ရမ်းစ်ဒေးလ်ကာကွယ်မှု၊ ချာကာရဲ့ရန်ပွဲနဲ့ လီဗာပူးလ်ကို ဦးဆောင်မှုဆုံးရှုံးခဲ့ရမှုအပါအဝင် အာတီတာပြောခဲ့သမျှ coyg

ရမ်းစ်ဒေးလ်ကာကွယ်မှု၊ ချာကာရဲ့ရန်ပွဲနဲ့ လီဗာပူးလ်ကို ဦးဆောင်မှုဆုံးရှုံးခဲ့ရမှုအပါအဝင် အာတီတာပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ညနေက အန်းဖီးမှာ လီဗာပူးလ်အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ သတင်းထောက်တွေ မေးမြန်းခဲ့သမျှ ဖြေကြားပေးခဲ့ပါတယ်။

မေး- ခင်ဗျားရဲ့ စိတ်ခံစားချက်က ဘယ်လိုလဲ။

ဖြေ- အရမ်းပြင်းထန်တဲ့ပွဲပါ။ ကျွန်တော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ လွှမ်းမိုးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ရှိချင်ခဲ့တဲ့ နေရာကို ယူဆောင်နိုင်ခဲ့တယ်။ ပထမဆုံး ဂိုးသွင်းပြီး ပွဲကို ကျွန်တော်တို့ လိုချင်တဲ့နေရာကို ယူဆောင်နိင်ခဲ့တယ်။ ဒုတိယဂိုးကို သွင်းယူခဲ့ပြီး အဲဒါက ပွဲကို ဖြတ်ပစ်ရမယ့် အခိုက်အတန့်ဖြစ်ခဲ့တယ်။ ပထမပိုင်း မပြီးခင်မှာ ကျွန်တော်တို့ သူတို့ကို မျှော်လင့်ချက် ပေးခဲ့တယ်။ ကျွန်တော်တို့ ဂိုးခွင့်ပြုခဲ့ရပြီး သူတို့တွေ ဒီလို ထူးခြားတဲ့ ပတ်ဝန်းကျင်နဲ့ ကွင်းထဲမှာ ယုံကြည်မှုတွေ တိုးပွားလာခဲ့တယ်။ ဒုတိယပိုင်းက အရမ်းကို ကွဲပြားခြားနားတဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့ စတင်ခဲ့တဲ့ပုံစံကြောင့်မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မိနစ်အနည်းငယ်ကို ကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်လို့ပါ။ ဒါပေမယ့် ပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဆက်ပြီး မကစားနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဘောလုံးတွေ ပေးပစ်ခဲ့ပြီး အထူးသဖြင့် အန္တရာယ်ရှိတဲ့ ဧရိယာတွေထဲမှာပါ။ အန္တရာယ်ရှိတဲ့ ရလဒ်တွေကို ခွင့်ပြုခဲ့ပြီး ကမ္ဘာပေါ်က အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဒီလို လုပ်တာက ကြီးမားတဲ့ အကူးအပြောင်းကို ခွင့်ပြုပေးတာပါ။ အဲဒါဖြစ်လာချိန်မှာ ဝရုန်းသုန်းကားဖြစ်ခဲ့ပြီး ခင်ဗျားရဲ့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးတွေ အများကြီးရောက်လာတယ်။ အဲဒီလို အခြေအနေကနေ ရုန်းထွက်ဖို့က ခက်ခဲတယ်။ ပြီးတဲ့နောက်မှာ ခင်ဗျား ခံစားရမှာပါ။

ကျွန်တော်တို့ အာရွန် ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တဲ့ ကြီးမားတဲ့ ခံစစ်အခိုက်အတန့်အပေါ်မှာ မှီခိုခဲ့ပြီး သူတို့တွေ ပင်နယ်တီ လွဲချော်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ပွဲကို အသာစီး ယူခဲ့ရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူတို့တွေ စုပြုံနေခဲ့တဲ့အချိန်မှာ ဒါမှမဟုတ် ၂ ယောက် ၂ ယောက်ဖြစ်နေတဲ့အချိန်မှာ တန်ပြန်တိုက်စစ်ကနေ ကြီးမားတဲ့ အခွင့်အရေး ၃ ကြိမ် ရခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပွဲစဉ်ထဲကို အညှာအတာကင်းမဲ့မှုယူဆောင်ဖို့ ကြိုးပမ်းမှုက လွဲချော်ခဲ့တယ်။ ပွဲကစားချိန် ၂ ပိုင်းစလုံးကို ကြည့်ရင် မျှတတဲ့ရလဒ်ပါ။ ခင်ဗျား အဲဒါကို လက်ခံရမှာပါ။ ကြီးမားတဲ့သင်ခန်းစာကတော့ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားခဲ့တဲ့အတိုင်း ကစားဖို့ ဖြစ်နိုင်ပါတယ်။

