ မွတ္ကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးအၿပီး အာဆင္နယ္အရန္ခုံတန္းက လူေတြအားလုံး ကြင္းထဲဝင္ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။ ကြင္းလယ္ဒိုင္ ခရစၥ ကက္ဗာနာက ဒီေအာင္ပြဲခံမႈကို အက္ဖ္ေအဆီ သတင္းပို႔ခဲ့တယ္လို႔ နားလည္ရၿပီး တာဝန္ရွိသူေတြက လက္ရွိမွာ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ယူဆရေပမယ့္လည္း အာဆင္နယ္အေနနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံရမလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ မာေဆးဆိုဒ္ဒါဘီပြဲစဥ္မွာ အိုရီဂီရဲ႕ေနာက္က်အႏိုင္ဂိုးအတြက္ ကြင္းထဲဝင္ေအာင္ပြဲခံခဲ့တဲ့အတြက္ ေပါင္ ၈၀၀၀ ဒဏ္ေၾကးေဆာင္ခဲ့ရတာျဖစ္ပါတယ္။

ဖူဟမ္လ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ဂိုးသမားေဟာင္း လီႏိုနဲ႔ စတန္းဒက္ စပို႔စ္တို႔ရဲ႕ အင္တာဗ်ဴးအစီအစဥ္မွာ အာဆင္နယ္အသင္းက ထြက္ခြာလာခဲ့ရတာ နာက်င္ခဲ့ေပမယ့္ ေျမာက္လန္ဒန္အသင္းအေပၚ မုန္းတီးနာက်ည္းတဲ့ ဆိုး႐ြားတဲ့ ခံစားခ်က္ေတြ မရွိပဲ အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ လီႏိုက “ကြၽန္ေတာ့္မွာ အာဆင္နယ္အသင္းနဲ႔ပတ္သတ္တဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ ခံစားခ်က္ေတြ၊ ဆိုး႐ြားတဲ့ မေကာင္းတဲ့ စိတ္ေတြမရွိပါဘူး။ ၿပီးျပည့္စုံတဲ့ ထြက္ခြာျခင္းမ်ိဳးနဲ႔ေတာ့ ကြၽန္ေတာ္ မထြက္ခြာလာရေပမယ့္ အမ္းမရိတ္စ္ရဲ႕ ဧည့္ခံမႈကေတာ့ ေကာင္းခဲ့ပါတယ္။ ဂန္းနားဖန္ေတြကလည္း မင္း ၄ ႏွစ္တာ ကစားေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္.. မင္းအရမ္းေကာင္းခဲ့တယ္လို႔ လာေျပာၾကပါတယ္။”

“အာဆင္နယ္မွာ ကြၽန္ေတာ္ျပသႏိုင္ခဲ့တဲ့ လက္စြမ္းအတြက္ တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ ဘာအမွားမွ မလုပ္မိပဲ အရန္ခုံမွာ ထိုင္ခဲ့ရၿပီး ထြက္ခြာလာခဲ့ရတာပါ။ ဒါေပမယ့္ ကြၽန္ေတာ္က အေရွ႕တံခါးက ဝင္လာၿပီး အေရွ႕တံခါးကပဲ ျပန္ထြက္လာခဲ့သူပါ။ အခုထိ အာဆင္နယ္အသင္းနဲ႔ ကြၽန္ေတာ္အဆက္အသြယ္ရွိပါတယ္။ ကြၽန္ေတာ္ဖူဟမ္လ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္လည္း အာဆင္နယ္ကသူေတြနဲ႔ တိုင္ပင္ခဲ့ၿပီး သူတို႔က ဖူဟမ္လ္အသင္းဟာ မိသားစုဆန္တဲ့အသင္းေကာင္းတခုျဖစ္တယ္လို႔ ေျပာခဲ့ၾကပါတယ္။” လို႔ အာဆင္နယ္အသင္းကထြက္ခြာလာရတဲ့ ခံစားခ်က္နဲ႔ အသင္းနဲ႔ဆက္ဆံေရးကို ေျပာျပခဲ့ပါတယ္။ အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္မလားဆိုတဲ့ ေမးခြန္းအေပၚ လီႏိုက “သူတို႔ခ်န္ပီယံျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူတို႔လုပ္ႏိုင္မွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဘုန္းေမာက္အသင္းနဲ႔ပြဲမွာ လူစားဝင္လာၿပီး အာဆင္နယ္အသင္းအတြက္ အဖိုးတန္ အႏိုင္ ၃ မွတ္ရရွိေစတဲ့ဂိုးကို သြင္းယူေပးခဲ့တဲ့ နယ္လ္ဆန္နဲ႔ စာခ်ဳပ္အတြက္ သက္တမ္းတိုး စာခ်ဳပ္သစ္ခ်ဳပ္ဆိုေဆြးေႏြးဖို႔ အာဆင္နယ္အသင္းက တံခါးဖြင့္ထားလိုက္ေၾကာင္း သိရွိရပါတယ္။ ယခုအသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ နယ္လ္ဆန္ဟာ အာဆင္နယ္အသင္းကို အသက္ ၈ ႏွစ္သားထဲက ေရာက္ရွိလာခဲ့တဲ့ အာဆင္နယ္ေဟးအန႔္ အကယ္ဒမီထြက္ကစားသမားျဖစ္ပါတယ္။ အသက္ ၁၇ ႏွစ္သားအ႐ြယ္မွာေတာ့ အာဆင္နယ္အသင္းႀကီးဆီေရာက္ရွိလာခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ လက္ရွိ အာဆင္နယ္အသင္းမွာ တပတ္လုပ္ခလစာ ေပါင္ တစ္ေသာင္းခြဲသာ ရရွိေနၿပီး ဇြန္လ၊ ၃၀ ရက္၊ ၂၀၂၃ မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမည့္ နယ္လ္ဆန္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ တႏွစ္ေအာက္သာ က်န္ရွိေတာ့တဲ့အတြက္ ပရီးမီးယားလိဂ္ ျပင္ပမွ အသင္းမ်ားအေနနဲ႔ ယခုခ်ိန္ကစၿပီး အႀကိဳသေဘာတူညီမႈနဲ႔ ေခၚယူႏိုင္ေနၿပီျဖစ္ပါတယ္။

