အာဆင်နယ်ကို အလှည့်အပြောင်းဖြစ်စေတဲ့ ချာကာရဲ့အပြောင်းအလဲ ၄ ခုကို ပြောပြခဲ့တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဂရာနစ် ချာကာရဲ့ ဂိုးရှေ့က ပုံစံကောင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းတွေထဲက တစ်ခုဟာ စိတ်ဓာတ်ပိုင်း အပြောင်းအလဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဟာ ဒီရာသီ ဂန်းနားတွေရဲ့ အံ့အားသင့်ဖွယ် ဆုဖလားစိန်ခေါ်မှုမှာ လွှမ်းမိုးနိုင်စွမ်းရှိခဲ့ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဂိုးသွင်းအများဆုံး ရာသီကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။
ချာကာဟာ အာတီတာရဲ့ လှည့်လည်ကစားခွင့် ပေးခြင်းခံခဲ့ရပြီးနောက် တောက်ပခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ လီဗာပူးလ်နဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်ကို နောက်ဆုံး ၅ ပွဲမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားတဲ့ ပုံစံကောင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ယခုအပတ် အရေးကြီးပွဲစဉ်မတိုင်ခင် ချာကာရဲ့ အပြောင်းအလဲအတွက် လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ရာမှာ စပိန်လူမျိုးနည်းပြက ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ ပြန်လည်သက်ဝင်လာမှုမှာ အကြောင်းအရင်းများစွာ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“အဲဒါက ရှင်းပါတယ်။ စိတ်ဓာတ်ပိုင်းပါ။ လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ခံစားချက်။ သင့်တော်တဲ့အခိုက်အတန့်မှာ သူ ဘယ်နားမှာ နေရာယူဖို့ လိုလဲဆိုတာ နားလည်တယ်။ နေ့တိုင်း လေ့ကျင့်ရေးမှာ လေ့ကျင့်နေတယ်။ သူက ကျွန်တော်တို့ အသင်းကစားပုံမှာ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ဖို့ အသင်းအတွက် မဖြစ်မနေလိုအပ်တယ်လို့ ခံစားခဲ့ရတဲ့ နေရာတွေမှာ တိုးတက်လာချင်ပြီး အထောက်အပံ့ပေးချင်စိတ်ရှိပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ချာကာရဲ့ အကောင်းဆုံးရာသီဟာ ၂၀၁၉ ခုနှစ်တုန်းက အူနိုင်း အမ်မရီ လက်ထက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့အချိန်မှာ နောက်ထပ် အသင်းနဲ့ ရှေ့မဆက်နိုင်တော့ပုံပေါ်ခဲ့တဲ့ ဆွစ်ကွင်းလယ်လူအတွက် ထူးခြားတဲ့ အလှည့်အပြောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ ချာကာက ၎င်းရဲ့ အာဆင်နယ်ကစားသမားဘဝကို ကယ်တင်ဖို့အတွက် အာတီတာက အခက်အခဲတွေကြားထဲကနေ ၎င်းကို စည်းရုံးခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်ကို အသင်းမှာ ဆက်နေအောင် လုပ်ခဲ့တဲ့လူတစ်ယောက်ရှိပြီး သူ့နာမည်က အာတီတာပါ။ ကျွန်တော် အမြဲတမ်း သူ့ကို အားပေးထောက်ခံသွားမှာပါ။ ဘာတွေပဲဖြစ်ဖြစ်ပါ။ သူမရှိဘဲနဲ့ ကျွန်တော် ဒီအသင်းမှာ ဆက်မရှိနေတော့ဖို့က ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ သူ အဲဒါကို သိတယ်။ ကျွန်တော် သူနဲ့ အရမ်းကောင်းမွန်ပြီး ပွင့်လင်းတဲ့ဆက်ဆံရေးရှိပါတယ်။ ကွင်းထဲမှာ ဘာတွေဖြစ်လဲဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော် ဘယ်တော့မှ သူ့ကို ဆန့်ကျင်တာ ဒါမှမဟုတ် သူ့ကို ဆန့်ကျင်တဲ့ တစ်စုံတရာကို ပြောဆိုတာမျိုး လုပ်မှာမဟုတ်ပါဘူး”
“သူက ကျွန်တော့်လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မိသားစုဆီကနေလည်း လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် ထွက်သွားတော့မလို့ လုပ်နေခဲ့တာ။ ဒီရှပ်ကို နောက်ထပ် မဝတ်ဆင်ချင်တော့ဘူး။ သူက ကျွန်တော့်ကို နောက်ထပ်တစ်ကြိမ် အဲဒါကို လုပ်ဖို့ ခံစားချက်ပေးခဲ့တယ်။ ကျွန်တော် ဒီရှပ်ကို နောက်ထပ်တစ်ကြိမ် လေးစားမှုတွေနဲ့ ချစ်ခြင်းတရားတွေ အများကြီးနဲ့အတူ ဝတ်ဆင်ရတာ ကိုယ့်ကိုကိုယ် အရမ်းဂုဏ်ယူမိတယ်။ ကျွန်တော်တို့ ဆုဖလားနဲ့အတူ ရာသီကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ မတ်လတုန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- News
- Players' Talk