မေး- ချာကာနဲ့ အာနိုးတို့ ပြဿနာဖြစ်ပြီးနောက် ကွင်းထဲက စိတ်ခံစားမှုက ပြောင်းလဲသွားခဲ့ပုံပေါ်ခဲ့တယ်။ ခင်ဗျားရော အဲဒီလို မြင်လား။

ဖြေ- အဲဒီလို ဖြစ်ခဲ့လားဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ အဲဒီဖြစ်စဉ်အပြီးမှာ ကြီးမားတဲ့ အခွင့်အရေးရခဲ့တယ်။ ကျွန်တော်တို့ ၃-၀ လောက်သာ သွင်းထားနိုင်ရင် ပရိသတ်တွေလည်း အရမ်း စိတ်လှုပ်ရှားတော့မှာမဟုတ်လောက်ပါဘူး။ အဲဒီကိစ္စအပြီးမှာ သူတို့တွေ ဂိုးသွင်းခဲ့ပြီး ပွဲအရှိန်အဟုန်နဲ့ မျှော်လင့်ချက်ကို ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုပြီး ကစားနိုင်ခဲ့ရဦးမှာပါ။ ဒါက သင်ခန်းစာပဲ။ ကျွန်တော်တို့ ပထမပိုင်းတုန်းက လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်ရမှာပါ။ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကစားရမှာဖြစ်ပြီး ဒါက ကျွန်တော်တို့ ဆက်ကစားရမယ့် ပုံစံပါ။

မေး- ရမှတ် ၂ မှတ်လျော့ကျခဲ့တဲ့ ဒါမှမဟုတ် သရေ ၁ မှတ်ကြောင့် အဝတ်လဲခန်းထဲက အငွေ့အသက်က ဘယ်လိုနေလဲ။

ဖြေ= ခင်ဗျား အဆုံးမှာ ဂိုးပေးလိုက်ရတဲ့အချိန်မှာ အဲဒါက အမြဲတမ်း ၂ မှတ် လျော့ကျမှာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား အဲဒါကိုလက်ခံလိုက်ပြီး အချိန်အချို့မှာ ခံစားနေရလို့ပါ။ ခံစားချက်က အာ ငါတို့တွေ လုပ်ခဲ့သင့်တာဆိုတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကိုယ်ကို အမှန်အတိုင်း ပြောရရင် သူတို့တွေ ကြီးမားတဲ့အခွင့်အရေး ၄ ကြိမ်ရခဲ့ပြီး ပင်နယ်တီရခဲ့တယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာ မှန်ထဲပြန်ကြည့်ပြီး ငါတို့တွေ ဒုတိယပိုင်းမှာ ပိုကောင်းအောင်လုပ်ခဲ့သင့်တာလို့ ပြောရမှာပါ။

မေး- ဒီရာသီမှာ ရမ်းစ်ဒေးလ်က ဘယ်လောက် အရေးပါခဲ့လဲ။

ဖြေ- ခင်ဗျားအနိုင်ရချင်ပြီး ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေချင်တယ်ဆိုရင် ခင်ဗျားရဲ့ ဂိုးသမားကို လိုအပ်မှာပါ။ လီဗာပူးလ်အသင်းအတွက် သူလုပ်ရမယ့်ဟာကို အယ်လစ်ဆန် ဘယ်နှကြိမ်လောက်အထိ လုပ်ခဲ့လဲဆိုတာ ကြည့်လိုက်ပါ။ ဂိုးသမားဆီကနေ ဒီလိုမျိုး မှော်ဆန်တဲ့ အခိုက်အတန့်တွေ၊ တိုက်စစ်ကစားသမားတွေဆီကနေလည်း ထူးခြားတဲ့ အခိုက်အတန့်အချို့ လိုအပ်ပါတယ်။ ဒီလိုမျိုး နေရာမှာ အနိင်ရဖို့က ခင်ဗျား အဲဒါကို လိုအပ်မှာပါ။

မေး- ၂ ဂိုးနဲ့ ဦးဆောင်နေမှုကို ဆုံးရှုံးခဲ့ရတဲ့အပေါ် တုံ့ပြန်ဖို့က အခု စမ်းသပ်မှု ဖြစ်နေပြီလား။

ဖြေ- ကျွန်တော်တို့ အခုဆိုရင် ၃၀ ပွဲဆက်တိုက် တုံ့ပြန်ခဲ့တာပါ။ နေ့တိုင်းက စမ်းသပ်မှုပါပဲ။ အခု စမ်းသပ်မှုက ကျွန်တော်တို့ တနင်္လာနေ့မှာ ဘယ်လောက်ကောင်းကောင်း သွားနိုင်မလဲဆိုတာနဲ့ ဘယ်လို ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မလဲ၊ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်းကစားပြီး ဝက်စ်ဟမ်းကို အနိုင်ယူနိုင်ဖို့ပါ။

Arsenal Myanmar
Ref: Internet