ရီးစ္ နယ္လ္ဆန္က “ကြၽန္ေတာ့္ကို ေခၚယူခ်င္တဲ့ အဂၤလန္ျပင္ပလိဂ္ေတြက အသင္းေတြဆီကေန ကမ္းလွမ္းမႈေတြ ရရွိထားခဲ့ေပမယ့္ ကြၽန္ေတာ္ လက္မခံထားပါဘူး။ အာဆင္နယ္အသင္းနဲ႔သာ သက္တမ္းတိုး စာခ်ဳပ္သစ္ကိစၥ အဆင္ေျပခဲ့ရင္ ကြၽန္ေတာ္ ၈ ႏွစ္သားထဲက ေရာက္ရွိေနတဲ့ အာဆင္နယ္အသင္းမွာသာ ဆက္လက္ေနခ်င္တယ္” လို႔ အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕ ဆႏၵကို ေျပာဆိုခဲ့ဖူးပါတယ္။ အာတီတာအေနနဲ႔ နယ္လ္ဆန္ရဲ႕ အရည္အခ်င္းကို သိျမင္သေဘာက်ၿပီး အာဆင္နယ္အသင္းမွာ ဆက္ရွိေနခ်င္လို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္ေပမယ့္ မၾကာခဏ ဒဏ္ရာရသြားတတ္တဲ့အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပျဖစ္ၿပီး ယခုလို စာခ်ဳပ္ကုန္ဆုံးမယ့္အခ်ိန္ထိ မခ်ဳပ္ဆိုျဖစ္ခဲ့ျခင္းျဖစ္ေနတာပါ။ ယခုရာသီအေစာပိုင္း ေနာ္တမ္ေဖာရက္စ္အသင္းနဲ႔ ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၂၇ မိနစ္မွာ ဒဏ္ရာရသြားခဲ့တဲ့ ဆာကာအစား နယ္လ္ ဆန္ဟာ လူစားဝင္ကစားခဲ့ၿပီး အာဆင္နယ္အသင္းအတြက္ ၂ ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ နယ္လ္ဆန္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ယူဗင္တပ္စ္အသင္းႏွင့္ ခ်စ္ၾကည္ေရး ေျခစမ္းပြဲတြင္ ဒဏ္ရာျပန္ရသြားခဲ့ၿပီး ယခုမွ ျပန္လည္ေကာင္းမြန္လာခဲ့ျခင္းျဖစ္တဲ့ အတြက္ ယခုတခါေတာ့ နယ္လ္ဆန္နဲ႔ အာဆင္နယ္အသင္းတို႔ စာခ်ဳပ္သစ္ သက္တမ္းတိုးမႈ ေအာင္ျမင္ေခ်ာေမြ႕မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

-အာဆင္နယ္အသင္းဟာ ဘုန္းေမာက္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ထေရာ့ဆာ့ဒ္ရဲ႕ ေပါင္ၿခံဒဏ္ရာဟာ ျပင္းထန္တဲ့ဒဏ္ရာမဟုတ္ဘူးလို႔ အေကာင္းျမင္ေနၿပီး လာမယ့္ ၂ ပတ္အတြင္း ေရာက္ရွိလာမယ့္ ႏိုင္ငံတကာအားလပ္ရက္မတိုင္ခင္ ျပန္လည္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ထေရာ့ဆာ့ဒ္ဟာ ေထာင့္ကန္ေဘာအၿပီးမွာ ေဘာလုံးေနာက္ျပန္လိုက္ခ်ိန္မွာ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ေပမယ့္လည္း ဒဏ္ရာကို ကနဦး အကဲျဖတ္မႈေတြက အေပါင္းလကၡဏာျဖစ္ခဲ့တာျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ဟာ ယေန႔မွာ ေနာက္ထပ္ စစ္ေဆးမႈေတြ ျပဳလုပ္သြားဖို႔ စီစဥ္ထားၿပီး စေနေန႔ညမွာ ဒဏ္ရာအေျခအေန ပိုမဆိုးသြားေအာင္ ကာကြယ္တဲ့အေနနဲ႔ လူစားလဲလွယ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၾကာသပေတးေန႔မွာ စပို႔တင္းနဲ႔ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္ပထမအေက်ာ့ပြဲစဥ္အျဖစ္ ကစားသြားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္ကိုေတာ့ ထေရာ့ဆာ့ဒ္ လြဲေခ်ာ္ဖို႔မ်ားေပမယ့္ လာမယ့္ ၂ ပတ္အတြင္း ျပန္ကစားေပးႏိုင္မယ္လို႔ ဂန္းနားေတြက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

Arsenal Myanmar
Ref: Internet