အားကျအတုယူခဲ့ရတဲ့ ပရီးမီးယားလိဂ်ဂန္တဝင်ဂိုးသမားကို ပြောပြလိုက်တဲ့ ရမ်းစ်ဒေးလ် coyg

အားကျအတုယူခဲ့ရတဲ့ ပရီးမီးယားလိဂ်ဂန္တဝင်ဂိုးသမားကို ပြောပြလိုက်တဲ့ ရမ်းစ်ဒေးလ်

အာရွန် ရမ်းစ်ဒေးလ်က ကြီးပြင်းလာချိန်မှာ အတုယူအားကျခဲ့ရတဲ့ ဂိုးသမားကို ထုတ်ဖော်ပြောကြားခဲ့ပြီး အာဆင်နယ်ဂိုးသမားမဟုတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အာဆင်နယ်ကြယ်ပွင့်ဟာ လူငယ်ဂိုးသမားအဖြစ် ဘော်လ်တန်မှာ ရှိနေခဲ့တဲ့ကာလအတွင်း ဘော်လ်တန်ဂန္တဝင် ယူဆီ ယာစကယ်လိုင်နင်ဆီကနေ ပညာယူခဲ့တာ ဖြစ်ပါတယ်။ ဖင်လန်လက်ရွေးစင်ဂိုးသမားဟောင်းဟာ ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ ဂန္တဝင်ဂိုးသမားဖြစ်ပြီး ဘော်လ်တန်အသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ပါဝင်ကစားပေးခဲ့ပြီးနောက် ဝက်စ်ဟမ်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်က ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီးဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ဂိုးသမားဟာ စံနယူနာအယူခဲ့ရဆုံးဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

“ယူဆီက ကျွန်တော့်ကစားသမားဘဝ အစောပိုင်းမှာ အားကျအတုယူခဲ့ရသူပါ။ ကျွန်တော့်လက်နဲ့ ခြေထောက်နေရာယူတဲ့ ပုံစံက ယူဆီနဲ့ အရမ်း တူပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား လေးစားအားကျရတဲ့လူတွေလုပ်တာကို မြင်တဲ့အခါကျရင် အဲဒါက တသက်လုံး စွဲသွားတာမို့လို့ပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အသင်းက အန်းဖီးမှာ ရမှတ် ၂ မှတ်အထိ လျော့ကျခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဖလားပြိုင်ပွဲမှာ ဦးဆောင်သူနေရာကနေ ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ချက်ရှိနေဆဲဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ အန်းဖီးမှာ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပွဲပြီးဆုံးခါနီး အပိုင်ဂိုးသွင်းခွင့်တွေကို ကာကွယ်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး သရေ ၁ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet