လီဗာပူးလ်နဲ့အာဆင်နယ်တို့ပွဲမတိုင်ခင် ဆုဖလား ဟောကိန်းထုတ်လိုက်တဲ့ ဆိုးလ် ကမ်းဘဲလ်
ဆိုးလ် ကမ်းဘဲလ်က တနင်္ဂနွေနေ့ အန်းဖီးက အောင်ပွဲဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ရရှိစေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားတွေဟာ ဖေဖော်ဝါရီလက မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့မှုကနေ ပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်ပြီး အထင်ကြီးဖွယ် ၇ ပွဲဆက် နိုင်ပွဲနဲ့အတူ လက်ရှိ ချန်ပီယံတွေကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ယနေ့မှာ ကြမ်းကပ် ဆောက်သမ်တန်အသင်းကို အနိုင်ယူပြီး ၅ မှတ်အကွာကို တက်လှမ်းနိုင်တဲ့ အခွင့်အရေးရှိနေတာဖြစ်ပြီး အန်းဖီးက ခက်ခဲတဲ့ စမ်းသပ်မှုမတိုင်ခင် အာတီတာရဲ့အသင်းကို ဖိအားပေးနိုင်မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အာတိတာက အာစင်ဝင်းဂါးရဲ့ ကွင်းလယ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တဲ့အချိန်ကတည်းက မာဆေးဆိုဒ်မှာ နိုင်ပွဲ မရရှိခဲ့တာဖြစ်ပေမယ့်လည်း ပျော်ရွှင်စရာမကောင်းတဲ့ နေရာကို ယုံကြည်ချက်အပြည့်နဲ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆိုးလ် ကမ်းဘဲလ်က အရင်တုန်းက အာဆင်နယ်ရဲ့ ဆုဖလားအနိုင်ရခဲ့တဲ့ရာသီအတွင်း ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတို့မှာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ရှုံးနိမ့်ခဲ့ပြီး ယုံကြည်မှုဟာ လှုပ်ခတ်သွားခဲ့ပြီးနောက် လီဗာပူးလ်ကို အနိင်ရရှိခဲ့တဲ့အချိန်မှာ ရာသီကို အောင်ပွဲနဲ့ အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ ပေးခဲ့တာကို ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ ခင်ဗျား ပရိသတ်တွေကြားထဲက စိတ်လှုပ်ရှားမှုကို ခံစားမိမှာပါ။ အထူးသဖြင့် အဲဒီမတိုင်ခင် သရေ ၂ ပွဲနဲ့ ရှုံးပွဲ ၂ ပွဲ ကြုံပြီးတဲ့နောက်မှာပေါ့။ ဒါပေမယ့် အဆုံးမှာတော့ ဟိုက်ဘူရီက တကယ်ကို လှုပ်ခတ်သွားခဲ့ပါတယ်။ လီဗာပူးလ်နဲ့ပွဲကို ကျွန်တော်တို့က ဒုတိယနေရာက ချဲလ်ဆီးထက် ၄ မှတ်အသာနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ကျွန်တော်တို့က ၈ ပွဲပဲ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ ဦးဆောင်သူနေရာကနေ ယုံကြည်ချက်အပြည့်နဲ့ အနိုင်ရမယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၄-၂ နဲ့ အနိုင်ရရှိပြီးနောက်မှာ ကျွန်တော်တို့ အားလုံး ဆုဖလားကို ဆုပ်ကိုင်နိုင်ခဲ့ပြီလို့ ပထမဆုံးအကြိမ် ခံစားခဲ့ရတယ်”
“၁၉ နှစ်အကြာမှာ အာတီတာရဲ့ ဂန်းနားတွေကလည်း မနက်ဖြန် လီဗာပူးလ်နဲ့ပွဲကို တူညီတဲ့ စိတ်ခံစားမှုနဲ့ တူညီတဲ့ နေ့စွဲမှာ ယှဉ်ပြိုင်ကစားသွားတော့မှာပါ။ ၁၂ လအတွင်းမှာ သူတို့ လုပ်ခဲ့တဲ့ တိုးတက်မှုက ဒီရာသီရဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ထူးချွန်တဲ့ကစားသမားတွေကို ခေါ်ယူစုဆောင်းနိုင်မှု၊ ရာသီကို ၅ ပွဲဆက် နိုင်ပွဲနဲ့ အကောင်းဆုံးစတင်နိုင်မှုတို့ကို ပေါင်းစပ်ခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲအနိုင်ရထားခဲ့တယ်။ ဂွါဒီယိုလာတောင်မှ အခုအချိန်မှာ အာဆင်နယ်ရဲ့ နေရာမှာ ရှိနေချင်တယ်လို့ ဝန်ခံခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဂန်းနားတွေရဲ့ ဆုဖလားဖြစ်နေပြီမို့လို့ပဲ။ သူတို့တွေ မနက်ဖြန် လီဗာပူးလ်ကို အနိုင်ရပြီး လာမယ့်လကုန်မှာ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ် မကိုင်မြှောက်နိုင်ခဲ့ဘူးဆိုရင်တော့ လုံးဝကို ဆိုးရွားတဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- News
- Team News