ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးအပေါ် ကြီးမားတဲ့ အားသာချက်ရှိနေတဲ့ အာဆင်နယ် coyg

ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးအပေါ် ကြီးမားတဲ့ အားသာချက်ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ မရှုံးနိမ့်နိုင်သောအသင်းမှာ ပါဝင်ခဲ့တဲ့ လော်ရန်က ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ဆုဖလား ပြိုင်ပွဲမှာ မန်ချက်စတာစီးတီးအပေါ် ကြီးမားတဲ့ အားသာချက်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်မှု အနည်းငယ် လျော့ကျခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ မာဆေးဆိုဒ်မှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်က ပင်နယ်တီလွဲချော်ပြီး ရွှေရောင်အခွင့်အရေး ၃ ခုကို ဖြုန်းတီးခဲ့ပြီးနောက် သရေ ၁ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေမှုဟာ ၆ မှတ်အထိ လျော့ကျခဲ့ပြီး မန်ချက်စတာစီးတီးက အစ်တီဟတ်မှာ ယခုလနှောင်းပိုင်း ဂန်းနားတွေနဲ့ မတွေ့ဆုံမီမှာ ၁ ပွဲလျော့နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အပေါ် ဖိအားတွေ တိုးမြင့်လာပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းဟာ ရာသီကုန်တဲ့အထိ တစ်ပတ်ကို တစ်ပွဲသာ ကစားဖို့ရှိနေပြီး ပရီးမိးယားလိဂ်အပေါ်မှာ အပြည့်အဝ အာရုံစိုက်နိုင်ချိန်မှာ မန်စီးတီးကတော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံရမယ့်ပွဲအတွက် အာရုံစိုက်နေရပြီဖြစ်ပါတယ်။

လော်ရန်က ဂန်းနားတွေရဲ့ ဆုဖလားပြိုင်ပွဲအပေါ်မှာ အဓိက အာရုံစိုက်နိုင်တဲ့ အခြေအနေက ရာသီကုန်မှာ အရေးပါလာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“အဲဒါက အာရုံထွေပြားမှုထက်ကို ပိုပါတယ်။ ခင်ဗျား ချန်ပီယံလိဂ်မှာ ကစားနေရတဲ့အခါမှာ အဲဒါက ပကတိအမှန်တရားပါ။ မန်စီးတီးမှာ ပါဝင်ပတ်သက်နေတဲ့ လူတိုင်းအတွက် ချန်ပီယံလိဂ်ဖလား ရအောင်လုပ်ဖို့ ကြီးမားတဲ့ ဖိအားရှိနေပါတယ်။ သူတို့တွေ ဂွါဒီယိုလာလက်ထက်မှာ အဲဒါကို ရရှိအောင် မလုပ်ခဲ့ဘူး။ အဲဒီတော့ ဒီလိုပွဲစဉ်တွေမှာ သူတို့တွေ အားအကောင်းဆုံးအသင်းကို ထုတ်သွားမှာဖြစ်ပြီး သူတို့တွေ အင်အားအပြည့်နဲ့ သူတို့ရဲ့ ဥရောပပွဲစဉ်တွေကို ဖြတ်သန်းဖို့ အရာအားလုံး လိုအပ်လာပါလိမ့်မယ်”

“ဒီအားထုတ်မှုတွေ အားလုံးက အာဆင်နယ်အတွက် အကျိုးအမြတ် ဖြစ်လာစေမှာ ဖြစ်ပါတယ်။ အာဆင်နယ်သာ လိဂ်ဖလားရသွားရင် စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရတာက ဆိုးရွားတဲ့ အခင်းအကျင်းဖြစ်မှာမဟုတ်တော့ဘူးလို့လည်း ကျွန်တော် ထင်တယ်။ အာဆင်နယ်က ငယ်ရွယ်ပြီး အင်္ငအားအပြည့်နဲ့ ၃ ရက်တိုင်း၊ ၄ ရက်တိုင်း ကစားနေကျမဟုတ်တဲ့ တော်တော်လေး သေးငယ်တဲ့လူစာရင်းရှိတယ်။ ဒီလူစာရင်းနဲ့ဆိုရင် ပြိုင်ပွဲ ၂ ခုစလုံးမှာ ကစားသွားနိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ အဲဒီတော့ မန်စီးတီးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှိနေသေးတာက အာဆင်နယ်အတွက် အကျိုးအမြတ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ချက်စတာစီးတီးကလည်း တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လက်စတာစီးတီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet